Part - 9

2.6K 134 3
                                    

ကျွန်မ ထိုနေ့ညက တစ်ညလုံးနီးပါး အိပ်မ​ပျော်ပါ ... ကျွန်မ ဒေါက်တာ့ကိုချစ်မိနေသည်မှာ အသေအချာပင် ... ငယ်ကတည်းက ရည်းစားထားခဲ့လည်း လပိုင်းလောက်သာထားခဲ့တဲ့ ကျွန်မ ... ကောင်လေးချောချောလေးတွေထက် ကောင်မလေး အထူးသဖြင့် ကိုယ့်ထက်ကြီးတဲ့ အမျိုးသမီးတွေကို လိုက်ငေးတတ်တဲ့ ကျွန်မ ... ကျွန်မကိုယ့်ကိုကိုယ် သတ်ိထားမိနေတာကြာပေမယ့် ဒေါက်တာနဲ့တွေ့လိုက်ချိန်မှာ ကျွန်မသေချာသွားခဲ့ပါပြီး ... ကျွန်မ ဒေါက်တာ့ကို အရမ်းချစ်မိသွားခဲ့ပါပြီ ... ဒေါက်တာနဲ့ ညတ်ိုင်းလိုလို ဖုန်းတွေပြောချင်မိသည် .. နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝမှာ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ ၊ အောင်မြင်မှု ၊ ကျရှုံးမှုတွေကို ကျွန်မ ဒေါက်တာနဲ့အတူတူ ဝေမျှချင်မိသည် ... ကျွန်မသာ ဒီလိုဖြစ်နေတာ ဒေါက်တာကကော ကျွန်မလို ခံစားရပါ့မလား .... ကျွန်မ သိပ်ကိုဝေခွဲရ ခက်လိုက်တာရှင်....

တနင်္လာနေ့ဖြစ်သည့်အတွက် ကျွန်မပုံမှန်အတိုင်း ရုံးတက်ရပြန်သည် ... တနင်္လာနေ့ ကျွန်မတို့ lunch time ဆို အပြင်မှာသွားစားဖြစ်သည် ၊ သက်သက်ပျင်းစရာကောင်းတဲ့ တနင်္လာနေ့ကို ပျော်စရာကောင်းအောင် ဆွဲဆောင်ထားခြင်းသာဖြစ်သည် ။

အရင်တုန်းကတော့ ကျွန်မတို့ ဌာနမှာ ကျွန်မအပါအဝင် မမစုရည် ၊ မလှိုင် ၊ မသူ လေးယောက်သားအတွဲညီခဲ့ကြသည် ၊ မသူနဲ့ဆို ပိုလို့တောင်ညီခဲ့ကြသည် ၊ မသူ မောင်လေးက ကျွန်မကို ကြိုက်ခဲ့သည်ကအစပြုပြီး မသူကလည်း ကျွန်မကို ယောင်းမ အတင်းတော်ချင်ကာ ကြားကအောင်သွယ် လုပ်လွန်းသဖြင့် ကျွန်မတို့ဆက်ဆံရေးက အေးဆက်လာခဲ့သည် နောက်ပိုင်း မသူက တစ်ခြားရုံးခွဲတစ်ခု ပြောင်းသွားသဖြင့် ပိုဝေးကွာသွားသည် ၊ သို့သော်ကြားထဲ အလုပ်ကိစ္စတစ်ခုခုပြောစရာရှိလို့ ဖုန်းဆက်ရင်တော့ အမြဲသူ့မောင်လေးက မျှော်နေသေးကြောင်း ထည့်ပြောတတ်သည်။

ကျွန်မဒီနေ့ယောဂသင်တန်းသွားတော့ တီချယ်က သင်တန်း (၁၀) နှစ်ပြည့်ပွဲလေးလုပ်ဖို့ရှိကြောင်း section တိုင်းက အဆို ၊ အက ၊ အတီး ဝါသနာပါတဲ့ သင်တန်းသားတွေ ကူညီပြီးဖျော်ဖြေပေးဖို့ ကြော်ငြာလာသည်။ သို့သော် ကျွန်မတို့ အဖွဲ့တစ်ဖွဲ့လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တုပ်တုပ်မှ မလှုပ်ကြချေ။

တစ်ယောက်မှ မလှုပ်ကြတော့ တီချယ်က ... "တီချယ်သိလို့ အဆိုအကအတီး လုပ်တတ်တဲ့သူတွေကို  သင်တန်းစတက်တုန်းက ဖြည့််ထားတဲ့ ဖောင်တွေကြည့်ပြီး ရွေးချယ်လာခဲ့တာ ထူးဆန်းစွာနဲ့ပဲ ဒီအတန်းမှာ အလွန်ရှားပါးလွန်းလှသည့် စန္ဒယားတီးတတ်တဲ့သူ နှင်းပါနေတာ အံ့ဩစရာပါ ... ''တီချယ်အက်လ်ို ပြောလိုက်တာနဲ့  သင်တန်းသားအားလုံးရဲ့ မျက်လုံးတွေက ကျွန်မဆီရောက်လာတော့သည်။ အဆိုးဆုံးမှာ ဒေါက်တာပင်။ လုံးဝအံ့ဩမှု အပြည့်နဲ့ ကျွန်မကိုစိုက်ကြည့်နေတာ။ ဆက်လက်ပြီး တီချယ်က သမီး နှင်း စန္ဒယားတီးသီချင်းဆိုပြီး တီချယ်တို့ပွဲကို ကူညီပေးနိုင်မလား ဆိုပြီး တီချယ်က တောင်းဆိုလာတော့ ကျွန်မ အားနာနာနဲ့ ခေါင်းညှိတ်မိသည်။

"နှင်းကို ကျေးဇူးတင်ပါတယ် ... သမီးရတဲ့ သီချင်းကိုပဲ အဆင်ပြေသလို ဖျော်ဖြေနော် .. ၁၀ ရက်လောက်တော့ လိုသေးပါတယ် ...''
"ဟုတ် တီချယ် သမီးဒီကြားထဲ တိုက်လိုက်ပါ့မယ်''

ကျွန်မတို့ ပြန်တော့ ဒေါက်တာက ကျွန်မကို ခပ်ဆတ်ဆတ် အသံနဲ့ ... "မင်းကလျှိူတတ်သားနော် ၊ မင်းစန္ဒယားတီးတတ်တာကို တို့တောင်မပြောပြဘူး''
" ဟာ ဒေါက်တာ နှင်းက်ို မင်းလို့ သုံးပြန်ပြီနော် ဒေါက်တာက"
"ဘာဖြစ်လဲကွယ် မင်းတောင်တို့ကို မင်းစန္ဒယားတီးတတ်တာ မပြောပြသေးတာပဲ''
" ဟယ် ဒေါက်တာက အက်တာကို စိတ်ဆိုးနေတာလား  ဒေါက်တာရယ် စိတ်ဆိုးပါနဲ့ နှင်းက စကားမစပ်မိလို့ပါနော်"
" တို့စိတ်ဆိုးပြေအောင် မင်း တို့ တီးခိုင်းဆိုခိုင်းတဲ့ သီချင်းကို ဆိုရမယ်''
" အမယ်လေး အချိန်ကနည်းနည်းပဲရတာ ဒေါက်တာရဲ့" လို့ ကျွန်မပြောလိုက်ဆို ဒေါက်တာက နှုတ်ခမ်းကို ဆူပြီး

" ရပါတယ် မင်းမလုပ်ပေးချင်တာ သိပ်သိသာတာပဲ ၊ ဘာသီချင်းမှန်းလည်းမသိသေးပဲ မင်းက တန်းကိုငြင်းချင်နေတာ"
" မဟုတ်ပါဘူး ဒေါက်တာရယ် သီချင်းပြောနော်''ဟု ကျွန်မလည်း သူမအမူအရာကို ချစ်လွန်းလို့ သူမရဲ့ လက်မောင်းကိုဖျစ််ပြီး ဆိုလိုက်မိသည်။
"ဟယ် တို့ကမင်းထက်ကြီးတယ်နော် လူကြီးကို လက်မောင်းညှစ်လား ဘာလားနဲ့"
"ဒေါက်တာက အသည်းယားစရာကောင်းနေလို့ ဟီး"

အပိုင်းသစ်မျှော် ————————

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now