ဒေါက်တာ့ မေမေနဲ့ထမင်းအတူတူစားပြီး ခဏတစ်ဖြုတ်လောက် TV အတူတူထိုင်ကြည့်ပြီးနောက် ....
"မေမေ သမီးတို့ သွားအနားယူလိုက်တော့မယ် အခန်းထဲမှာ ၊ နှင်းလည်း လှဲချင်နေလောက်ပြီ ဆိုတော့"
"အေးပါ နှင်းအတွက် တစ်ခုခုလိုရင် လှမ်းပြောနော် မေမေ့ကို"
"အင်းပါ မေရဲ့"
"အန်တီ သမီးကိုခွင့်ပြုပါအုံးနော်၊ good night အန်တီ" ဟု ဆိုပြီး ဒေါက်တာ့မေမေကို ဖက်လိုက်သေးသည်။ အန်တီကလည်း သေချာလေးပြန်ဖက်ပြီး နှုတ်ဆက်သည်။"နှင်းတို့များ မေမေ့ကို အစွမ်းကုန်တွေ ဖားနေတာ၊ မပြောချင်ဘူး"
"အော် သူ့သမီးလေးကို ချစ်မိတော့လည်း ယောက္ခမကြီးကို ဖားရတာပေါ့နော်" ဒေါက်တာရင်ခွင်ထဲမှာ နေပြီး ချစ်စကားလေးတွေ ဆိုမိသည်။
"ဒေါက်တာက ဘာလို့သမီးကို ထက်နဲ့ စိတ်မချတာလဲ"
"ဟိုက မင်းအပေါ်မရိုးသားသလိုပဲ၊ ပြီးရင် မင်းသူ့အပေါ်စိတ်ယိုင်သွားမှာကိုလည်း တို့စိုးရိမ်မိတာ၊ ထက်က မင်းထက်ငယ်တယ်မလား၊ ငယ်တဲ့လူတွေကို ကြီးတဲ့သူတွေက ချစ်မိသွားရင် တမ်းတမ်းစွဲဖြစ်သွားတတ်ကြတယ် ၊ အက်တာတို့ကိုယ်တွေ့လေ"
"ဟော အာ့ဆို ဒေါက်တာက သမီးကိုတမ်းတမ်းစွဲ ချစ်မိနေတာပေ့ါ"
"အက်တာတော့ တို့မလိမ်ချင်ဘူး၊ မင်းကတို့ အချစ်ရဆုံးပဲ ၊ တို့ဘဝမှာ ဒီအသက်အရွယ်ကြီးကျမှ တို့ထက် အများကြီးငယ်တဲ့ မင်းကို အရိပ်တကြည့်ကြည့် အမြဲကြည့်ပြီး ချစ်နေရတာ ကိုယ့်ကိုကိုယ်တောင် အံ့ဩမိတယ်"
"ဒေါက်တာ သမီးတို့အမြဲအတူနေရအောင် သမီးက်ိုလက်ထပ်နိုင်မလားဟင်" သူမရင်ဘတ်ထဲက ကုန်းထပြီး သူမလက်နှစ်ဖက်ကို သေချာလေးကိုင်ကာ လှဲနေတဲ့သူမဘေးမှာ ဒူးလေးထောက်ပြီး ခွင့်တောင်းတော့
"မင်းကငယ်သေးတယ်လေ ၊ ပြီးရင် မင်းက တက်လမ်းတွေ အများကြီးရှိသေးတဲ့ လူငယ်တစ်ယောက်ပါ"
" သမီးအသက်က ၂၇ တောင်ပြည့်တော့မယ် ၊ သမီး မငယ်တော့ဘူး ဒေါက်တာ၊ ဒေါက်တာရဲ့ လက်ကိုဆွဲပြီး သမီးရဲ့အနာဂတ်ဘဝတက်လမ်းတွေကို အတူတူသွားချင်တာ၊ ဒေါက်တာသာ သမီးဘေးမှာရှိရင် သမီးအတွက် အရာရာအားလုံးပြည့်စုံပြီ ဒေါက်တာရဲ့၊ သမီးကို လက်ခံပေးပါနော်၊ ဒေါက်တာနဲ့ဝေးနေခဲ့ရတဲ့ ရက်တွေမှာ ဒေါက်တာမရှိဘဲ မနေနိုင်ဘူးဆိုတာ ပိုသိလာခဲ့ရတယ် ၊ ထပ်ပြီးဝေးမှာကိုလည်းကြောက်နေမိလို့ပါ"
"သမီးရယ် လာပါအုံး တို့အနား" ဟုဆိုပြီး ကျွန်မက်ို ဖက်ကာ " တို့ကပိုပြီးတော့ အတူတူနေချင်တာပေါ့ကွယ် ၊ မင်းရဲ့တက်လမ်းတွေကို ပိတ်မိမှာတို့စိုးရိမ်မိလို့ပါ၊ တို့လက်ခံပါတယ်ကွယ် ၊ မင်းနဲ့အတူဘဝတစ်ခုအတွက် တို့မျှော်လင့်နေခဲ့တာ ကလောမှာထဲကပါကွယ်"
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ