Part - 24

1.7K 74 8
                                    

ကျွန်မတို့ ရန်ကုန်ပြန်ရောက်ပြီးတော့ ကိုယ့်လုပ်ငန်းခွင် အသီးသီးပြန်ဝင်ကြပြီး ကိုယ့်အလုပ်နဲ့ကိုရှုပ်နေကြသဖြင့် ဒေါက်တာနဲ့ဖုန်းပဲပြောဖြစ်ကြသည်။ ဒေါက်တာ့ကို ဆေးရုံတစ်ခုက ညနေပိုင်းအချိန် ဆေးခန်းလာထိုင်ပေးဖို့ request လုပ်၍ယောဂသင်တန်းလည်း ဆက်မတက်ဖြစ်တော့ပါ ၊ ဒေါက်တာမတက်တော့၍ ကျွန်မလည်းဆက်မတက်ဖြစ်တော့ပါ။ ကျွန်မတို့ကို ဖူးစာဆုံပေးခဲ့တဲ့ အဲ့သင်တန်းလေးကိုတော့ အမြဲအမှတ်ရနေမှာပါ။

"ဒေါက်တာရေ သဘက်ခါ သမီးမွေးနေ့နော်၊ အက်နေ့တစ်ရက်လုံး သမီးကိုအချိန်ပေးရမယ်၊ အလှူအတန်းတွေ အတူတူလုပ်ကြမယ်၊ ညကျရင် dinner date ကြမယ်နော်"
"အေးပါကွ ၊ တို့ဘေဘီလေးမွေးနေ့ပဲ တို့အချိန်ပေးရမှာပေါ့ ၊ ဖြစ်နိုင်ရင်လေ ဒီလိုချစ်ဖို့ကောင်းတဲ့ ဘေဘီလေးကို မွေးပေးထားတဲ့ ယောက္ခမကြီးကိုပါ သွားကန်တော့လိုက်ချင်" ကျွန်မ မေးစေ့လေးကိုင်လိုက် ဆံစလေးတွေကို နားကြားထဲညှပ်ပေးလိုက်ဖြင့် ပြောနေရှာသည်။ ကျွန်မလေ ဒေါက့်တာကို အက်အပြုအမူလေးတွေကို အရမ်းချစ်တာ၊ သူ့ရှေ့ရောက်ရင် ကျွန်မက
ကလေးပိစိကွေးလေး ဖြစ်ဖြစ်သွားတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရတယ်။
နောက်တစ်နေ့ မနက် ၅:၀၀ နာရီ ဒေါက်တာ့ဆီက ဖုန်းလာတော့ အလန့်တစ်ကြားဖြင့် ဖုန်းကိုင်မိသည်။
"သမီးရေ ဆောရီးပါကွာ တို့အသိတစ်ယောက်ရဲ့ အဖေဆုံးသွားလို့ မြင်းခြံကို တို့လိုက်သွားရမယ် ၊ လွင်လည်းပါတယ် သူနဲ့လည်းသိလို့"
"နေ့ချင်းပြန် ပြန်လာမှာလား ဒေါက်တာ"
"အာ ဘယ်ဟုတ်မလဲ ရက်လည်တွေဘာတွေ ပြီးမှပြန်လာမှာလေ ၊ သူတို့ကသားအမိနှစ်ယောက်ထဲ ကျန်ခဲ့ရှာတာ ၊ သူ့အမေနဲ့လည်းအရမ်း..."
"အာ့ဆို ဒေါက်တာက သမီးမွေးနေ့မှာ သမီးနဲ့အတူရှိမနေနိုင်တော့ဘူးပေါ့"
"အော် သမိီးရယ် သာရေးနဲ့နာရေးဆို နာရေးကိုဦးစားပေးရတာ ထုံးစံပဲလေ၊ တို့ပြန်လာပြီးမှ လုပ်လို့လည်းရတာပဲလေနော်၊ တို့သွားဖို့ ပြင်ဆင်ရအုံးမယ်၊ နောက်မှဖုန်းဆက်မယ်နော်"

ဘာလဲဟာ ငါ့မွေးနေ့နားနီးမှ ဘယ်လောက်ထိတောင် ရင်းနှီးတဲ့သူမို့ အက်လောက်ထိတောင် အကြာကြီးနေမှာ ၊ မမလွင်လည်း ပါသွားတယ်ဆိုတော့ ငါ ဇင့်က်ိုမေးကြည့်ရင် နည်းနည်းပါးပါးတော့ သိနိုင်လိမ့်မယ်ထင်တယ်။ နေ့ခင်းလောက်မှ ဖုန်းဆက်ကြည့်ပါအုံးမယ်။
ရုံးသာရောက်လာတယ် စိတ်နဲ့လူနဲ့မကပ်၊ ပထမဦးဆုံး ဒေါက်တာနဲ့အတူဖြတ်သန်းရမယ့် မွေးနေ့မို့ အစောကြီးထဲက စိတ်ကူးယဉ်ပြီး ပျော်ရွှင်နေခဲ့ပေမယ့် တစ်ကယ်တမ်းကျတော့ မနက်ဖြန်မွေးနေ့ကို တစ်ယောက်ထဲ ဖြတ်သန်းရတော့မည်ဆိုတာ အမှန်ပင်။

"ဟဲလို ဇင်ရေ နင့်အမနဲ့ ငါ့ဒေါက်တာတို့ မြင်းခြံက နာရေးတစ်ခုကိုသွားတာ နင်သိလား"
"အေး သိတယ်လေ ငါမနက်ကနိုးတော့ အမေငါ့ကိုပြောတယ်၊ အက်တာဘာဖြစ်လို့လဲ"
"အက်တာ သူတို့အသိထဲက ဘယ်သူ့အဖေနာရေးလဲ နင်သိလား ၊ နက်ဖန်ငါ့မွေးနေ့ကြီးကို သူကရှိမနေတော့ ငါစိတ်ဆိုးနေတာ သူ့ကို"
"နာမည်တော့ငါလည်းမသိဘူးဟ အတော်တော့ခင်ကြတယ်ထင်တယ် ၊ အေးလေ နင်ကအရင်ကတည်းက မွေးနေ့ဆို ကြိုပလန်ပြီး သေချာစီစဉ်တတ်တဲ့သူလေ ၊ ငါလည်း နင့်အနားမှာမရှိနိုင် ညကျ အလုပ်ကိစ္စနဲ့ Bkk က သွားရအုံးမယ်"
"အေးပါ ဘယ်တတ်နိုင်ပါ့မလဲဟယ် နင်ကတော့ ဂရုစိုက်အုံးနော် ၊ ပြန်လာရင်တွေ့မယ် ၊ ဒါပဲနော်"
"အေးပါ တာ့တာ"
ဟူး ဇင့်ဆီက လည်းဘာမှမသိရဘူး ၊ စိတ်ပျက်တာပဲ ၊ ဒေါက်တာက ခုချိန်ထိ ဖုန်းတောင်မဆက်သေးဘူး ၊ တော်တော်အမြင်ကပ်စရာကောင်းတာပဲ။

ည ၁၂ နာရီသာထိုးတော့မယ် ဒေါက်တာ့ဆီက ဖုန်းလေးတောင် ဝင်မလာခဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် ရောက်ပြီးလို့တော့ ပြောသင့်တယ်မဟုတ်ဖူးလား၊ တစ်ကယ်ပဲ ပစ်ထားရက်တယ် င့ါကို။ 12 နာရီထိုးတော့ Facebook မှာ သူငယ်ချင်းတစ်ချို့ရဲ့ ဆုတောင်းစာတွေလည်း ဝင်လာနေပြီ။ တစ်ချို့သူငယ်ချင်းတွေက "နင် ဒီနှစ်မွေးနေ့ ဘာအစီအစဉ်မှ မရှိဘူးလား၊ ငြိမ်နေပါလား" ဆိုပြီး စာပို့ပြီးမေးကြသည်။ အမှန်က ဒေါက်တာနဲ့ နှစ်ယောက်ထဲ ဖြတ်သန်းလို၍ ဘယ်သူ့ကိုမှ မွေးနေ့စားဖို့သောက်ဖို့ ကြိုမခေါ်ခဲ့မိ။ Birthday wish တွေကြားထဲက တစ်ခုထဲသော စာလေးတစ်ခုက မစန္ဒာ့ညီမ ထက်ရဲ့ ....
"မ Happy birthday ဒေါက်တာမြသန္တာကျော်က မမွေးနေ့ မနဲ့အတူမရှိဘူးမလား" တဲ့ သူက ဒါကိုဘယ်လိုသိနေတာလဲဆိုပြီး ကျွန်မလည်းစိတ်ဝင်စားပြီး စကားဆက်ပြောမိသည်။
"ဟင် ထက်က ဘယ်လိုသိတာလဲ ဒေါက်တာ မ အနားမှာ ရှိမနေတာကိုလေ"
"အော် ၊ ထက်မမက မြင်းခြံမှာ အလုပ်ကိစ္စနဲ့ရောက်နေတာလေ၊ သူနဲ့မနေ့ကဖုန်းပြောနေတုန်း သူကပြောတာ မမြသန္တာကျော်တို့လည်းရောက်နေတယ်တဲ့ စု ဆိုတဲ့အမကြီးဆိုလား သူ့အဖေရဲ့နာရေးကြောင့် ရောက်နေကြတယ် ပြောတယ်" ကျွန်မ မျက်လုံးတွေများ အမြင်မှားနေသလားလို့ မျက်လုံးတွေကို ပွတ်ပြီး နာမည်ကို ပြန်ကြည့်မိပြီး တိတ်ဆိတ်သွားမိသည် ၊ ထက်ကိုတောင် ဘာစကားမှ ပြန်မပြောနိုင်တော့ ရက်စက်လိုက်တာ ဒေါက်တာရယ်လို့ အတွေးထဲမှာ အကြိမ်ကြိမ်စဉ်းစားနေမိတယ်။ ထက်ဆီက စာနောက်တစ်စောင်ဝင်လာတော့မှ အသိစ်ိတ်ကိုပြန်ကပ်မိသည်။
"မ မနက်ဖြန် ထက်ကို အားရင် မုန့်လိုက်ကျွေးပါလား"
ကျွန်မလည်း တစ်စုံတစ်ယောက်ကို ရွဲ့ချင်၍
" လိုက်ကျွေးမယ်လေ ထက်၊ မနက်ဖြန်ညနေလောက်ဆုံကြတာပေါ့" 

အပိုင်းသစ်မျှော် .....

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now