သင်္ကြန်အတက်နေ့ မြသပိတ်ရေပြာအိုင်သွားလည်ကြတော့ ကျွန်မတို့ သုံးယောက်က ရှေ့က ၊ ဒေါက်တာတို့ သူငယ်ချင်းအုပ်စုက အနောက်က၊ ကျွန်မရဲ့ ရှပ်ပြာရှပ်ပြာ အကျင့်ကြောင့် လှေကားအဆင်းမှာ ကိုယ့်
စကပ်အစကို ကိုယ့်ဟာကိုယ် တက်နင်းမိပြီးချော်လဲပါရော
"ဟယ်... ကလေး ဘယ်လိုဖြစ်တာလဲ ဘယ်နားနာသွားလဲ ပြအုံး၊ နင်တို့ကလည်း ဘေးမှာနေနေပြီး၊ နည်းပါးမထိန်းဘူး၊ ကိုယ့်သူငယ်ချင်းကို" ကျွန်မကိုလည်းပြောလိုက် သူတို့နှစ်ယောက်ကိုပါ ပြောလိုက်နဲ့ ကျွန်မရဲ့ ဒူးပြဲတာက နာတာဘယ်နားရောက်သွားမှန်းတောင်မသိဘူး ..."ဒူးပြဲသွားတာပဲ ကြည့်ပါအုံး၊ လက်ဖဝါးတွေပါ ပွန်းသွားတာပဲ၊ ဆေးခန်းသွားမှဖြစ်မယ်"
"ဆေးခန်းသွားဖို့ မလိုပါဘူး ဒေါက်တာကလည်း ကိုယ့်ဟာကိုယ် ဆေးထည့်လိုက်လို့ရပါတယ်"
"အေးလေ မြရယ် နင်လည်းဆရာဝန်တစ်ယောက်ပဲ၊ ဒီဒူးပြဲတာက ကိုယ့်ဟာကိုယ် ဆေးထည့်ပေးလိုက်ရင် သက်သာမှာပါဟ" မမလွင်က ကြားမှဝင်ပြောလိုက်သောအခါ
"ပိုးဝင်သွားမှာ စိုးလို့ဟ ၊ ငါတို့မှာ အခုဘာပစ္စည်းမှလည်း ပါမလာဘူး ၊ အခုဆေးခန်းတစ်ခုခုသွားမှအဆင်ပြေမယ်၊ နင်တို့မလိုက်ချင်မလိုက်နဲ့ ၊ ငါပဲသူ့ကိုပြပေးလိုက်မယ်" ဒေါက်တာစိတ်ပူတာလည်းမပြောပါနဲ့ ဒူးပြဲဒဏ်ရာက ကြီးတဲ့အပြင် သွေးကလည်းအတော်ဆို့နေတော့ သူ့ခမျာပြာပြာသလဲ သူ့သူငယ်ချင်းတွေက ထူးဆန်းအံ့ဩနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာကို သူ့မှာမသိနိုင်။နောက်ဆုံး ဇင်က ကားမောင်းပေးပြီး ထက်ကအဖော်လိုက်လာပေးသည်။ ဇင်က အရင် ကလောမှာ အလုပ်ကိစ္စနဲ့ တာဝန်ကျဖူးသူမို့ ကားလမ်းကြောင်းကို အတော်ကျွမ်းရှာပါသည်။ ဆေးခန်းကအပြန်လမ်းမှာ ထက်ကော ဇင်ကော စကားတစ်လုံးမှ မပြောကြ ၊ တစ်ခုခုစဉ်းစားနေကြဟန်ရှိသည်။ ဇင်က ကားမှန်ကနေတစ်ဆင့် ကျွန်မတို့ကို လှမ်းလှမ်းကြည့်နေသည်။ ဆေးခန်းကအဖြစ်ကလည်း သူတို့အတွက် တစ်ခုခုတွေးချင်စရာပင်။
"အရက်ပြန်မတို့ချင်ဘူး စပ်မှာပဲ"
"မစပ်ပါဘူး သမီးရဲ့ ၊ ဆရာမ ထည့်ပေးလိုက်ပါ ရပါတယ်" သူနာပြုဆရာမက အရက်ပြန်နဲ့ပွတ်တာနဲ့ ဒေါက်တာက ဘေးကနေ စပ်မှာဆိုးလို့ သူ့နှုတ်ခမ်းလေးတွေနဲ့ တဖူးဖူးမှုတ်ပေးနေရှာသည်။ ဆေးထည့် ဆေးထိုးပြီးသွားတော့ ကျွန်မချွေးအတော်ပြန်နေရှာသည်။
" မျက်နှာမှာလည်း ချွေးတွေကြီးပဲ ၊ အက်လောက်တောင် ကြောက်ရတာလား" ဆိုရင်း တစ်ရှူးနဲ့ နဖူးက ချွေးတွေကို သုတ်ပေးနေရင်း နဖူးအား တစ်ချက်လှမ်းနမ်းလိုက်သည်။ ဘေးမှာ ဇင်နဲ့ထက်တော့က မျက်လုံးတွေပြူးနေကြသည်။ ကျွန်မက သူတို့ရှိတ ယ်ဆိုတာကို မျက်လုံးနဲ့ပြတော့ သူမက
"အော် တစ်မျ်ိုးမထင်ကြနဲ့နော်၊ တို့က နှင်းကို မျက်လုံးထဲ ကလေးတစ်ယောက်လိုမျိုးပဲ မြင်တာ၊ ကလေးတွေ ဆေးခန်းသွားပြရင် အက်လိုပဲနှစ်သိမ့်ပေးတတ်ကြတယ်လေ ၊ ဒါကြောင့်မို့ပါ"ဟိုနှစ်ယောက်က သူ့ကို အင်တင်တင်နဲ့ဟုတ်လို့သာ ပြောလိုက်ကြပေမယ့် ယုံတဲ့ပုံမပေါ်ကြပေ။ မြန်မြန်ပြန်မယ့်ရက်ရောက်မှပဲ နို့မို့ဆို ဒေါက်တာလုပ်ပုံနဲ့ ပေါ်တော့မှာ။
အပိုင်းသစ်မျှော် ...
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romansမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ