"part-13"

9.5K 484 3
                                    

Unicod

အခုတလော အမျိုးသမီးက တိမ်လွှာ့အပေါ်ကို အရင်ကလောက် မခက်ထန်တော့ပေ..တိမ်လွှာ ဆေးရုံ‌က‌ဆင်းတဲ့နေ့တုန်းကလည်း အမျိုးသမီးကတိမ်လွှာ့ကို မျက်စိရှေ့ကနေအပျောက်မခံတဲ့အပြင် ထူးထူးဆန်းဆန်းဂရုတစိုက်ရှိလာတာတွေက တိမ်လွှာ့အဖို့ ထူးဆန်းတဲ့ဖြစ်ရပ်ဆန်းကြီးတစ်ခုလိုပင်။

"တို့ ‌company ကိုသွားလိုက်အုံးမယ်..တို့မင်းကိုစိတ်ချမယ်နော်"

"စိတ်ချလက်ချသွားပါအမျိုးသမီးရဲ့..တိမ်လွှာကလိမ္မာနေပါပြီ"

"မင်းလိမ္မာလာတာက စိတ်ချလို့ရပေမဲ့...မင်းကိုအပြစ်ပေးလို့မရတော့တာကတော့ အဆင်မပြေဘူး"

ပြောပြီး ထွက်သွားတဲ့အမျိုးသမီးက ဘယ်စကားကို ဆိုလိုသွားတာလဲဆိုတာ တိမ်လွှာသိပ်သိတာပေါ့..အမျိုးသမီးကတိမ်လွှာ့ကို မုန်းချင်မုန်းနေလိမ့်မယ်..ဒါပေမဲ့ တိမ်လွှာ့ရဲ့နှုတ်ခမ်းတွေကို‌တော့အမျိုးသမီးကသိပ်ကြိုက်တယ်ဆိုတာကိုတော့ တိမ်လွှာ သိလေသည်။

အမျိုးသမီးရဲ့ဘေးမှာနေတဲ့တစ်လျှောက်တိမ်လွှာ ‌သိလိုက်ရတာက အမျိုးသမီးက ဆေးရုံတစ်ခုထဲကိုပဲပိုင်တာမဟုတ်.. အမျိုးသမီးမှာ နောက်ထပ်လုပ်ငန်းတွေ အများကြီးထပ်ရှိသေးလေသည်။အမျိုးသမီးရဲ့ချမ်းသာကြွယ်ဝမှုကို တိမ်လွှာတို့လိုက်၍ပင်မှီမှာမဟုတ်။ထိုအကြောင်းကိုစဉ်းစားလိုက်တိုင်း တိမ်လွှာ အမျိုးသမီးပေါ်ထားတဲ့မျှော်လင့်ချက်တွေဟာအရောင်မဲ့သွားလေသည်။အမျိုးသမီးနဲ့တိမ်လွှာတို့ရဲ့အဆင့်အတန်းဟာ မိုးနဲ့မြေမဟုတ်လား..

လုပ်စရာအလုပ်ထွေထွေထူးထူးလည်းမရှိတဲ့အိမ်အကျယ်ကြီးမှာ တိမ်လွှာတစ်ယောက်ထဲကျန်ကျန်ခဲ့တာကြောင့်..တိမ်လွှာ ပျင်းပျင်းနဲ့ ဒန်းပေါ်မှာထိုင်ကာ အတွေးတွေကိုနယ်ချဲ့နေရင်း...

*တီ..တီ*

ခြံရှေ့ကနေ ကားဟွန်းတီးသံကြောင့်တိမ်လွှာ လှမ်းကြည့်လိုက်တော့ မိုးသည်းရိပ်ရဲ့ ပြိုင်ကားအနီလေးဖြစ်တာကြောင့် တိမ်လွှာပြုံးမိသွားလေသည်။အခုနောက်ပိုင်း မိုးသည်းရိပ်ကိုတိမ်လွှာသိသိသာသာကို ခင်တွယ်မိလေသည်။တိမ်လွှာ့ဘေးမှာ ကောင်းအတူဆိုးအတူအဖြစ်အမြဲရှိနေပေးတဲ့မိုးသည်းရိပ်ကိုတိမ်လွှာကျေးဇူးလည်းတင်မိပါသည်။

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now