ကလောကို ညနေစောင်းလောက် ရောက်ခဲ့ကြသည် ၊ မမမျိုးတို့ ကလောခြံမှာပဲ တည်းခိုးကြပါသည် ၊ အိမ်လေးက ကြောင်အိမ်လှေကားလေးနဲ့ နှစ်ထပ်ကို မှ ထိပ်ချွန်ပုံစံလေးနဲ့ ခြံထဲမှာလည်း သစ်ပင်၊ ပန်းပင် မျိုးစုံကို စိုက်ပျိုးထားသေးသည်။
"အပေါ်ထပ်မှာ တစ်ခန်း၊ အောက်ထပ်မှာ နှစ်ခန်းဆိုတော့ ကလေးသုံးယောက်က အပေါ်မှာနေလိုက်ကြနော်" အိမ်ရှင် မမမျိုးက နေရာချပေးနေစဉ်
" လွင် နဲ့ စန္ဒာက သူတို့ညီမတွေနဲ့ အတူနေချင်ကြတာလားမသိတာ" ဟု ဒေါက်တာက ကြားဖြတ်ပြောလိုက်လေသည်
" အမယ်လေး အိမ်မှာအမြဲတွေ့နေရတာ မနေချင်ပါဘူး ကိုယ့်သူငယ်ချင်းတွေနဲ့ပဲ နေမှာပေ့ါ" မမစန္ဒာ ပြောတဲ့စကားကြောင့် ဒေါက်တာနဲ့များနေရမလားဆိုတဲ့ စိတ်ကူးအတွေးလေးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။"မနက်ကျ breakfast ကို ငါ ရှမ်းခေါက်ဆွဲလုပ်ကျွေးမယ်နော်" ဒေါက်တာာက ကျွန်မကို တစ်ချက်ကြည့်လိုက်ရင်း အားလုံးကြားအောင် ပြောလိုက်သည်။
"နင်လိုတာတွေ ချရေးထားလိုက်လေ ငါ ဒေါ်ငွေကို မနက်ကျ သွားဝယ်ခိုင်းထားလိုက်မယ်"
ဒေါ်ငွေနဲ့ ဦးကျော်က ခြံစောင့် လင်မယားတွေပေါ့။"ငါပါလိုက်သွားလိုက်မယ် က်ိုယ်တိုင်ဝယ်ချင်လို့လေ" ဒေါက်တာကိုယ်တိုင်သွားမယ် ကြားလိုက်တာနဲ့ ကျွန်မလည်း စက္ကန့်မခြား
"သမီးလည်း လိုက်ချင်တယ် ကလောစျေး တစ်ခါမှ မရောက်ဖူးလို့လေ၊ လိုက်ခဲ့မယ်နော်"
"စောတော့ထရမယ်နော် ကလေးမလေး"
"ဟုတ် စိတ်ချပါ"အပေါ်ထပ် မှာ အိပ်ဖို့ပြင်ဆင်နေကြတုန်း ဒေါက်တာဆီက ဖုန်းခေါ်လာသဖြင့်
" မနက်ကျစောထနော် စျေးလိုက်မယ်ဆို"
"ဟုတ်ကဲ့ပါ ဒေါက်တာရဲ့ ၊ ဒေါက်တာ့ကို မနက်ကျ
ပထမဆုံး ရေလောင်းချင်လို့"
"အမယ်လေး ဟုတ်ပါပြီတော် ဖြစ်စေရမယ် ဟုတ်ပြီလား"
"အပေါ်မှာ အဆင်ပြေရဲ့လားနေရတာ ၊ ဟို စန္ဒာ့ညီမလေးနား သိပ်ကပ်မနေနဲ့နော်"
"ဟော ဒေါက်တာရယ် သမီးက မကပ်ပါဘူး ၊ သူကကပ်နေတဲ့ဟာ"ဒေါက်တာပြောရင်လည်း ပြောချင်စရာပါ အက်ကောင်မလေးက ကျွန်မနဲ့ စကားတစ်ခွန်း နှစ်ခွန်းပဲပြောရသေး အရမ်းတွေခင်သွားတာ။ နားတဲ့နေရာ ရောက်တော့လည်း မမ ကားမောင်းရတာ မောသွားပြီ၊ အအေးလေးသောက်လိုက်ပါအုံး ဆိုပြီး ဒေါက်တာရှေ့မှာ အအေးအတင်းတိုက်တာ ဟိုက မျက်နှာကြီးဆူပုတ်ထားကတည်းက သဝန်တိုနေပြီဆိုတာ သိလိုက်ပါတယ်။
—————————-
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ