Part - 27

1.9K 89 4
                                    

မမလွင်တို့ အိမ်ကိုရောက်တာနဲ့ မမလွင် မေမေ အန်တီဝါက ... "အမယ်လေး နှင်းတို့များ သူ့သူငယ်ချင်း ဇင် မရှိတာနဲ့ အိမ်ဘက်ကို ပေါ်ကိုမလာတော့တာ အန်တီတော့ မမေ့ပါဘူး ကိုယ့်သမီးကို"
"သမီးလည်း သတိရပါတယ် အန်တီရယ် အလုပ်လေးတွေ မအားလို့ပါ"
"သမီး ကြိုက်တဲ့ ကော်ရည်ခေါက်ဆွဲ ထည့်စားနော် အားမနာနဲ့ သမီးမမလွင်ကို သွားခေါ်ပေးမယ် သူကအနောက်ခဏသွားလို့"
"အပင်ပန်းခံလို့အန်တီရယ် သွားမခေါ်ပါနဲ့ သမီးအေးဆေးနေမှာပါ မမလွင် ထွက်လာမှ သမီးကိုတွေ့ပါစေ"
"အေးပါ အလုပ်အဆင်ပြေလား သမီး မေမေရော နေကောင်းရဲ့လား"
"ဟုတ်ကောင်းတယ် အန်တီ"
"အေးအေး စားနော်သမီး" ဟုဆိုကာ ဘေးကနေ ပန်းကန်ထဲကို ဟိုဟာထည့်ပေးလိုက် ဒီဟာထည့်ပေးလိုက် လုပ်ပေးနေရှာသည်။ ဇင်တို့မေမေက အရမ်းကြင်နာနွေးထွးပေးတတ်လွန်းပါတယ် ၊ အရင်ကဆို သူတို့အိမ်ချောင်းပေါက်မတတ် သွားခဲ့ပေမယ့် ခုနောက်ပိုင်း ဒေါက်တာ့ကိုအချိန်ပေးဖြစ်နေတာရော ဇင် မရှိတာရောကြောင့် မရောက်ဖြစ်တာ အတော်ကြာသွားခဲ့တာ။ ခဏနေမှ မမလွင်က အနောက်ကထွက်လာပြီး
"နှင်း ရောက်နေတာကြာပြီလား မမလွင်က မလာတော့ဘူး လို့တောင်ထင်နေတာ"
"မလာစရာလား မမလွင်ရယ် ကိုယ့်မိသားစုတွေပဲဟာ မမလွင်တို့က၊ ဘာဝယ်လာရမှန်းမသိလို့ ပန်းချီကားလေး အမှတ်တရ လက်ဆောင်ဝယ်ခဲ့တယ် မမလွင်"
"ရပါတယ် နှင်းရယ် အက်တာတွေမလိုပါဘူး၊ မမလွင် နှင်းနဲ့ ပြောစရာစကားလေးတွေရှိတယ် ၊ နှင်းစားပြီးရင် မမလွင်အခန်းထဲသွားကြရအောင်"
"ဟုတ် မမလွင်" လို့သာ ပြောလိုက်ရတယ် အနည်းငယ်တော့ ရင်ထိတ်နေရပါတယ် ၊ ဒေါက်တာနဲ့ပတ်သက်တဲ့ အကြောင်းပဲ ပြောမယ်ဆိုတာ သိသာလွန်းလှပါတယ် ၊ မမလွင်မျက်နှာကလည်း သိပ်တော့မကောင်းလှပါ။ သူ့အခန်းထဲရောက်တာနဲ့ မမလွင်က
" နှင်း မမလွင်ကို အမအရင်းတစ်ယောက်လိုမျိုး သဘောထားပြီး မမလွင်မေးတာ သေချာဖြေနော်"
"ဟုတ် မေးပါ မမလွင်"
"နှင်း မမလွင် သူငယ်ချင်း မြ ကို တစ်ကယ်ချစ်ခဲ့တာမလား"
" ဘယ်လိုမေးလိုက်တာလဲ မမလွင်ရယ် တစ်ကယ်ချစ်ခဲ့တာပေ့ါ ၊ နှင်းက မမလွင်သူငယ်ချင်းကို တစ်ကယ် အချစ်စစ်နဲ့ ချစ်ခဲ့တာပါ၊ မမလွင် သူငယ်ချင်းကသာ"
" နှင်းတို့ ပြသနာဖြစ်တဲ့ကိစ္စကို မမလွင်အကုန်သိပြီးပါပြီ ၊ စုနဲ့ မြနဲ့က အခုချိန်မှာ တစ်ကယ့်ကို သာမာန်မိတ်ဆွေတွေထက် မပိုတဲ့ဆက်ဆံရေးတစ်ခုပါ ၊ စုအဖေ နာရေးကိုသွားတယ်ဆိုတာကလည်း တစ်ချိန်က သူတို့မိသားစုက မြအပေါ် သမီးအရင်းလေးတစ်ယောက်လို မေတ္တာတွေပေးပြီး ကောင်းခဲ့ကြလို့ပါ၊ နှင်းက ချစ်တယ်ဆို မြကို ယုံကြည်မှုတွေပေးပြီး သဘောထားကြီးပေးသင့်တယ်လေ"
"ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ နှင်းလွန်တာတွေလည်းရှိခဲ့ပါတယ် ၊ ဒါပေမယ့် မမလွင် သူငယ်ချင်းလည်း နည်းနည်းတော့လွန်ပါတယ် နှင်းကို အမှန်အတိုင်းပြောပြခဲ့ပြီး သွားရင်တောင် နှင်းဒီလောက်စိတ်ဆိုးမှာ မဟုတ်ဘူး"
"အော် ဒါကလည်း မြက နှင်းသူ့ကိုစိတ်ပူနေရမှာစိုးလို့ မပြောဖြစ်ခဲ့တာပါ၊ မမလွင်တစ်ယောက်လုံးလည်းအတူတူပါသွားတာပဲကို ၊ မမလွင်ခုလိုတွေ ပြောပြပေးနေတာကလေ နှင်းတို့ကို တစ်ကယ်ပြန်ပြီး အဆင်ပြေစေချင်တာ၊ မြကလေ နှင်းနဲ့တွေ့မှ သူ့ဘဝကပိုပြီးအဓိပ္ပာယ်ရှိပြီး ပိုပျော်ရွှင်စိတ်ချမ်းသာလာရတယ်ဆိုတာ မမလွင်အသိဆုံးပါ ၊ နှင်းရဲ့မမမြက သူ့ဘေဘီလေး
နှင်းကို ဘယ်လောက်ထိသည်းသည်းလှုပ် ချစ်လဲဆိုတာ နှင်းကသာမသိတာ ဘေးကလူတွေဖြစ်တဲ့ မမလွင်တို့ကတောင် သိတယ်၊ ခံစားလို့ရတယ်ကွ၊ နောက်ဆုံး စုကပါ သိသွားတယ် မြ နှင်းအပေါ် ဘယ်လောက်ချစ်လဲဆိုတာ"
" စုက ဘယ်လိုသိသွားတာ"
" မြက တစ်ခုခုဆို ဒါလေးကတော့ နှင်းကြိုက်တာ ဒါလေးကတော့ နှင်းမကြိုက်ဖူး နှင်းကလေ ဘယ်လိုဘာညာ တစ်ဖွဖွပြောနေရှာတာ၊ စုလည်းသိသွားမှာပေါ့ သူ့အတွက် မြရင်ထဲမှာ နေရာမရှိတော့ဘူးဆိုတာ"
" အာ့ဆို နှင်း ပြန်ခေါ်သင့်လား မမလွင် ဒေါက်တာ နှင်းကို စိတ်နာနေပြီလားမသိဘူး"
"အော် နှင်းရယ်၊ နှင်းနဲ့ ပြသနာတွေဖြစ်ပြီး နောက်နေ့မှာ မြက ဘာပြောတယ်ထင်လဲ နှင်းက ချစ်စရာကောင်းပြီးမြတ်နိုးစရာလည်းကောင်းတယ်တဲ့၊ ဒါပေမယ့် ငယ်တဲ့သူဖြစ်တာကြောင့် ဖြစ်ချင်တာမဖြစ်ရရင် နွဲ့ဆိုးဆိုးချင်တယ်တဲ့ ၊ ဒါပေမယ့် သူကလည်း အဲ့လူဆိုးမလေးကို ဘယ်လိုကိစ္စတွေပဲဖြစ်ဖြစ် ချစ်မြတ်နိုးနေမိတုန်းပဲတဲ့ ၊ နှင်းရယ် မဝေးစမ်းပါနဲ့ ၊ ပြောလက်စနဲ့ ကုန်ကုန်ပြောမယ် ၊ နှင်းတို့က ရိုးရိုးချစ်သူအဆင့်တောင် မဟုတ်တော့ဘူးမလား ၊ တို့သူငယ်ချင်းက နှင်းကို ချစ်လွန်းလို့သာ အက်လိုတွေ လိုက်လျောခဲ့တာ ၊ မြက စိတ်နာသွားတယ်ဆိုရင်တောင် င့ါညီမက ပြန်ပြီးကြိုးစားရမှာလေ၊ ဒါပေမယ့် နှင်း ဒေါက်တာက နှင်းကို စိတ်မနာရက်ဘူးဆိုတာ မမလွင် အာမခံတယ်"
"ဟုတ်တယ်နော် နှင်း အများကြီး မှားသွားတယ် ၊ နှင်းက အငယ်ဖြစ်ပြီး ဒေါက်တာကို အကြာကြီးပစ်ထားမိတယ် ၊ နှင်းလည်းဒေါက်တာနဲ့ အဆင်မပြေဖြစ်ကတည်းက နာကျင်ခံစားနေရတာပါ မမလွင်ရယ်"
"အေးလေ နှင်းတို့က အချစ်စစ်နဲ့ချစ်ကြတာပဲ ၊ ခံစားရမှာပေါ့ ၊ မမလွင်ကိုလာပြောပြမနေနဲ့၊ နှင်း ဒေါက်တာသိအောင်သာ သွားပြောပြလိုက်၊ သေချာစဉ်းစားပြီး ဆုံးဖြတ်နော် ၊ မြကို နှင်းချစ်သေးတယ်ဆိုရင်ပေါ့"

မမလွင်အိမ်ကထွက်လာပြီး ကားကိုဦးတည်လိုက်တာက နှင်းရဲ့ နှလုံးသားလေးဒေါက်တာရှိတဲ့ ဆေးရုံဆီသ်ို့ ....

အပိုင်းသစ်မျှော် - - - -

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now