Part - 5

2.8K 131 3
                                    

ချက်ချက်ချက် ...... နာရီလက်တံမြည်တံ ....
ကျွန်မမျက်လုံးတွေ ဝေဝါးနေသည် .... ကျွန်မမျက်လုံးဖွင့်လိုက်သော် ကျွန်မတစ်ခါမှ မရောက်ဖူးတဲ့နေရာ ..... ထို့နောက် ကျွန်မကို ဆုပ်ကိုင်ထားတဲ့ နူးညံ့တဲ့လက်တစ်စုံ .... တစ်ခါမှ ဒီလိုနူးညံ့တဲ့ လက်တစ်စုံကို ကျွန်မမထိတွေ့ဖူးပါ ....... ကျွန်မထိုလက်ပိုင်ရှင်ကို သိနေပါသည် ... သို့သော် ကျွန်မ မျှော်လင့်ထားတဲ့သူ ဟုတ်ပါ့မလား ... ကျွန်မခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်တော့

ကျွန်မလက်ကိုဆုပ်ကိုင်ထားပြီး ကျွန်မလက်မောင်းနားမှာ ခေါင်းချကာ အိပ်နေသော သူမ ... ဟုတ်တယ် ဒေါက်တာ ကျွန်မကို အမြဲကလေးမလို့ခေါ်နေတဲ့ ဒေါက်တာ
ကျွန်မလည်း ဖြေးဖြေးချင်း ...
"ဒေါက်တာ .... ဒေါက်တာ''လို့ ခေါ်လိုက်သောအခါ
"ကလေးမ မင်းနိုးလာပြီလား တို့ဖြင့်စိတ်ပူလိုက်ရတာ ... နောက်တစ်နာရီနေလို့မှ မင်းနိုးမလာရင် ဆေးရုံက မင်းအမေ ဖုန်းနံပါတ်ကိုယူပြီး တို့မင်းအိမ်ကို ဖုန်းဆက်တော့မလို့''

"ဒေါက်တာက ကျွန်မကို စိတ်ပူနေတာလားဟင်"လို့ ကျွန်မပြောလိုက်မိသည်

"အိုကွယ် မင်းကလည်း ဆရာဝန်တစ်ယောက်ရှေ့မှာ လူတစ်ယောက်လဲကျသွားတာကို တို့ကစိတ်မပူပဲ နေရအောင် အသည်းမမာဘူးကွဲ့ ''

"အော် ... ဆရာဝန်တစ်ယောက်ဖြစ်နေလို့ပေါ့" လို့ကျွန်မ ထပ်မေးလိုက်တယ်

"မင်းကလည်းနော် ကလေးလို့ခေါ်ရင်မကြိုက််ဘူး
ပြီးရင်ကလေးအတိုင်း အကုန်လိုက်မေးနေ .. အခုတို့မေးတာဖြေအုံး ... မင်းသက်သာလားဟင် အခုဘယ်လိုခံစားနေရလဲ ''
"အင်းး... သက်သာပါတယ် ၊ရင်ထဲတလှပ်လှပ်နဲ့ အားမရှိသလိုပဲ ..."
"မင်း အားရှိဖို့လိုသေးတယ် နားနားနေနေ နေရမယ် . တို့သွင်းပေးထားတဲ့ ဆေးတစ်လုံးကုန်ရင် ရင်တုန်တာ နည်းနည်းသက်သာ သွားလိမ့်မယ် ..."
"ဒေါက်တာ ဒီညအိမ်ပြန်လို့ရတယ်မလား .. ဒီမှာလည်းမနေချင်လို့ ''
"ဒီဆေးတစ်လုံးကုန်ရင် ပြန်လို့ရပါတယ်ကွ တို့ပြန်လိုက်ပို့ပေးမယ် ကြားလား ကလေးမ"
ကျွန်မလည်း ခေါင်းလေးသာ ငြှိမ့်ပြလိုက်တော့တယ်

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now