" Happy 3 monthsary နှင်း၊ တို့ဘဝထဲ နှင်းလေး ဝင်လာပေးလို့ ကျေးဇူးပါကွယ်"
အိပ်ရာနိုးနိုးချင်း တွေ့လိုက်ရတဲ့ စာတိုလေးတစ်ခုက ကျွန်မကို အရာရာပြည့်စုံစေသည်။ ဟော.. သူ့ဖုန်းလေးဝင်လာပါပြီ ... ကျွန်မအိပ်ရာက နိုးတာအကြားအမြင်ရနေသလို"Happy 3 monthsary ဒေါက်တာ ၊ ဒေါက်တာ့ကို အရမ်းချစ်တယ်"
"ငချွဲလေး ထတော့ ချွဲမနေနဲ့တော့၊ ညကျဘာအစီအစဉ်ရှိလဲ နှင်း"
"ဘာမှမရှိပါဘူး ယောဂသင်တန်းပဲ သွားရမှာ ဒေါက်တာရဲ့၊ monthsary မှာ dinner date ကြမလား"
" နှင်းလေး နဲ့ တို့နဲ့ သင်တန်းပြေးပြီး date ကြမယ်နော်"
" သမီးလာခေါ်မယ် ဒေါက်တာ့ဆီ"ရုံးမှာလည်း meeting တက်နေရပေမယ့် စိတ်က ဒေါက်တာ့ဆီပဲရောက်နေမိသည်၊ တစ်နေ့ထက်တစ်နေ့ ထိုအမျိုးသမီးကို ပိုပိုတိုးကာချစ်နေမိသည်၊ ညနေရုံးဆင်းပြီး ဒေါက်တာနဲ့တွေ့ရမယ့်အချိန်ကိုပဲ မျှော်နေမိတယ် ၊ ဘေးရှိ မမဆုရည်က အလုပ်အကြောင်း တီးတိုးလေးလာပြောမှ အလုပ်ထဲစိတ်ကို မနည်းပြန်ဆွဲခေါ်ရတယ်။
ရုံးဆင်းတော့ ဒေါက်တာ့ကို ပေးဖို့ သစ္စာရှိခြင်းနဲ့ မြတ်နိုးမှူရဲ့ သင်္ကေတဖြစ်တဲ့ နေကြာပန်းစည်း လေးဝယ်ပြီး ဒေါက်တာ့ကို ကြိုဖို့ ကားလေးကို ဆေးရုံသို့ ဦးတည်လိုက်ပါတယ်။ ပတ်ဝန်းကျင်မှာ တွေ့ရသမျှ ကြည်နူးနေကြတဲ့ အတွဲလေးတွေ ဒီနေ့မှ မြင်မြင်သမျှက ကြည်နူးစရာပကတိ FM ကလာနေတဲ့ သင်္ကြန်သီချင်းတွေကလည်း စိတ်ကိုမြူးကြွစေ။ လက်တစ်ဖက်က ပိုက်ဆံအိတ်ကိုချိတ်လျက် သိမ်သ်ိမ်မွေ့မွေ့လေးရပ်ပြီး စောင့်နေရှာတဲ့ ကျွန်မရဲ့ဒေါက်တာပုံရိပ်လေးက တဖြည်းဖြည်း အမြင်အာရုံထဲပေါ်လာလေသည်။ ကျွန်မရဲ့ ဘဝ ကျွန်မရဲ့ အရာရာ ဒေါက်တာက အသားဖြူဖြူပေါ်မှာ ရွှေရောင်ဝမ်းဆက်လေးကို ဝတ်ဆင်ထားပြီးနောက်တွဲဆံထုံးလေးက သူမရဲ့ ပကတိလှပြီးသား မျက်နှာလေးကို ပံ့ပိုးပေးထားသလို .. အိုးး ကိုယ့်ရည်းစားကို ကိုယ်ပဲကြွေနေတာ အကြိမ်ကြိမ်လို့ တွေးမိပြီး ကားပေါ်မှာ တစ်ယောက်ထဲ သွားဖြီးနေလျက်
"ကောင်မလေး တစ်ယောက်ထဲ ဘာတွေပြုံးဖြီးနေတာ" ကျွန်မ ခေါင်းလေးကို လှမ်းပွတ်ပြီး မေးနေတဲ့ ဒေါက်တာ
"အက်မှာလေ ဒီအဒေါ်ကြီးကြောင့်ပေါ့"
" အခုတော့ အဒေါ်ကြီးလို့ ပြောပြီးပေ့ါ ရှင်လေးက"
"စတာပါ ဒီမှာ ဒေါက်တာ့အတွက် နေကြာပန်းက နေဘက်ကိုပဲ အမြဲလှည့်ပွင့်သလို သမီးကလည်း ဒေါက်တာ့ကို အမြဲအရ်ိပ်တကြည့်ကြည့် ကြည့်ပြီး ချစ်နေမှာပါ နော်"
"အဲ့ဒီအပြောလေးတွေနဲ့ပဲ ဒီအဒေါ်ကြီးကို ကြွေကျအောင် ခြွေနေလိုက်"
Fine dining restaurant က ရေကန်လေးဘေးမှာ dinner စားဖို့ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ တွေ့လိုက်ရတာက ကျွန်မရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး သဇင် ...
"ဟယ် မမမြ၊ ဇင့်ရဲ့ သူငယ်ချင်းကြီးနဲ့ ဘယ်လိုသိကြတာ" ကျွန်မကိုကြည့်တစ်လှည့် ဒေါက်တာ့ကို ကြည့်တစ်လှည့် ပြောနေသော သဇင်
" ဟဲ့ သဇင် နင်က ဒေါက်တာနဲ့ ဘယ်လိုသိကြတာ ၊ ဘာလဲ နင့်အမနဲ့ သိကြတာလား ဒေါက်တာနဲ့က"
"အေးလေ ၊ ငါ့အမနဲ့ မမမြနဲ့က ကျောင်းနေဖက် သူငယ်ချင်းအရင်းကြီးတွေ၊ ဟဲ့ ငါဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ၃လလောက်ရောက်သွားပါတယ်၊ နင်ကမိတ်ဆွေအသစ်တွေ ဘာတွေနဲ့"
"ဇင့်သူငယ်ချင်းနဲ့ မမမြနဲ့က ခင်တာမကြာသေးဘူးရယ် ၊ သူ့ကိုသာမေးလိုက်နော် အသေးစိတ်ကို၊ ဟုတ်ပြီလား" ဇင့် လက်မောင်းလေးကို လှမ်းညှစ်ပြီး ပြောလိုက်တဲ့ ဒေါက်တာ
"ငါညမှ ဖုန်းဆက်မယ် သဇင်မ" ဒေါက်တာ့လက်ကိုဆွဲပြီး သဇင့်ရှေ့မှထွက်လာလိုက်သည်။"ဒေါက်တာက နှင်းနဲ့ သဇင်နဲ့သူငယ်ချင်းဆိုတာကို ကြိုသိနေတာလား၊ သိပ်လည်းမအံ့ဩသလိုပဲ"
"သိသားပဲ မင်းတို့ပုံတွေ Facebook မှာတင်ထားတာ"
"အက်တာဘာလို့ ဒေါက်တာက မမေးတာ နှင်းကို"
" မင်းက တို့တွေအကြောင်းကို မင်းသူငယ်ချင်းကို မပြောပြထားလို့ တို့တွေသိတယ်ဆိုတာ မင်းမသိတာလေ၊ မင်းကိုမမေးဘူးဆိုတာက မင်းကတို့တွေအကြောင်းကို မင်းသူငယ်ချင်းတွေကို ပြောပြချင်ရဲ့လားဆိုတာ မသေချာလို့ မမေးတာပါ ၊တို့က ကိုယ်တောင်းဆိုစရာမလိုပဲ အလိုက်တသိ ပြောတာ လုပ်တာပဲကြိုက်တာ ၊ ထားပါတော့ ၊ တို့မင်းကိုပြောစရာရှိတယ် ၊ ပြောစရာဆိုတာထက် ခွင့်တောင်းတာပါ"အပိုင်းသစ်မျှော် ....
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ