Part - 4

2.9K 144 2
                                    

ထိုအမျိုးသမီး ဆံပင်က်ိုအားလုံးစည်းတင်ထားပြီး နဖူးမှာ ခေါင်းပတ်ကို ပတ်ထားလေသည်၊ ဘေးကနေ ရှင်းလင်းနေသော မျက်နှာကို အသေအချာကြည့်မိသောအခါ လေးထောင့်မကျတကျမျက်နှာလေးနှင့်အတူ နှာခေါင်းလုံးလုံးလေး .. ကြည့်လေ ကြည့်လေ မင်းသမီး စိုးမြတ်သူဇာနဲ့ ဆင်လေးပါပဲ .. ရယ်လိုက်သောအခါ ပေါ်ပေါ်လာတဲ့ အရေးအကြောင်း မှေးမှေးလေးတွေ .... ကျွန်မ တော်တော်ကြာအောင် ငေးကြည့်နေပြီးမှ
အို ငါဘာလို့ အက်လောက်အကြာကြီး ငေးကြည့်နေလဲဟု ကိုယ့်ကိုကိုယ် သတိပေးပြီး မျက်နှာလွှဲလိုက်သည် ၊ သူမကတော့ တီချယ်နဲ့ စကားပြောပြီး ပစ္စည်းများသွားထားနေလေသည် ကျွန်မနဲ့ သူမအတူတူ ယောဂသင်ရတော့မည်ကို ကျွန်မ အံ့ဩမိပါသည် ၊ အံ့ဩမှုနှင့််တစ်ပြိုင်နက် သူမ ကျွန်မကို မမှတ်မိပါစေနဲ့လို့ ဘာအကြောင်းပြချက်မှမရှိပဲ ဆုတောင်းနေမိပါတယ်

ခဏအကြာမှာပဲ ကျွန်မဘေး သူမရောက်လာပြီး
ဟိတ် ကလေးမ မင်းတို့ကို မှတ်မိလား
ရှင် .... ကျွန်မ မှင်သက်သွာသည် သူကျွန်မကို ဘယ်အချိန်ကတည်းက မှတ်မိနေတာလဲ ....
ရှင် မနေနဲ့ မင်းတို့ကို မှတ်မိလားလို့
အော် မှတ်မိတာပေါ့ရှင် သိပ်မကြာခင် အချိန်တုန်းကပဲ ကျွန်မအဆူခံ ထိထားတာပဲလေ ကျွန်မသိပ်မှတ်မိတာပေါ့
မင်းအဲ့ကိစ္စတို့ကို အခဲမကျေသေးဘူး ထင်တယ်ကွ .. တို့က အလိုက်မသိတဲ့ ကလေးတွေဆို ပြောတတ်တဲ့ အကျင့်ဖြစ်နေလို့ပါ
ဒီမှာ ဒေါက်တာ ကျွန်မကို ကလေးမ ကလေးမနဲ့ ခေါ်နေတာလည်း ကျွန်မမကြိုက်ဖူး ကလေးတောထဲက မထွက်ပဲ ပြောနေတာလည်း ကျွန်မ မကြိုက်ဖူး ... ကျွန်မက အသက် ၂၆ နှစ်ရှိပြီ အသက်အရွယ်တစ်ခုရောက်နေတဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ယောက်ပါ သူငယ်နှပ်စား ကလေးလို့ ဒေါက်တာထင်နေတာတွေ ရပ်ပေးပါတော့ ပြီးတော့ ဟိုနေ့ကကိစ္စ အဲ့ဒါကလည်း

ကျွန်မ ဆက်ပြောမို့ အားယူနေစဉ် တီချယ်မှ အားလုံး အရင်အကြောလျော့လိုက်ကြရအောင် နည်းလေးတွေ ကိုသေချာပြောပြပါ့မယ် ဟု ဆိုလိုက်သဖြင့် ကျွန်မအရှိန်ထိန်းလိုက်ရသည်။

ခဏနေတော့ ဒေါက်တာက ... မင်း မကျေနပ်တာတွေ နောက်မှဆက်ပြော ကြားလား ကလေးမ ....

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now