Unicod
"ဘာ ငါ့ကလေး ပျက်ကျသွားတယ်ဟုတ်လား...မဖြစ်နိုင်တာကွာ"
"ငယ် တောင်းပန်ပါတယ်ကိုကိုရယ်..ကိုကို့ ရင်သွေးလေးကို မမွေးပေးနိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်"
"ဒါတောင်းပန်ရုံနဲ့ ပြီးသွားမဲ့ကိစ္စမဟုတ်ဘူးကွ.."
"ငယ်တမင်လုပ်တာမှမဟုတ်တာကိုကိုရယ်...ငယ် ချော်လဲသွားတာပါ"
"အေးပေါ့ အခု ငါတို့ရင်သွေးလေးလည်းမရှိတော့ဘူးဆိုတော့ မင်းနဲ့ငါနဲ့ဇာတ်လမ်းလည်း ဒီနေ့ကစပြီး ပြီးပြီပေါ့"
"ဟင်...ကိုကို ဘာပြောလိုက်တာလဲ ကိုကိုနောက်နေတာလား...ဒါနောက်စရာမဟုတ်ဘူးနော်ကိုကို..ကိုကိုသွေးပူနေတုန်းမို့လို့ဒီလိုစကားတွေပြောနေတာလား"
"ငါတကယ်ပြောနေတာမှိုင်းရိပ်ညို...ငါက ငါ့ကလေးမျက်နှာကြောင့်သာ မင်းနဲ့ဆက်တွဲနေတာ..မင်းကိုငါမချစ်တော့တာကြာပြီ..အခုငါ့ကလေးလည်း မရှိတော့ဘူးဆိုတော့ ငါတို့ဇာတ်လမ်းလည်းဒီမှာတင်ရပ်ကြတာပေါ့"
"ငယ်နဲ့ကိုကိုရဲ့ဆက်ဆံရေးကို ကိုကိုက ဒီလိုလွယ်လွယ်နဲ့ဖြတ်တောက်တော့မယ်ပေါ့...ငယ့်ဘက်ကိုကောငဲ့မကြည့်တော့ဘူးလား..ကိုကို့ကိုယုံလို့ ကိုကို့နောက်လိုက်လာပြီး ငယ့်ဘဝတစ်ခုလုံးကိုပုံအပ်ထားတာလေ"
"ကျစ် မင်းကိုငါမချစ်တော့ဘူးလို့ပြောနေတယ်လေ.."
"မရဘူးနော် ကိုကို ဒီလိုလွယ်လွယ်နဲ့တော့ငယ့်ကိုထားသွားလို့မရဘူးနော်...ငယ် တောင်းပန်ပါတယ်ကိုကိုရယ်"
"ဟာကွာ ဖယ်စမ်းပါ"
ယောင်္ကျားတစ်ယောက်ရဲ့အားနဲ့တွန်းလိုက်တာကြောင့်မှိုင်းရိပ်ညိုရဲ့ ကိုယ်လုံးလေးဟာ အဝေးကိုလွင့်စင်သွားလေသည်။အခုမှ ကိုယ်ဝန်ပျက်ကျခါစမို့လို့ အားမရှိသေးတာကြောင့် သူမ တော်တော်နဲ့ပြန်ထလို့မရပေ။သူမအရှေ့က သူမသိပ်ကိုချစ်ရတဲ့ အမျိုးသားကတော့ သူမကိုကျောခိုင်းပြီးထွက်သွားလေသည်။
"ရှင်တစ်နေ့ ပြန်ပြီးခံစားစေရမယ် သျှားခန့်မောင်...ကျွန်မအခု ခံစားနေရတာထက် အဆပေါင်းများစွာရှင်ပြန်ခံစားစေရမယ်..မှိုင်းရိပ်ညို ဆိုတဲ့ကျွန်မဟာ အချစ်လည်းကြီးသလိုအငြိုးလည်းကြီးတယ်ဆိုတာ ရှင်တစ်နေ့သိစေရမယ်"
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")