"Part-25"

8.6K 376 3
                                    

Unicod

ဒီနေ့ မိုးသည်းနဲ့ဆုလေးတို့ နှစ်ယောက်အတူတူ အချိန်ဖြုန်းခဲ့ကြလေသည်။ဘာလို့မှန်းမသိ ဆုလေး မိုးသည်းအနားမှာရှိနေရင် မိုးသည်း တိမ်လွှာ့ကိုမေ့ဖျောက်ထားနိုင်သည်။မိုးသည်းရဲ့စိတ်ကိုပေါ့ပါးအောင်လုပ်ပေးနိုင်တာ ဆုတစ်ယောက်ပဲရှိလေသည်။

"ကယ် အရိပ်ရေ ညနေလည်းစောင်းနေပြီဆိုတော့ ဆုပြန်ပြီနော်"

"နေအုံး ဆုလေး"

"ဘာပြောမလို့လဲ အရိပ်ရဲ့"

"ကိုယ် ဆုကို လာရှာချင်ရင် ဘယ်မှာရှာလို့ရနိုင်မလဲ"

"ဆုက တစ်နေရာထဲမှာပဲ ပုံသေနေတတ်တဲ့သူမျိုးမဟုတ်ဘူးလေ..ဆုကနေရာစုံသွားနေတာ ဒီလိုလုပ်လိုက်လေ ဆု ဖုန်းနံပါတ်ယူထားလိုက်ပေါ့"

"အွန်းဟုတယ်နော် အဲ့တာဆို ကိုယ့်ကိုဖုန်းနံပါတ်ပေးအုံး"

"09.........."

"ဟုတ်ပြီနော်...ကိုယ်လိုက်ပို့ပေးရအုံးမလား"

"အာရတယ် အရိပ်ရဲ့..ဆုဘာသာ ပြန်လိုက်မယ် ဝင်စရာလေးလည်းရှိလို့လေ"

"အွန်းပါ..အဲ့တာဆို တာ့တာ‌နော်"

"တာ့တာပါရှင်"

ထွက်သွားတဲ့ဆုလေးရဲ့ နောက်ကျောလေးကိုကြည့်ကာ မိုးသည်းပြုံးမိလေသည်။ထိုကောင်မလေးက ဖြူတော့ဖြူစင်သားလို့လည်း မိုးသည်း တွေးမိကာ...ပြုံးနေတဲ့ သူ့နှုတ်ခမ်းပါးတွေကိုကိုင်ကြည့်ပြီး

"‌ဟမ်..မိုးသည်းနင်အခု ဆုလေးကိုကြည့်ပြီး ပြုံးလိုက်တာလား ဒါကဘယ်လိုခံစားချက်ကြီးလဲ ဘာလို့ တိမ်လွှာ့ကိုချစ်မိတုန်းက ခံစားချက်နဲ့တူနေရတာလဲ"

မိုးသည်းထိုနေရာမှာ အချိန်အတန်ကြာအောင်ရပ်နေပြီး ‌တွေးပေမဲ့ တိကျတဲ့ အဖြေတစ်ခုတော့မရပေ။

---------
အခန်းထဲမှာ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ ဂဏာမငြိမ် ဖြစ်နေတဲ့မိုးသည်းဟာ ဆုလေးကိုဖုန်းဆက်ဖို့အတွက် အကြိမ်ကြိမ်စဉ်းစားနေလို့ပင်။

"ငါကဘာလို့ဆက်ရမှာလဲ ဆက်ပြီး ဘာပြောရမှာလဲ...အာ ငါ့ရင်တွေက ဘာလို့ပုံမှန်မဟုတ်ရတာလဲ..အရင်ကမိုးသည်းရိပ်ပုံစံပဲပြန်နေစမ်းပါ"

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now