Part - 15

2.2K 96 4
                                    

" နှင်း အဲ.. မီး ကအကျင့်ပါနေလို့ပါ ၊ ဒေါက်တာကျတော့ရော ၊ သူ့ကိုယ်သူ တို့ တို့ နဲ့ ၊ သူစိမ်းမဆန်လို့လား"

"တို့က လူတိုင်းက်ိုပြောနေကျဖြစ်နေလို့ပါ ၊ မီး နဲ့လည်း အဲ့လိုပြောဖြစ်သွားတာပါ ၊ မီးက တို့ အဲ့လိုပြောတာ မကြ်ိုက်ရင် ဘယ်လိုပြောစေချင်လို့"

" ဟီး အစကတော့ မီး မကြိုက်ဖူးရယ် နောက်ပိုင်းကျ မီး ကြိုက်သွားတယ် ဒေါက်တာကိုယ့်ကိုကိုယ် တို့ လို့ပြောတာကိုလေ"

" မီး ကြိုက်ဖို့သာ အဓိကပါပဲ ၊ တို့တွေ သွားကြမလားကွယ် "

"ဟုတ် သွားမယ် ဒေါက်တာ ၊ မီး ခြံထဲမှာ ဒန်းစီးချင်သေးတယ် ၊ ဒေါက်တာ လွှဲပေးနော်"

"ဟာ ... ငါ့နှယ် ကလေးထိန်းနေရ ကလေးတစ်ယောက် ကောက်ရလိုက်သလိုပဲ .."

" ငြိုငြင်ပြီးပေါ့ ဒေါက်တာက အခုကျတော့"

"မငြိုငြင်ရက်ပါဘူးကွယ်"

ဒီလိုနဲ့ ဒေါက်တာမေမေ့ကို နှုတ်ဆက်ပြီး ဘုရားကို ထွက်လာခဲ့ကြသည်။

ချစ်ရတဲ့ အမျိုးသမီးလက်ကိုတွဲပြီး ဘုရားရင်ပြင်တော်ပေါ် ၌ လေပြေလေညှင်းနဲ့ အတူ ခေါင်းလောင်းသံတွေ ဘုရားစာရွတ်ဖတ်သံ ကျေးငှက်သံလေးတွေနဲ့ စိတ်ချမ်းသာမှုဆိုတာ ပကတိအပြည့်။ ဒေါက်တာက ပဝါလေးကို ပခုံးပေါ်မှာတင်ပြီး ကျက်သရေရှိနေလိုက်တာ။ ကျွန်မလေ စကားပြောရင်း မကြာမကြာ ဒေါက်တာ့ရဲ့ ပုခုံးပေါ် ကျွန်မရဲ့ ခေါင်းလေးကို မှီမှီချရတာအမော ..... ကျွန်မ သိပ်ကြိုက်ရတဲ့ မို့မို့သီချင်းထဲကအတိုင်း .....
🎶🎶 လမ်းလေးလျှောက်လို့ သူ့ပုခုံးလေး ကိုယ်လေမှီိခဲ့ဖူးတယ် 🎶🎶

အမြဲတမ်း ကျွန်မလိုချင်ဖူးခဲ့တဲ့ ကိုယ့်ထက် အသက်ကြီးပြီး အရပ်ရှည်တဲ့ ချစ်သူမျိုးကို ရလိုက်တာ ကျွန်မအတွက် ဘုရားကပေးတဲ့ လက်ဆောင်အလားပဲ။

ဒေါက်တာက သူ့ကြာသာပတေး ဂြိုလ်တ်ိုင်ရောက်တော့ ရေသပ္ပာယ်နေတဲ့ ပုံလေးကို ကျွန်မဖုန်းလေးနဲ့ မှတ်တမ်းတင်ထားလိုက်ပါတော့သည်။ ဆံပင်လေးကို တစ်လွှာစည်းထားတော့ မျက်နှာလေးက အထင်းသား ...ရေသပ္ပာယ်နေတဲ့ပုံလေးက တစ်ကယ့်ကို ကျက်သရေရှိပြီး အေးချမ်းမှုပကတိ ... သိပ်ချစ်တာပဲ ဒေါက်တာရယ် ..  အို... သူများဘုရားတရားလုပ်နေတာကို ငါတော့ ငရဲတွေကြီးတော့မယ် ဆိုပြီး အတွေးတွေကို မနည်း ရပ်တန့်လိုက်ရသည်။

"ဒေါက်တာ နှင်းလေ ဟိုဘက်ကားလမ်းမှာ ရောင်းတဲ့မုန့်တီစားချင်တယ် လိုက်ကျွေးပါလား အဲ့ဆိုင်က အရမ်းစားကောင်းတယ်။''

"မီး စားချင်နေရင် သွားစားရမှာပေါ့ မီးက ကြယ်တွေကို လိုချင်တယ် ဆိုရင်တောင် တို့က ယူပေးအုံးမှကွ"  သူပြောတဲ့စကားကို သူပြန်သဘောကျပြီး ရယ်လိုက်ကာ ကျွန်မပုခုံးက်ိုဖက်လိုက်ပြီး သူ့ဘက်ကိုအသာလေးဆွဲလိုက်သည်။

မုန့်တီဆိုင်ရောက်တော့ ကျွန်မက ထုံးစံအတိုင်း ငရုပ်သီးတွေ အများကြီး ထည့်စားတော့ ဒေါက်တာက ချက်ချင်းဆိုသလို ပျာပျာသလဲနဲ့
" မီး အက်လောက်ငရုပ်သီးတွေ ဘာလို့ထည့်စားတာလဲ ငရုပ်သီးအဲ့လောက်အများကြီးစားတာ မကောင်းဘူး ဘေးဖြစ်လိမ့်မယ် ငယ်တုန်းဘာမှဖြစ်ပေမယ့် ကြီးလာရင် ဒုက္ခရောက်လိမ့်မယ်" ပြောလည်းပြော သူမလက်က ကျွန်မငုံ့စားရင်း ကျနေတဲ့ ဆံနွယ်လေးတွေကို နားကြားထဲသို့ ညှပ်ပေးရင်း
" အက်အချိန်ကျ ဒေါက်တာကုပေးလေ မီးကို ၊ ဒေါက်တာသာ ကုပေးရင် အကုန်ပျောက်မှာ"
" မီး တို့အကောင်းပြောနေတာ ၊ နောက်နေတာမဟုတ်ဘူး "
" ဟုတ်ပါပြီ ဒေါက်တာရယ် မီး ဆင်ခြင်ပါ့မယ်နော် နောက်ဆို ... အခုတော့ ကောင်းကောင်းစားပါရစေနော်" 

ကျွန်မတို့စားနေရင်း ခဏအကြာ နောက်ဘက်မှ ခေါ်သံတစ်ခု "မြ" ဆိုတဲ့ ခေါ်သံ....

အပိုင်းသစ်မျှော်

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now