Part - 25

2.2K 93 5
                                    

မွေးနေ့မနက်နိုးတော့ ဖုန်းကြည့်ရာ ၈ နာရီလောက်က ခေါ်ထားတဲ့ ဒေါက်တာ့ ဖုန်း missed call ကိုတွေ့ရသည်။

ခေါ်ထားတာကလည်း တစ်ခါထဲ အားနာပါးနာနဲ့ ခေါ်သလို၊ Happy birthday လို့စာလေးတစ်ကြောင်းတောင် မပို့ထားဘူး၊ တော်ပါပြီ မွေးနေ့မှာ စောစောစီးစီးအာရုံနောက်တယ်။ အတွေးတွေကို ဖြတ်ချပြီး ရေမျိုးချိုး အဝတ်အစားလဲပြီး မေမေနဲ့ဘုရားသွား အလှူအတန်းတွေ လုပ်ခဲ့ကြသည်။ ညနေရောက်တော့ ထက် နှင့် ချိန်းထားရာ စားသောက်ဆိုင်ကို ထွက်လာခဲ့သည်။ စားသောက်ဆိုင်ရောက်တော့ ထက်က ရောက်နှင့်လေပြီ။
"ထက် စောင့်ရတာကြာသွားပြီလား လမ်းမှာကားနည်းနည်းပိတ်သွားလို့"
"ရပါတယ် မရဲ့၊ ထက်စောင့်နိုင်ပါတယ်"
"ဟိုဟာလေ ထက်၊ ထက် အမ မစန္ဒာနဲ့ဖုန်းရသေးလား"
"ရတယ်လေ မရဲ့ တစ်ရက်တစ်ခါတော့ ဖုန်းပြောဖြစ်ကြတယ်၊ အိမ်မှာက ထက်တစ်ယောက်ထဲကျန်ခဲ့တာလေ၊ ဖေမေတို့က တရားစခန်းဝင်နေကြတာဆိုတော့"
"ဒါပေါ့ မစန္ဒာက သူ့ညီမလေးကို စိတ်ပူမှာပေါ့၊ မ အမတွေလည်း အက်လိုပဲ"
"မ မွေးနေ့မှာ ဒေါက်တာမြက မ နားမှာရှိသင့်တာပေါ့၊ စု ဆိုတဲ့အမကြီးနဲ့သူနဲ့ အတော်ခင်ကြပုံပဲ ၊ အဲ့အမကြီးက အိမ်ထောင်ပြုခါနီး သူတွဲနေတဲ့သူနဲ့လည်းပြတ်သွားလို့ စီစဉ်ထားတာတွေ အကုန်ပြတ်ကုန်တယ်ပြောတယ် မမက"
"စု ဆိုတဲ့အမကြီးကလား"
"ဟုတ်တယ် မမ ပြောတာပဲ ၊ အက်တာတွေထားပါ မ အတွက် မွေးနေ့လက်ဆောင် ဆွဲကြိုးလေး ၊ ထက် ကိုယ်တိုင်ဆွဲပေးလို့ ရလား"
"အက်တာတွေ မလိုပါဘူး ထက်ရယ် ပိုက်ဆံတွေ ကုန်တာ​ပေါ့"
"မ ရယ် ဆွဲကြိုးသေးသေးလေးပဲဟာ တန်ဖိုးဘယ်လောက်မှမရှိပါဘူး"

ထက်နဲ့ dinner စားနေကြတုန်း ဒေါက်တာ့ဆီက ဖုန်းဝင်လာသဖြင့် ....
" ထက် ခဏနော် ဖုန်းပြောပြီး ပြန်လာခဲ့မယ်" ဟုဆိုကာ ထက်ရှေ့က ထွက်လာခဲ့လိုက်သည်။ ဖုန်းကိုင်လိုက်တာနဲ့ ဒေါက်တာက
"Happy birthday နှင်းလေး ၊ မွေးနေ့မှာပျော်ရွှင်ပါစေကွယ် ၊ မနက်ကတို့ဖုန်းခေါ်ထားတာ ဘာလို့ပြန်မခေါ်တာလဲကွယ်"
"ဖုန်းခေါ်ထားတာ တွေ့သားပဲ ပြန်ခေါ်ချင်စိတ်မရှိလို့ ၊ မိတ်ဆွေတစ်ယောက် အဖေနာရေးဆိုတာ အဲ့မိတ်ဆွေက ရည်းစားဟောင်း စု ဆိုတာ ဘာလ်ို့မပြောခဲ့တာလဲ၊  ဒေါက်တာတို့က မရိုးသားကြလို့မပြောခဲ့တာလား"
"မဟုတ်ပါဘူး သမီးရယ် ၊ ပြန်လာရင်တို့အကုန်ပြောပြမှာပါ ၊ ကြိုပြောသွားရင် သမီးစိတ်ပင်ပန်းနေရမှာစိုးလို့ပါ"
"တော်ပါ ဟိုတစ်ယောက်ကလည်း အိမ်ထောင်ပြုခါနီး တွဲနေတဲ့သူနဲ့ ပြတ်သွားတော့ ပျော်ရွှင်ပြီးသွားတာနေမှာပေါ့ ၊ အရမ်းချစ်ခဲ့တာမလား သူ့ကို"
"မင်း တော်တော့ ၊ တို့ကိုဘယ်လိုမိန်းမစားမျိူး ထင်နေလဲ၊ မင်းပြောနေတဲ့ပုံက သူငယ်နှပ်စားတစ်ယောက်ကို ပြောနေသလိုဖြစ်နေပြီကွ၊ ငါ့မှာလည်း ငါ့ဂုဏ်​သိက္ခာအဆင့်အတန်း ရှိတယ်ဆိုတာ မင်းမမေ့နဲ့၊ မင်းပြောသလို သစ္စာမဲ့ပြီး လုပ်ချင်ရာလုပ်တတ်တဲ့ လူစားမျိုးမဟုတ်ဘူးငါက၊ ခုလာတယ်ဆိုတာကလည်း သူ့အမေက ငါ့အပေါ်ကောင်းခဲ့ဖူးလို့ လာကူညီပေးတဲ့ သဘောပဲ ၊ ဒါတွေပြောပြနေလို့လည်း အလကားပါပဲ ၊ မင်းက ကိုယ်ထင်ချင်ရာ ထင်နေတာပဲ"
"ဟုတ်ပါတယ် ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံလွန်းတဲ့ ရှင်က အမြဲမှန်ပါတယ်၊ ကျွန်မကပဲအမြဲမှားတာပါ၊ ပြောလို့ပြီးပြီးဆိုလည်း ဒါပဲ ၊ အော်ဒါနဲ့ ရှင်က ကျွန်မမွေးနေ့မှာ အချိန်မပေးနိုင်ပေမယ့် ကျွန်မကိုအချိန်ပေးနိုင်တဲ့ ထက်နဲ့ dinner စားနေတာအခုက"
"မင်း.. မင်း ငါမကြိုက်ဖူးပြောထားရက်ကွာ ၊မင်းအပေါ်ထားတဲ့ င့ါချစ်ခြင်းမေတ္တာတွေကိုလည်း စော်ကားတယ် ၊ ငါ့သ်ိက္ခာကိုလည်း စော်ကားတယ် ၊ မင်းကိုတော်တော်စိတ်ပျက်သွားပြီ"
"ဘေးနားမှာ စု က အဆင်သင့်ရှိနေတော့ ဒီလိုစကားမျိုးပြောထွက်တာပေါ့နော် ၊ ရှင်ပေးတဲ့ မွေးနေ့လက်ဆောင် အတွက်တော့ ကျေးဇူးပါရှင် ၊ ကျွန်မတို့ ဒီဘဝဒီမျှနဲ့ပေါ့"
"မင်း ဘက်က အက်လိုစကားမျိုး အရင်ထွက်တာနော်၊ ငါ မင်းကို ယုံကြည်ပြီးင့ါဘဝကို ပေးခဲ့တာ ငါအမှားတစ်ခုကို ကျူးလွန်လိုက်တာပဲ"
"ရှင်ထင်ချင်သလို ထင်လို့ရတယ်၊ ဒါပဲနော်"

ကျွန်မလည်း နိုင်ချင်ဇောနဲ့ ပြောချင်ရာပြောပြီး ဖုန်းချလိုက်သည်။ ထက်နဲ့ဟန်မပြတ် dinner စားနေပေမယ့် ရင်ထဲကနေ လှိုက်တက်လာတဲ့ ငိုချင်စိတ်ကိုမထိန်းနိုင်ရင်
"ထက်ရေ မကို အရင်ပြန်ခွင့်ပြုနိုင်မလား ၊ မ နေလို့သိပ်မကောင်းလို့"
"မ ဘာဖြစ်လို့လဲဟင် ဖုန်းထပြောပြီးကတည်းက မျက်နှာမကောင်းတော့တာ သတိထားမိတာ"
"နောက်မှ မ ပြောပြပါ့မယ် ၊ ခု မပြန်ပြီနော် ၊ ပိုက်ဆံရှင်းခဲ့လိုက်မယ်"

ကားပေါ်ရောက်တာနဲ့ ချက်ချင်းငိုချမိသည်။ ဘယ်ကနေ ဘယ်လိုစပြီး မှားယွင်းခဲ့ကြတာလဲ၊ အနိုင်လိုချင်စိတ်၊ ရွဲ့ချင်စိတ်တွေကြောင့် ခုတော့အပြတ်ပြတ်နဲ့ နှာခေါင်းသွေး ထွက်ကြရပြီ ၊ တစ်ကယ်ပဲ ဇာတ်လမ်း အဆုံးသတ်ကိုရောက်ပြီလား?

အပိုင်းသစ်မျှော် —————

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now