" သူက မရိုးသားပေမယ့် နှင်းကတော့ ရိုးသားတယ် ဒေါက်တာ သူက နှင်းနဲ့ရင်းနှီးတဲ့ colleague တစ်ယောက်ရဲ့ မောင်မို့ မကောင်းတတ်လို့ စကားလက်ခံပြောနေရတာပါ''
" မင်းတို့ကို ဘာမှရှင်းပြနေစရာ မလိုပါဘူး၊ တို့နဲ့မင်းက ဘာမှမှ မဆိုင်တာ သူအဆင်မှပြေပါ့မလား စိတ်ပူလို့ စောလာလိုက်တာ ပြန်ရတာကတော့ အမောဆို့ခြင်းတွေပဲ''
" မရှင်းပြလို့ရမလား ဒေါက်တာက စွဲချက်တွေတင်နေတာလေ"
" တော်ပြီ တို့ပြန်တော့မယ်'' လို့ဆိုပြီး ကားပါကင်ဘက်သို့ ထွက်သွားလေတော့သည်။ ကျွန်မလည်း ထူပူပြီး သူမပြန်သွားလျှင် ကျွန်မကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ရပါတော့မည် ၊ ကျွန်မလည်း ပြေးသွားပြီး သူမလက်ကိုဆွဲလိုက်ပြီး ....
" ဒေါက်တာပြန်ရင် နှင်းလည်း မဖျော်ဖြေတော့ဘူး ၊ ဖျော်ဖြေလည်း ဘာအဓိပ္ပာယ်မှမရှ်ိတော့ဘူး''
" ဘာဆိုင််လို့လဲ မင်းကို အားပေးမယ့်သူတွေ အများကြီးကို''
" ဒေါက်တာ့ဆီက အားပေးတာပဲ နှင်းလိုချင်တာ ၊ ဒေါက်တာ နှင်း ရဲ့ ခံစားချက်တွေကို မသိတာလား မသိချင်ယောင်ဆောင်နေတာလား''
" မင်း ဟိုကောင်လေးကို ချစ်နေတဲ့ ခံစားချက်လား''ကျွန်မလည်း အက်စကားကို ကြားပြီး စိတ်ဆိုးသွားလိုက်တာ ကိုင်ထားတဲ့ ဒေါက်တာ့လက်ကို ဆတ်ခနဲ လွှတ်ချလိုက်ပြီး သူမရဲ့ ပုခုံးနှစ်ဖက်ကို ကျွန်မလက်နှစ်ဖက်နဲ့ ရမ်းခါလိုက်ကာ .....
" ဒေါက်တာ့စကားတွေ သိပ်လွန်နေပြီ ၊ နှင်း ချစ်တာ အက်ကောင်လေးကို လုံးဝမဟုတ်ဘူး ၊ နှင်း အရမ်းချစ်တာ ဒေါက်တာ့ကို အဲ့ဒါ ဒေါက်တာသိရဲ့လား ၊ မသိချင်ယောင်ဆောင်နေတာလား၊ ပြောပါအုံး ဒေါက်တာရဲ့၊ ဒေါက်တာ ဘာလို့ လူကြီးတစ်ယောက်ဖြစ်နေပြီး ဒီလောက်တောင်မသိရတာလဲဟင် ၊ နှင်းတို့က မိန်းကလေးအချင်းချင်းဖြစ်နေလို့ ဒေါက်တာ မသိချင်ယောင်ဆောင်နေတာလားဟင် ၊ အခုခေတ်မှာ ယောက်ျားလေးနဲ့မိန်းကလေးပဲ ချစ်ရမယ်ဆိုတာတွေ မရှိတော့ပါဘူး ၊ မိန်းကလေးချင်း ချစ်နေကြတာလည်း မဆန်းတော့ပါဘူး"ဒေါက်တာလည်း ထိုစကားကိုကြားပြီးပြီးချင်း ကျွန်မကို သူ့ရင်ဘတ်ထဲ ဆွဲသွင်းလိုက်ပြီး ကျွန်မခေါင်းလေးကို ပွတ်ပေးရင်း
" အက်လိုကြောင့် မဟုတ်ပါဘူး ၊တို့ တောင်းပန်ပါတယ် မင်းကိုအခုလို ခံစားစေမိတဲ့အတွက်ပေါ့၊ တို့နားလည်ပါပြီ မင်းတို့အပေါ်ထားတဲ့ ခံစားချက်ကို ၊ တို့ကို ခွင့်လွှတ်နော်ကလေးလေး ၊ တို့ကလည်း မင်းအစစ အရာရာ အဆင်မပြေမှာစိုးလို့ဘေးကနေ ကူညီပေးမလို့၊ မင်းပင်ပန်းနေလို့ မင်းစားဖို့အတွက် မုန့််တွေလည်း တို့ဝယ်လာခဲ့တာ.. ကဲလာတို့တွေဖျော်ဖြေဖို့ သွားပြင်ဆင်ကြမယ်နော် ..''
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ