Unicod
တိမ်လွှာအိပ်ယာက နိုးတော့ အမျိုးသမီးရဲ့ရင်ခွငိထဲရောက်နေတာကြောင့်တိမ်လွှာပြုံးမိသွားလေသည်။ညကအကြောင်းတွေပြန်စဉ်းစားကြည့်လိုက်တဲ့အခါ တိမ်လွှာ့နှလုံးသားလေးဟာ တစ်ဖန်ခုန်လာပြန်သည်။
"နိုးရင်လည်း ထတော့လေ အချစ်ရဲ့"
"ဟင်အမျိုးသမီးက နိုးနေတာလား"
"ရှင်လေး ရင်တွေခုန်နေတဲ့အသံက ကျွန်မကို နိုးအောင်လုပ်လိုက်တာလေ"
"ဟာ အမျိုးသမီးကလည်း"
"ဘာလဲ ပေါက်စလေးကရှက်သွားတာလား"
တိမ်လွှာ့ကိုနာမည်တွေတစ်မျိုးပြီးတစ်မျိုး ခေါ်နေတဲ့ အမျိုးသမီးကို တိမ်လွှာ့မှာ အချစ်ပိုရပြန်ပြီ...တကယ်ပါ အမျိုးသမီးဟာ အချစ်နဲ့ပတ်သတ်ရင်ဒီလောက်ထိ နူးညံ့မှန်းတိမ်လွှာ အခုမှသေချာသိရလေသည်။ပြီးတော့သိပ်ကိုအချစ်ကြီးတဲ့အမျိုးသမီး..အဖေ့ကြောင့်နဲ့ အမျိုးသမီးဘယ်လောက်တောင်ခံစားခဲ့ရမလဲဆိုတာ တိမ်လွှာ တွေးကြည့်ရုံနဲ့ကို ရင်ဘတ်ထဲကနာကျင်ရသည်။
"မျက်နှာလေးက ဘာလို့အဲ့လောက်တောင်ညိုးနေတာလဲ မြူ...ဘယ်နားနေမကောင်းလို့လဲကွယ်"
"တိမ်လွှာနေကောင်းပါတယ်အမျိုးသမီးရဲ့..အိပ်ယာနိုးနိုးချင်းဆိုတော့ တိမ်လွှာ နည်းနည်းစိတ်မကြည်လို့ပါ"
"ဒါဆို မြူလေး စိတ်ကြည်သွားအောင် ရေချိုးလိုက်လေ..တို့ချိုးပေးမယ်လေ"
"ဟာ အမျိုးသမီးနော် ဘာစကားကြီးလဲ..တိမ်လွှာ့ဘာသာ ချိုးမှာပေါ့"
"ဟော် ကိုယ့်ချစ်သူလေးကို ချိုးပေးတာပဲ ဘာဖြစ်လို့လဲ"
"အမျိုးသမီးကကွာ တော်ပြီမပြောနဲ့တော့ ရှက်တယ်..ဖယ် တိမ်လွှာ ရေသွားချိူးတော့မယ်"
ပါးလေးတွေနီရဲကာ ရှက်ပြီး ရေချိုးခန်းထဲ ဝင်သွားတဲ့အကောင်ပေါက်လေးကြောင့် မှိုင်းမှာပြုံးမိလေသည်..တကယ်ပါ မှိုင်းကိုယ်တိုင်တောင်မသိလိုက်တဲ့အချိန်မှာပဲ ထိုကလေးမလေးကို မှိုင်းချစ်မိသွားတာ အခုဆို ဒီနွံထဲကနေ ရုန်းမထွက်နိုင်တော့ဘူးထင်ပါရဲ့..မှိုင်းဘဝကြီးက အခူမှ အသက်ပြန်ဝင်လာပြီး မှိုင်း နှလုံးသားကြီးကလည်းအသစ်တစ်ဖန်ပြန်လည်ခုန်လာပြီလေ..
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")