" တို့အတွက် မင်း အချစ်ကအမှား သီချင်းကို ဆိုပေးမလား နှင်း'' ဟု သူမမျက်လုံးလေးကို ပင့်ပြီး ကျွန်မကို မေးသည်။
" အချစ်ကအမှား သီချင်း အွန်းးး နှင်းနဲ့သိပ်မစိမ်းပါဘူး .. နှင်း ဒီကြားထဲ ကြိုးစားကြည့်မယ်'' ဒေါက်တာ့အား မျက်လုံးတစ်ဖက်မှ်ိတ်ပြလိုက်ရင်း ဆိုလိုက်သည်။
" နှင်း မင်းကနော် ကြာလေ ကြာလေ ကလေးနဲ့ပိုတူလာလေ ပြောင်ချော်ချော်" နဲ့ဟုဆိုပြီး ကျွန်မခေါင်းလေးကို သူမရင်ခွင်ထဲဆွဲသွင်းပြီး နှစ်ချက် သုံးချက်လောက် ပွတ်ပြီး
" မင်းအဲ့သီချင်းမဆိုရင် တို့စိတ်ဆိုး မပြေဘူးနော်'' ဟုဆိုပြီး လက်ခါကာ ထွက်သွားတော့သည်။သူမအက်လိုလုပ်သွားတာ အကြောင်းမဟုတ်ဘူး အကြောင်းက ကျွန်မရင်တွေ တလှပ်လှပ်နဲ့ခုန်ပြီး ကျန်ခဲ့လေသည်။ အဆိုးဆုံးက ကျွန်မ အချစ်ကအမှား သီချင်းကို မရရအောင်ဆိုတီးပေးရတော့မည်ဖြစ်သည်။ ကျွန်မမှ သူမ စကားတွေကို လွန်ဆန်နိုင်စွမ်းမှမရှိတာ။
အိမ်ရောက်တော့ ကျွန်မ မေမေ့ကိုပြောပြပြီး YouTube ကနေ အချစ်ကအမှား Key ကို အသည်းအသန်ရှာရတော့သည်။ မေမေက ကိုယ်နဲ့နည်းနည်းစိမ်းနေတဲ့ သီချင်းကို ဘာလို့ risk ယူပြီးဆိုချင်နေတာလဲလို့ မေးတော့ ကျွန်မအရမ်းကြိုက်လို့ ဆိုချင်တာဖြစ်ကြောင်း လိမ်လိုက်ရသည်။
ကျွန်မအဲ့နေ့က တော်တော်ညဉ့်နက်မှ အိပ်ရသည်။ အိမ်ကလူတွေ အိပ်နေကြပြီမို့ piano နဲ့မကျင့်တော့သော်လည်း သင်ပြထားတဲ့ key video ကို ခဏခဏ မှတ်မိအောင်ကြည့်နေလိုက်သည်။ ကျွန်မကို ခုလိုနှိပ်စက်ထားတဲ့ ဒေါက်တာကတော့ အခုချိန် အိပ်နေလောက်ပြီထင်ပါရဲ့ ... ကျွန်မဖုန်းဆက်ချင်ပေမယ့် ဒေါက်တာအိပ်ရေးပျက်မှာစိုး၍ " နှင်း အခုထိ မအ်ိပ်ရသေးဘူး အဲ့ဒါ ဒေါက်တာကြောင့်'' ဆိုပြီး စာသာပ်ို့ထားလိုက်သည်။
မနက်အလုပ်သွားဖို့ ထတော့ ဒေါက်တာက missed calls မြောက်မြားစွာနှင့်အတူ စာတစ်စောင်ကိုပါ ပို့ထားလေသည်။ "ကလေးမ သိပ်ပင်ပန်းနေရင် ကလေးမဆိုချင်တဲ့ သီချင်းကိုသာ ဆိုပါ ၊ တို့စိတ််မဆိုးပါဘူး၊ တို့အတွက်နဲ့ တို့ကလေးမ ပင်ပန်းနေတာ တို့ပိုစိတ်ဆင်းရဲရလို့ပါ'' တဲ့ .... ဘယ်လောက်ချစ်ဖို့ကောင်းလိုက်တဲ့ ဒေါက်တာလည်း .....
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ