Part - 13

2.5K 125 5
                                    

"ဝိုး .. ဒေါက်တာ အိမ်လည်းရောက်ဖူး ချင်နေတာ လိုက်ခဲ့မယ် ယေးး....."

"၁၂ လောက် နှင်းအဆင်သင့်လုပ်ထား တို့လာခေါ်မယ်"

ကျွန်မ နက်ဖြန်ဒေါက်တာ့ မေမေနှင့်တွေ့ရဖို့ ရင်ခုန်နေမိသည်။ ဒေါက်တာ့ မေမေကို တည်ငြိမ်သော ကျွန်မပုံကိုသာပြချင်ပါတယ်။ ဒါ့ကြောင့် style pant နက်ပြာလေးနဲ့ အကျီအဖြူလက်ရှည်လေးကိုသာ ဝတ်ဖို့စဉ်းစားလိုက်ပါတယ်။

မနက်မိုးလင်းတော့ စာလေးတစ်စောင် ရောက်နေသဖြင့် ဝင်ဖတ်ကြည့်မိရာ
" ရုံးမသွားရတော့ အိတ်ပုတ်လေး အိပ်နေသေးတာပေါ့ ၊ တို့ဆေးရုံသွားဖို့ပြင်နေပြီ ၊ ဂျူတီပြီးရင် ဖုန်းဆက်မယ်နော် ကလေးလေး" ကျွန်မ စာကိုဖတ်ပြီး ပါးစပ်ကြီး ပြန်စိမရလောက်အောင် ပြုံးမိသည်။ အော် ... ဒါ့ကြောင့် ပုထုဇဉ် လူသားတွေက အချစ်နဲ့ ကင်းကွာမနေနိုင်ကြတာပေါ့။ အချစ် ကျွန်မ ဘဝထဲကို စတင်ဝင်လာသည်နှင့် ကျွန်မဘဝလေး ပိုအဓိပ္ပာယ်ရှိလာတော့သည်...ကျွန်မရဲ့ မနက်ခင်းလေးက သူမရဲ့စာတစ်စောင်ထဲနဲ့တင် အဓိပ္ပာယ်အတော်ရှိသွားတာ။

ကျွန်မလည်း ပိတ်ရက်ဆို ညနေစောင်းမှ အပြင်သွားတာများပါတယ် ... နိုးနိုးချင်း အပြင်သွားဖို့ပြင်ဆင်နေတော့ အမေနဲ့ အမတွေက မေးပါရော
ဒေါက်တာက အိမ်အလည်ခေါ်တာ သွားမလို့ လို့ပြောတော့ အမေက အံ့ဩပြီး ..
" ဒေါက်တာနဲ့ သမီးနဲ့က အတော်ခင်သွားတာနော် ရေစက်ပဲ စတွေ့ကြတုန်းက သမီးတို့က အဆင်မပြေဖြစ်ထားကြတာ"

"ဟုတ်တယ် မေမေရဲ့ ဒေါက်တာက ခင်ဖို့တော့ကောင်းတယ် မေမေရ စည်းကမ်းတော့ကြီးတယ်"

"ဒီလို အပေါင်းအသင်းကောင်းတွေ ရှိနေတာကောင်းတယ် သမီး ၊ ဒေါက်တာကိုလည်း အိမ်လာလည်ဖို့ခေါ်ပါအုံး"

မေမေကတော့ မသိရှာပေ ၊ ကျွန်မနဲ့ဒေါက်တာက သာမာန်အဆင့်ထက်ကျော်လွန်ပြီး ခင်နေကြတာကိုပေါ့။

ဒီလိုနဲ့ ဒေါက်တာ့ကားလေး ကျွန်မအိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး ကျွန်မလည်း ချက်ချင်းဆိုသလို ကားပေါ်ကို ပြေးတက်သွားလိုက်ပါတယ်။

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now