"Part-5"

9.9K 527 10
                                    

Unicod

ခြံထဲမှာ သီချင်း တစ်အေးအေးနဲ့ ပန်းပင်တွေကို ရေလောင်းနေတဲ့ ကလေးမကို မှိုင်း အပေါ်ထပ်ကနေ လှမ်းကြည့်မိလေသည်။တိမ်လွှာမြူကသာ သျှားခန့်မောင်ရဲ့သမီး မဟုတ်ဘူးဆိုရင် မှိုင်း ထိုကလေးမကို တူမအရင်းလေးတစ်ယောက်လိုခင်တွယ်မိမှာ။ဘာလို့ဆို ထိုကလေးမလေးက သိပ်ကို ဖြူစင်တယ်လေ။

"တို့ ဒီနေ့ အိမ်ပြန်နောက်ကျမယ်...တို့ ဖိနပ်တွေအားလုံးကို ပြောင်နေအောက်တိုက်ထားပေး..ပြီးတော့ အပြင်လုံးဝ မထွက်နဲ့..အန္တရာယ်တစ်ခုခုဖြစ်လို့ ပြေးရမယ်ဆိုရင်တောင် အသေခံလိုက်..."

"ဟုတ်ကဲ့ပါ"

အမျိုးသမီးမှာသာ အမုန်းတရားတွေမရှိရင် အမျိုးသမီးဟာ သိပ်ကို ပြီးပြည့်စုံတဲ့ မိန်းမသားတစ်ယောက်ဖြစ်နေမှာ။ကျောခိုင်းသွားတဲ့ အမျိုးသမီးရဲ့ကျောပြင်လေးကို ကြည့်ပြီး တိမ်လွှာ မှာ သက်ပြင်းအရှည်ကြီးသာ ချလိုက်လေသည်။

"ငါတောင်းပန်ပါတယ်...အဲ့လိုမလုပ်ကြပါနဲ့"

ခြံအပြင်ဘက်ကနေ ကြားနေရတဲ့ ကလေးတစ်ယောက်ရဲ့ ငိုသံကြောင့် တိမ်လွှာ ပြတင်းပေါက်ကနေလှမ်းကြည့်မိလေသည်။

ကလေး လေးငါးယောက်လောက်က ကလေးတစ်ယောက်ထဲကို ဝိုင်းပြီးအနိုင်ကျင့်နေတဲ့ပုံကို မြင်လိုက်ရတော့ တိမ်လွှာ ရင်ထဲ ဆူးခနဲကိုအောင့်သွားလေသည်။ဘာလို့ဆို တိမ်လွှာ ငယ်ငယ်ကလည်း ဒီလိုမျိုးအနိုင်ကျင့်ခံခဲ့ရလို့လေ။

တိမ်လွှာ့ရဲ့ ခြေလှမ်းတွေဟာ ခြံပြင်ဘက်ကိုထွက်သွားမိလေသည်။

"ဟေး ကလေးတွေ...ဘာလို့ အနိုင်ကျင့်နေရတာလဲ...ထွက်သွား ဆက်ပြီးအနိုင်ကျင့်နေရင် ငါမင်းတို့ကို ရဲစခန်းပို့မှာနော်"

လူကြီးလာဟောက်တော့မှပဲ ထိုကလေးတွေလည်းပြေးထွက်သွားလေသည်။

"ဘာဖြစ်သွားသေးလဲ ကလေး..ဘယ်နားထိခိုက်မိသွားသေးလဲ"

"သူတို့ သမီးကို ဘာမှမလုပ်ခင် မမ ရောက်လာလို့ပါ...မမသာ အချိန်မှီ မရောက်လာရင် သမီးရဲ့ခြေထောက်တစ်ချောင်းတော့အနည်းဆုံးကျိုးမှာ..ကျေးဇူးတင်ပါတယ်မမ"

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now