"Part-14"

10K 503 3
                                    

Unicod

ဒီနေ့လည်း အမျိုးသမီးက အိမ်ပြန်နောက်ကျကာ ပြန်လာတော့လည်း အရက်နံ့ကိုမွှန်ထူလို့ အရင်ကထက်ပိုများအောင်သောက်လာတယ်ဆိုတာကို တိမ်လွှာတပ်အပ်သိလေသည်။ဒီနေ့တော့ အမျိုးသမီးတစ်ယောက်ထဲ ကားမောင်းပြန်လာတာကြောင့် တိမ်လွှာပို၍ပင် စိတ်ပူရလေသည်...ဟိုလူကြီးလိုက်ပို့တဲ့ပုံရိပ်ကိုမြင်ကြည့်တော့လည်း တိမ်လွှာ့ရင်ထဲဆူးခနဲကိုအောင့်လို့ တကယ်ပါအမျိုးသမီးကတိမ်လွှာ့ကိုရူးအောင်သိပ်လုပ်နိုင်တဲ့အမျိုးသမီးတစ်ဦးပင်။

"တိမ်လွှာ..တို့ကိုအခန်းထဲမပို့နဲ့အုံး တို့မင်းနဲ့စကားပြောချင်သေးတယ်"

"ဟို မနက်မှပြောပါလား အမျိုးသမီးရယ်..အရေးကြီးတဲ့စကားတွေဆို ဒီချိန်မှာ မပြောတာကောင်းမယ်ထင်လို့ပါ"

"တို့အရက်အများကြီးသောက်မိတာလည်းတို့သိတယ်...ဒါပေမဲ့တို့ လူမှန်းသူမှန်းမသိအောင်မူးနေတာလည်းမဟုတ်ဘူး အဲ့တာကြောင့်အဆင်ပြေတယ်"

"အော် ဟုတ်ကဲ့ပြောပါအမျိုးသမီး"

အနည်းငယ်ယိမ်းယိုင်နေတဲ့ခြေလှမ်းတွေနဲ့ ဆိုဖာပေါ်ကိုသွားတော့ တိမ်လွှာလည်း အနောက်ကနေ လိုက်ကာ..အမျိုးသမီးရဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တာနဲ့ အမျိုးသမီးက တိမ်လွှာ့ကိုသူမရဲ့တောက်ပတဲ့မျက်လုံးတွေနဲ့တစ်ခါ စိုက်ကြည့်လာပြန်သည်။ဒါပေမဲ့ အရင်ကမျက်လုံးတွေနဲ့မတူတော့..တိမ်လွှာသေချာကြည့်မှ အမျိုးသမီးရဲ့မျက်လုံးတွေက ဝမ်းနည်းမှုဘက်ကိုသွားနေတာကြောင့်...

"အမျိုးသမီးမှာစိတ်ညစ်စရာများရှိလို့လားဟင်...ရှိရင် တိမ်လွှာ့ကိုရင်ဖွင့်လို့ရတယ်နော်..တိမ်လွှာဘယ်သူ့ကိုမှပြန်မပြောပါဘူး"

"ရှိတယ်...တို့အရမ်းကိုစိတ်ညစ်နေတယ် ဒီနေ့ တို့ရဲ့စိတ်ညစ်စရာတွေရော တို့ရဲ့ခံစားချက်တွေရောကို မင်းကိုရင်ဖွင့်မှာ..အဲ့တာကြောင့် ငါမင်းရဲ့ နားနှစ်ဖက်ကိုငှားလို့ရမလား"

"ငှားခအနေနဲ့ အမျိုးသမီးကဘာပေးမှာလဲ"

တိမ်လွှာကတော့ အမျိုးသမီးခဏတာပျော်အောင်ဆိုပြီး စလိုက်ပေမဲ့ အမျိုးသမီးကတစ်ချက်မှမပြုံးတဲ့အပြင် တိမ်လွှာ့ကို လေးနက်တဲ့မျက်လုံးတွေနဲ့တစ်ဖန်စိုက်ကြည့်လာပြန်သည်..ဒီတစ်ခါစိုက်ကြည့်လာတဲ့ အမျိုးသမီးရဲ့မျက်လုံးတွေက မိုးသည်း တိမ်လွှာ့ကို ဖွင့်ပြောတုန်းကစိုက်ကြည့်ခဲ့တဲ့မျက်လုံးတွေနဲ့သိပ်ကိုတူလေသည်။

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now