Unicod
ဘေးနားက ရောက်လာတဲ့အသံနဲ့အတူ ထိုအရက်မူးသမားလည်းမြေပေါ်ကို လဲကျသွားလေသည်။
"ဟင် အရိပ်"
"လာခဲ့"
မိုးသည်းဘယ်လောက်တောင်ဒေါသထွက်နေလဲမသိ..ဆုကိုဆွဲထားတဲ့လက်ကိုလွှတ်ကြည့်လိုက်တော့ နီရဲနေတဲ့လက်ကောက်ဝတ်က မိုးသည်းတော်တော်လေးကိုဒေါသထွက်နေတယ်ဆိုတဲ့သက်သေပင်။
"အာ ဆု လက်အရမ်းနာသွားလား"
"ဟုတ် နည်းနည်း"
"ကိုယ် တောင်းပန်ပါတယ်နော်..ကိုယ်ဟိုလူကို နည်းနည်းဒေါသထွက်သွားလို့"
"ရပါတယ်ဘာမှမဖြစ်ပါဘူးအရိပ်ရဲ့"
"ကိုယ်ဘာလို့အဲ့လောက် ဒေါသထွက်မိသွားလည်း မသိဘူး...ဆုကို အဲ့လို အပြုအမူတွေလာလုပ်ရင်ကိုယ်တကယ်မကြိုက်တာအမှန်ပဲ..ပြီးတော့ နောက်တစ်ခါကြရင် အဲ့လိုအတိုတွေဝတ်မလာနဲ့ကြားလား"
"ဘာလဲ အရိပ်က သဝန်တိုတာလား"
"ဟို ဟို...အာမသိတော့ဘူး ဆုလေးရာ အခုဘယ်သွားကြမလဲ"
"ခစ်ခစ်"
"ဘာလို့ရယ်တာလဲ"
"အရိပ်ကချစ်ဖို့ကောင်းလို့"
ပြောပြီး မိုးသည်းရဲ့ပါးကို ရုတ်တရက်လာနမ်းတာကြောင့် မိုးသည်းရင်တွေဟာ နဂိုကထက်အဆမတန်ပိုခုန်သွားလေသည်။ကိုယ့်ပါးကို ကိုင်ပြီးကြောင်နေတဲ့ မိုးသည်းကို ဘေးက ဆုမှာလက်လှုပ်ပြီး သတိပေးလိုက်ကာ...
"ဟေး အရိပ်..ပါးကြီးကိုင်ပြီး ဘာဖြစ်နေတာလဲ"
"ဘာ ဘာမှမဖြစ်ပါဘူး"
"မျက်နှာလည်း နီရဲနေပါလား..ဘာလဲ အရိပ်က ရှက်သွားတာလား ဆုက ဒီတိုင်းနမ်းလိုက်တာပါ"
"မဟုတ်ပါဘူး အဲ့လို ရုတ်တရက်ကြီး အနမ်းမခံရဘူးလို့ပါ"
"ဟဟဟုတ်ပါပြီ"
"အခုဘယ်သွားကြမလဲ"
"မနက်စာ အရင်သွားစားကြမလား..အရိပ်စားပြီးလား မပြီးသေးဘူးလားတော့မသိပေမဲ့ ဆုတော့မစားရသေးလို့လေ"
"အွန်း သွားကြတာပေါ့..ကိုယ်လည်း မစားရသေးဘူး"
"ဟုတ်"
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")