" အော် မင်းက အိမ်မပိုင်တဲ့ ကလေးမလေးပဲ စိတ်ချ တို့မပြောပါဘူးကွာ ဒီအတိုင်းလမ်းကြုံလို့ လိုက်ပို့ပေးတာ ဟုတ်ပြီလား"
" ထပ်ပြီးကျေးဇူးတင်ရပြန်ပြီ ဒေါက်တာရယ် "
"မင်းသာ ကိုယ့်ကိုကိုယ် သေချာဂရုစိုက် ကြားလား"
"ဟုတ်ကဲ့ရှင့် ... "
"အစားအသောက်ကိုလည်း အားဖြစ်မယ့်ဟာတွေစား အပူအစပ်တွေ သိပ်မစားနဲ့နော် " ဒေါက်တာက ကားမောင်းရင်းတစ်ဖက် ကျွန်မကို စိတ်ပူနေသည်မှာ ချစ်စရာကောင်းလွန်းလှသည် ၊ သူပြောသလို သူက ဆရာဝန်မို့ တာဝန်အရ ဂရုစိုက်နေတယ်ဆိုရအောင် ကျွန်မကို ဂရုစိုက်ဖို့ သူ့ကိုဘယ်သူကမှ တာဝန်မပေးထားပါဒီလ်ိုနဲ့ ကျွန်မတို့ခြံရှေ့လေးကို ရောက်လာပြီးဖြစ်သည် ၊ ကျွန်မက မေမေ့ကို ဖုန်းကြိုဆက်ထားသဖြင့် မေမေက ဒေါက်တာကို ထွက်ကြိုကာ အိမ်ထဲသို့ ခေါ်လေတော့သည်
ဒေါက်တာက ကျွန်မ အမအလတ်နဲ့ တော်တော်လေဖြောင့်နေသည် ၊ အော် ဒါကြောင့်သူမက ကျွန်မကို ကလေးမ လို့ခေါ်နေတာနေမယ် ကျွန်မအမအလတ်နဲ့ ကျွန်မနဲ့ယှဉ်ရင် လုံးဝတစ်ခြားစီ သူကရင့်ကျက်တယ် တည်ငြိမ်တယ်
ကျွန်မကကျ ရင့်ကျက်ချင်ယောင်အတင်းဆောင်ထားရတဲ့အပြင် စိတ်ကလည်းဂနာမငြိမ်လှပါ
"ဒေါက်တာ တစ်ယောက်ထဲ ပြန်ရတာနောက်ကျနေလိမ့်မယ် မေမေတို့ရယ် .... " ကျွန်မတောင် စကားစဖြတ်ရတဲ့အထိ စကားကောင်းနေကြတော့သည်
"အားလုံး ကျွန်မပြန်လိုက်ပါအုံးမယ်နော် ... ကလေးမ တစ်ယောက်က အတင်းနှင်နေပြီမို့" ဟုဆိုကာ ကျွန်မအား မျက်စောင်းလေးထိုးရင်းပြောသွားလေသည်
"နောက်လည်း ဝင်ဝင်လာနော် ဒေါက်တာ " မေမေက ဆိုလိုက်လေသည်
"ဟုတ်ကဲ့ပါ အမရယ် " လို့ဆိုပြီး ကျွန်မက ခြံတံခါးဝအထိ လိုက်ပို့မည်အလုပ်
"မင်းလိုက်မပို့နဲ့တော့ အပြင်မှာအေးတယ် သွားနားတော့ "ဟု ဆိုရင်း ကျွန်မခေါင်းလေးကို နောက်တစ်ကြိမ် ပွတ်ပေးရင်း ကပ်တိုးလေး ဂရုစိုက်သွားပြန်ပါရော ....ဒီလိုနဲ့ ကျွန်မလည်း ခြေလက်သန့်စင်ပြီး အိပ်ရာထဲ၌ ဖုန်းသုံးနေရင်း သူမဖုန်းနံပါတ်လေးကို ဒေါက်တာ လို့ contact မှတ်လိုက်ပြီး ဖုန်းခေါ်ချင်စိတ် ချက်ချင်းဖြစ်သွားလေသည် ...
အချိန်အားဖြင့် ကိုးနာရီခွဲ စောသေးသည် ၊ ကျွန်မခေါ်လိုက်ရင် သူမ အနှောင့်အယှက်များ ဖြစ်သွားမလား ၊ ကျွန်မကို တစ်မျိုးများထင်သွားမလား စိုးရိမ်နေသော်လည်း ခေါ်ချင်စိတ်က အရမ်းပြင်းပြနေသောကြောင့် ဒေါက်တာဆိုသော နံပါတ်လေးကို နှိပ်လိုက်သည်
ဖုန်းဝင်သွားတာနှင့်အတူ ကျွန်မရင်ခုန်သံတွေ ပိုကျယ်လာသည်
"ဟယ်လို ကလေးမ .... " သူမ ဖုန်းစကိုင်လိုက်တာနဲ့ အက်လိုလေး ထူးတော့ ကျွန်မပြုံးမိသွားတယ်
"ဒေါက်တာ ဖုန်းပြောလို့ အားရဲ့လားဟင် "
"အားပါတယ် ကလေးမရဲ့ မင်းပြောချင်တာ ပြောလို့ရပါတယ်ကွ"
"ဒ်ီနေ့အတွက် အစစအရာရာ ကျေးဇူးတင်ပါတယ် ဒေါက်တာ"
"အိုး မင်းကျေးဇူးတင်ပါတယ်ပဲ ပြောနေ မင်းတို့ကိုကျေးဇူးတစ်ကယ်တင်ရင် ကိုယ့်ကိုကိုယ် အားရှိအောင် မြန်မြန်လုပ် ပြီးရင်တို့ကို မြန်မြန် မုန့်လိုက်ကျွေး ဟုတ်ပြီလား "
"ဟုတ်ကဲ့ပါ ဒေါက်တာ "လို့ပြောပြီး ကျွန်မ ဘာစကားမှ ဆက်မပြောမိဘဲ တ်ိတ်ဆိတ်သွားသည် ဒေါက်တာက ခဏကြာတော့
"မင်း ဒီညစောအိပ်ရမယ်နော် နောက််မကျစေနဲ့ ကြားလား ကလေးမ ""ဟုတ်ကဲ့ပါ ဒေါက်တာ "ကျွန်မ ဒါပဲပြောထွက်သည်
"မင်း ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ပဲပြောနေတော့မှာလား "
"မဟုတ်ပါဘူး ဒေါက်တာကို မေးချင်တာတော့ ရှိပါတယ် မမေးရဲလ်ို့ရှင့်"
"ဘာမေးချင်တာ ပြောပါ ကလေးမ"
"ဒေါက်တာက အသက်ဘယ်လောက်ရှိပြီလဲဟင်" ကျွန်မမေးခွန်းကို ကြားပြီးနောက် ရယ်ကျဲကျဲအသံနှင့် ...
" ဘာများလဲလို့ မင်းမှန်းကြည့်လေ ကလေးမရဲ့ .... တို့အသက်ကို ဘယ်လောက်လို့ထင်တာ "
"နှင်း အဲ့လိုတွေ မထင်တတ်ဘူး ဒေါက်တာ ဒေါက်တာ မပြောချင်လည်း နှင်းမမေးတော့ပါဘူး" ဟု ကျွန်မ ဆူပွပွအသံလေးနှင့်ဆိုလိုက်သောအခါ
"တို့အသက်က ၃၉ ထဲမှာပါ အခုလာမယ့် June ဆို ပြည့်ပြီ "
"ဒေါက်တာက အာ့ဆို နှင်း အမအလတ်ထက် တစ်နှစ်လောက်တောင် ငယ်အုံးမယ် "
"ဟုတ်လား မင်းအမအလတ်က ပိုနုတာပေါ့"
"ဟုတ်ပါဘူး ဒေါက်တာက ပိုချစ်ဖို့ကောင်းတာပေါ့ " ဟု ကျွန်မ လွှတ်ခနဲ ပါးစပ်မှ ထွက်သွားလေသည်
"အော် တို့က ချစ်ဖို့ကောင်းတယ်ဟုတ်လား နှင်းဧကရီဖြူ " သဘောကျသော အသံလေးဖြင့် ကျွန်မအား ထပ်မေးလေသည်
ကျွန်မလည်း ရှက်ယမ်းယမ်းပြီး "နောက်ကျနေပြီ ဒေါက်တာ အိပ်တော့နော် ကျွန်မဖုန်းချလိုက်တော့မယ် bye " လို့ပြောပြီး သူမအပြောကို မစောင့်ဘဲ တန်းချလိုက်သည်။အပိုင်းသစ်မျှော် ______
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romansaမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ