Unicod
ချစ်ရသူနဲ့အေးအေးချမ်းချမ်းလေး အပန်းဖြေချင်လို့သာ ဒီလိုနေရာကိုဝယ်ထားရတာ..တကယ်ဆို ဒီနေရာက မိန်းမသားနှစ်ဦးထဲ နေဖို့ကြတော့ အန္တရာယ်လည်းများသလို လူလည်းပြတ်လေသည်။
မှိုင်း အမြဲတမ်း ဆောင်ထားတတ်တဲ့ ဓားကို လက်မှာကိုင်ထားတာ အိမ်ထဲကို အသာလေး ဝင်လိုက်လေသည်။အိမ်ထဲမှာ မှောင်နေတာကလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှတော့မရှိပေ...ပစ္စည်းတွေကလည်းနေရာတကျရှိနေတာကြောင့်ထူးတော့ထူးဆန်းသား..တကယ်ဆို ဒီလိုအခြေအနေက ပိုကြောက်ဖို့ကောင်းလေသည်။
"အာ့...အမျိုးသမီး"
သတိတစ်ချက်လွတ်သွားတဲ့အချိန်မှာပဲ အနောက်ကမြူ့ရဲ့အော်သံကို ကြားလိုက်ရကာ...မှိုင်းခါးကို လာထောက်တဲ့ အရာတစ်ခု..မှိုင်းလှည့်ကြည့်မယ်လုပ်တော့
"အဲ့ဓားကို အရင်ချပြီး အနောက်ကို ဖြေးဖြေးချင်းလှည့်လိုက်...မဟုတ်ရင် ခင်ဗျား မိန်းကလေးသေမယ်"
မှိုင်း ဒီအသံကိုရင်းရင်းနှီးနှီး ကြားဖူးနေပေမဲ့ မှိုင်းအခုချိန်မှာ ဘယ်သူဘယ်ဝါလည်းဆိုတာကိုစဉ်းစားချိန်မရ ချစ်ရသူကိုစိတ်ပူတဲ့ စိတ်တွေသာ မှိုင်းရင်ထဲ ပြည့်နှက်နေလေသည်။မှိုင်း သူတို့ပြောတဲ့အတိုင်းလုပ်ကာ ဖြေးဖြေးချင်းလှည့်လိုက်တော့ မျက်နှာဖုံးတွေစွပ်ထားတဲ့ လူနှစ်ယောက်ပင်...အိမ်ကလည်းမှောင်နေတာကြောင့်ထိုလူနှစ်ယောက်ကိုမှိုင်းဘယ်လိုမှ ခန့်မှန်းလို့လည်းမရ...
"မင်းတို့က ဘယ်သူတွေလဲ"
"နောက်ကြရင်သိရမှာပေါ့"
"မင်းတို့ဘာလိုချင်လို့အခုလိုလုပ်ရတာလဲ...တို့နဲ့ ရန်ငြိုးရှိခဲ့ရင်တောင် တို့ကလေးကိုတော့လွှတ်ပေးလိုက်ပါ"
"ခင်ဗျား ကလေးကိုလွှတ်ပေးလိုက်တော့ ကျူပ်တို့ကိုရဲသွားတိုင်မှာပေါ့..ဟားဟား ကျုပ်အဲ့လောက်တော့ မနုံပါဘူး မှိုင်းရိပ်ညိုရယ်"
မှိုင်း နာမည်ကို အပြည့်အစုံခေါ်လိုက်တာကြောင့် မှိုင်းရိပ်မိတာက ဒီလူနှစ်ယောက်ဟာ မှိုင်းနဲ့ရန်ငြိုးရှိခဲ့တဲ့ပုံပင်...
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")