Part - 12

2.3K 118 2
                                    

လက်ခုပ်သံတွေ တဖြောင်းဖြောင်း ကြားတော့မှ ကျွန်မ ဖျော်ဖြေတင်ဆက်မှု အောင်မြင်စွာပြီးဆုံးသွားကြောင်း ကျွန်မသ်ိလိုက်ရပြီး ခုံမှအထ ကိုဘုန်းက ကျွန်မကို ပန်းစည်းလာဂုဏ်ပြု ချီးမြှင့်ပါတော့သည်။
" အရမ်းကောင်းတာပဲ နှင်းရယ် ၊ မင်းက်ို ကိုယ်ပေးချင်လို့ မအားတဲ့ကြားက ကိုယ့်တပည့်တွေနဲ့ ခဏထားခဲ့ပြီး ကိုယ်အပြေးသွားဝယ်လာရတာ လက်ခံပေးနော်"
" ကျွန်မလည်း လူရှေ့မှာ ယူလိုက်ပြီး အားလုံးကိုကျေးဇူးတင်ပါတယ်'' လို့ ပြောပြီး ဒေါက်တာကို လှမ်းကြည့်တော့ ခုံကထသွားသည်က်ိုတွေ့လိုက်ရသည်။

ကျွန်မ မိတ်ကပ်ခန်းထဲက ပစ္စည်းတွေသွားယူပြီး ဂါဝန်ကိုမကာ ဒေါက်တာ့နောက် အပြေးလိုက်ရပါတော့သည်။ ကားပါကင်ထဲ ကျွန်မအရောက် ဒေါက်တာ နေပါအုံးလို့ ခေါ်နေပေမယ့် ဒေါက်တာကားစက်နှိုးနေပြီးဖြစ်သည်။ ကျွန်မ အပြေးသွားတော့ သူ့ကားနားမရောက်မှီ ကျွန်မချော်လဲသွားတော့သည်။ ဘယ်လောက်ပဲ အသည်းမာသူပြောပြော ကျွန်မ ချော်လဲတာကိုမြင်တော့ အသည်းအသန်
"နှင်း သတိထားအုံးမှပေါ့ မင်းကလည်း ခြေထောက်ခေါက်သွားတာလား''
" ဒေါက်တာ့ကို ဒီလောက်ခေါ်နေတာ နှင်းကို တစ်ချက်တောင်လှည့်မကြည့်ပဲ ထွက်သွားဖို့ ကြိုးစားနေတာလေ ၊ ဒေါက်တာ ဘာဖြစ်ချင်နေတာလဲ ၊ နှင်း ခံစားချက်တွေကို ဒေါက့်တာကိုလည်း ဖွင့်ပြောပြီးပြီး ဒေါက်တာကပဲ မသိချင်ယောင်ဆောင်နေတာလေ ၊ အခုဒေါက်တာကပဲ ပြန်စိတ်ဆိုးနေသေး''
" တို့တွေ ကားပေါ်အရင်သွားရအောင်နော် ၊ မင်းခြေထောက်နာနေမှာပေါ့ ခေါက်ပြီးလဲတာမဟုတ်လို့တော်သေး၊ လာ... ထ တို့ကိုတွဲပြီးသွား''
" မြကျွန်းသာဘက် ကားခဏမောင်းပေးပါလား နှင်း စိတ်တွေအရမ်းမွန်းကျပ်နေလို့''

ဒေါက်တာက မြကျွန်းသာ ကိုမောင်းနေရင်း ကျွန်မပြောစကားများကို လေးလေးနက်နက်တွေးနေပုံ ကျွန်မကို ဘာမှမပြောပင်။ မြကျွန်းသာရောက်တော့ ကျွန်မကားပေါ်ကဆင်းလိုက်ပြီး ရေစပ်နားသွားထိုင်ပြီး ငိုချလိုက်မ်ိရော။ ကျွန်မနောက်က်ို ဆင်းလိုက်လာတဲ့  ဒေါက်တာက ကျွန်မငိုနေတာလည်းမြင်ရော ....
" နှင်း ... ဘာလို့ငိုနေပြန်တာလဲ မငိုပါနဲ့နော် တို့တောင်းပန်ပါတယ်''

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now