ကျွန်မတို့ ရန်ကုန်ကိုမပြန်ခင် တစ်ရက် နှစ်ဆန်းတစ်ရက်နေ့မှာ ဒေါက်တာက အားလုံးအတူတူ မနက်မုန့်စားနေကြတုန်း
" ကိုယ့်သူငယ်ချင်းတွေနဲ့ ကလေးတွေကို အသိပေးစရာတစ်ခုရှိတယ်" သူအက်လ်ို ပြောလိုက်တာနဲ့ ဘာများပြောမှာလဲလို့ အံ့ဩမ်ိသည်၊ သူ့ကိုကြည့်နေတဲ့ ကျွန်မကို သူက တစ်ချက်ကြည့်ပြီး ခပ်ပြုံးပြုံးလေးဖြင့်
" ငါနဲ့နှင်းမေတ္တာမျှနေကြပြီ ၊ နင်တို့နားလည်အောင် ပြောရမယ်ဆို ၊ နှင်းက ငါ့ချစ်သူကောင်မလေးပဲ"
ကျွန်မဖြင့် အံ့ဩလွန်းလို့ မျက်လုံးပါပြူးတယ် ၊ ကျွန်မကိုလည်း ဘာမှမတိုင်ပင်ဘဲ ဒေါက်တာက အားလုံးကို ဖွင့်ချလိုက်တော့ ကျွန်မဖြင့် ယုံတောင်မယုံနိုင်။
အကုန်လုံးက မျက်လုံးအပြူးသားနဲ့ အက်ထဲမှာတော့ မမလွင်မပါ ၊မမလွင်ကရယ်ပြီး
"ငါကလေ မြရဲ့ နှစ်ချို့သူငယ်ချင်းမို့လ်ို့လားမသိဘူး ဒါတွေကိုသိနေသလ်ိုလို အာရုံထဲမှာ"
"ဒါကြောင့် ငါ့သူငယ်ချင်းက မိနှင်းကို အက်လောက် ဂရုတွေစိုက်နေတာကို" မသီရိက ရယ်ပြီးပြောနေလေသည်။ ဒေါက်တာ့သူငယ်ချင်းတွေက ဒေါက်တာ မိန်းကလေးချင်းကြိုက်တာကို မအံ့ဩကြပေ၊ ဇင်ကမှ သူတို့ထက်ပိုပြီးအံ့ဩကာ
"ဟက် နှင်း နင်ကငါ့ကိုရှိုတယ်နော်၊ လုံးဝပိပိရိရ်ိကြီးကို၊ ငါလုံးဝမထင်ထားတာ"
"ငါလည်းနင့်ကိုပြောပြမလို့ပါပဲ ရန်ကုန်ရောက်ရင်၊ ဒေါက်တာက စောသွားလို့ပါဟ"
"ဇင်ရေ နှင်းကိုအပြစ်မပြောပါနဲ့ သူလည်း ဇင့်ကိုပြောပြမလို့ပါပဲ" ဒေါက်တာက ကျွန်မအစားဝင်ပြောပေးရှာသည်။
"အော် မမမြတို့များ သူ့ဘေဘီလေးကို ထိရင်မကြိုက်တာနော်၊ အားကျပါတယ်ကွာ နင့်ကို" ဟုပြောပြီး ကျွန်မလက်မောင်းကိုရိုက်ရင်း ပြောလေသည်။
"ဒီအတိုင်းတော့ တို့တွေ လက်မခံနိုင်ဘူးဟေ့၊ နှစ်ယောက်ပေါင်းပြီး တစ်ဝိုင်းတော့ကျွေးလိုက်၊ နင်တို့အချစ်ခရီးလမ်းသာယာဖြောင့်ဖြူးအောင်"ဒီလိုနဲ့ ကျွန်မတို့အဖွဲ့တွေ KTV ကိုရောက်လာကြပါတယ် ၊ ဒေါက်တာ့သူငယ်ချင်းတွေက တစ်ကယ့်ကို romantic ဆန်လွန်းကြပါတယ်၊ KTV ရောက်တာနဲ့ တစ်ယောက်ကိုတစ်ယောက် ကိုယ်စားပြုတဲ့ သီချင်း တစ်ယောက်တစ်ပုဒ်ဆီ ဆိုပြတဲ့၊ ကျွန်မက ချက်ချင်းကြီးဆိုတော့ မစဉ်းစားတတ်၊ သူက ရှိတယ်တဲ့ သူအရင်ဆိုမယ်တဲ့ ပြောတော့
"အမယ်လေး တို့သူငယ်ချင်း ဆရာဝန်မကြီးကတော့ ကလေးကို စချွေပါတော့မယ်" ဆိုပြီး သူ့သူငယ်ချင်းတွေက ဝိုင်းစနေကြတော့သည်။ ကျွန်မကို သေချာကြည့်ပြီး ဒေါက်တာဆိုပြတဲ့ သီချင်းက ......
🎶🎶ကလေးလေး သိပ်ချစ်တယ် ကိုယ်ဒါလေးပဲ ပြောတတ်တယ်နော်၊ ဘယ်အချိန် ဘယ်လိုစကာ ကိုယ်ချစ်သွားမှန်း မသ်ိခဲ့ပေမယ့်၊ ကိုယ့်အသက် ရှင်သန်နေသရွေ့ ဆက်ချစ်သွားမယ် 🎶🎶🎶🎶
ဒေါက်တာက ထူးအိမ်သင်ရဲ့ စကားလုံးတွေ သိပ်မလိုဘူး သီချင်းလေးနဲ့ ကျွန်မရဲ့ အသည်းကို တစ်ဖြုတ်ဖြုတ် ချွေနေလေရဲ့။ကျွန်မအလှည့်ရောက်တော့ သူ့အတွက် ရည်ရွယ်ပြီး ဆိုပေးလိုက်တဲ့ သီချင်းလေးက ...
🎶🎶 ကြယ်စင်တွေ ခရီးထွက်သွားတဲ့
မှောင်မိုက်ခြင်း နဲ့ ည တယောက်တည်း ကိုယ့်ဘဝမှာ သူ့အလင်းလေပြေငယ်တိုက်ခတ်ရင်းနဲ့ညခင်းတခုရဲ့ အလှသူဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်
နေရောင်ခြည်တောက်ပအုံးမှ
ဒီဘဝ သိပ်လှမယ်အပြင်မှာ တိမ်မဲမိုးသားတို့ ဖျက်ဆီး
သူလာရင်နွေးထွေးခြင်းနဲ့သူ့အလင်းမျှလိမ့်မယ်
ကိုယ်ဟာ တယောက်တည်းလောက အလယ်ပြည့်စုံပြီ
သူ့အချစ်က သိပ်လိုတယ်အားနည်းချက်များကို
အရာရာ ဖြည့်ဆည်းဖို့လူ့ဘဝက သိပ်တိုတယ်
အားလုံးတော့ မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော 🎶🎶သီချင်းဆိုအပြီး ဒေါက်တာက နဖူးကိုလှမ်းနမ်းလိုက်သဖြင့် အားလုံးက ဝိုးခနဲ ဝါးခနဲ လက်ခုပ်တွေတီးကာ ပျော်နေကြပါသည်။ တစ်စုံတစ်ယောက်ကတော့မပါခဲ့ဘူးဆိုတာ မသိခဲ့ပါဘူး။
"ဒေါက်တာက အကုန်လုံးကို အသိပေးမယ်ဆိုတာ သမီးကိုကြိုမပြောထားတော့ သမီးက ကြောင်နေတာ"
"သမီးက တို့ပြောပြတာ မကြိုက်လို့လား"
"ဟာ ကြိုက်ပါတယ် ဒေါက်တာရဲ့ ၊ သမီးဆိုလိုတာက သမီးကိုကြိုပြောပြထားတော့ ကောင်းတာပေါ့ ဆိုပြီးတွေးမိလို့ပါ"
"တို့လည်း အစတုန်းက ပြောမယ်လို့ကြိုမတွေးထားမိဘူး ၊ တို့က ပုံရိပ်တစ်ခုကိုမြင်လိုက်ရပြီး ပိုပြောပြချင်သွားတာ"
"ဘာပုံရိပ်?"
"ဟိုစန္ဒာ့ညီမလေ မင်းနဲ့ကပ်နေပြီးတော့ အတင်းတွေ မုန့်တွေထည့်ကျွေးနေတာ အဲ့ပုံရိပ်က တို့ကိုပြောဖို့ပိုတွန်းအားပေးလိုက်တာ ပြီးရင်မင်းနဲ့တို့က အရာအားလုံးခန္ဓာကိုယ်ချင်းကအစ နီးစပ်ပြီးသွားပြီလေ အဲ့ကြောင့်ပြောပြဖို့လိုပြီထင်လို့ပါ"
"လာပါအုံး ဒီနား ချစ်လိုက်တာ ချစ်သူလေးကို" ဟုဆိုပြီး ကျွန်မရင်ခွင်ထဲ သူမအားထည့်ထားလိုက်တော့သည်။အပိုင်းသစ်မျှော်
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ