For Unicod
"ငါ့နှုတ်ခမ်းကိုနမ်း ငါအသက်ရှူကြပ်ပြီး မေ့လဲသွားတဲ့အထိ နမ်း"
အမျိုးသမီးပြောလိုက်တဲ့စကားကြောင့် တိမ်လွှာ မျက်လုံးတွေပင်ပြာသွားလေသည်။ဒီလုပ်ရပ်ဟာ တိမ်လွှာ စိတ်ကူးထဲတောင်မထည့်ဖူးတဲ့ လုပ်ရပ် ဖြစ်တဲ့အပြင်...တိမ်လွှာ လုံးဝရှုံ့ချတဲ့လုပ်ရပ်တစ်ခု..
"ဟင့်အင်း...အမျိုးသမီး တိမ်လွှာ့ကို သတ်ချင်သတ်ပလိုက်..ဒီလိုလုပ်ရပ်ကိုတော့တိမ်လွှာ လုံးဝမလုပ်နိုင်ဘူး အမျိုးသမီး...တိမ်လွှာကိုအလုပ်ထုတ်ချင်လည်းရပါတယ်"
"ရတယ်လေ...မင်းမနမ်းရင် ငါနမ်းမယ်"
တိမ်လွှာရဲ့အငြင်းစကားသံတွေကို အမျိုးသမီးကထပ်မကြားချင်တော့ဘူးထင်ပါရဲ့..ပြောပြီးချက်ချင်း တိမ်လွှာ နှုတ်ခမ်းပါးတွေကိုလာထိတဲ့ အမျိုးသမီးရဲ့နှုတ်ခမ်းတွေကြောင့် တိမ်လွှာ ဒူးပင်မခိုင်ချင်တော့။
အပြစ်ပေးတာမလား...ဘယ်လိုလုပ်နူးညံ့မှာလဲ။အမျိုးသမီးရဲ့အနမ်းတွေဟာ သိပ်ကိုကြမ်းတမ်းလွန်းသည်။တိမ်လွှာ လက်သေးသေးလေးတွေနဲ့ အမျိုးသမီးကိုတွန်းထုတ်ပေမဲ့ အမျိုးသမီးရဲ့ခန္ဓာကိုယ်ကတော့ 1 cm လောက်တောင် မရွေ့..
အသက်ရှူခွင့်သေးသေးလေးတောင် မပေးပဲ ဆက်တိုက်နမ်းနေတာကြောင့် တိမ်လွှာ အသက်ရှူတွေကြပ်လာလေသည်။ရုန်းဖို့လည်း အားမရှိတာကြောင့် မေ့လဲသွားမဲ့အချိန်ရောက်ဖို့သာ ဆုတောင်းနေမိတော့သည်။ခဏနေတော့ တိမ်လွှာ မျက်လုံးတွေမှေးစင်းသွားပြီး တိမ်လွှာ ကမ္ဘာကြီးလည်း အမှောင်ကျသွားလေသည်။
"ဒါ အစပဲ ရှိသေးတာ တိမ်လွှာမြူ....မင်း အဖေရဲ့လူမဆန်တဲ့လုပ်ရပ်ကြောင့် မင်းအခုလို အသုံးချခံနေရတာကို ငါအားနာပေမဲ့ မင်းအဖေတစ်ချိန်ကြ နာကျင်ဖို့အတွက် ငါမင်းကိုဆက်ပြီးအသုံးချရလိမ့်မယ်"
---------
"သူ တောင်းသလောက်ပေးပြီး အဲ့စာချုပ်ကို မရရအောင်ယူလာခဲ့..နောက်ပိုင်း ရှုပ်ရှုပ်ယှက်ယှက်တွေမဖြစ်အောင် သေချာလုပ်လာခဲ့"တိမ်လွှာနိုးလာတော့ တိမ်လွှာ မေ့လဲသွားတဲ့ ကြမ်းပြင်ပေါ်မှာပင်...ကုတင်ပေါ်တောင်မတင်ပေးတဲ့အမျိုးသမီးဟာ သိပ်ကိုရက်စက်လေသည်။တိမ်လွှာရဲ့ နှုတ်ခမ်းတွေကိုကိုင်ကြည့်ပြီး မျက်ရည်တွေပင်စီးကျလာလေသည်။တိမ်လွှာ အမျိုးသမီးကိုလည်း သိပ်မုန်းမိပါသည်။
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")