"Part-18"

8.5K 429 1
                                    

Unicod

"ဘယ်လို ချစ်သူတွေဟုတ်လား"

"အွန်း ဟုတ်တယ်...တို့ သည်းကိုပြောပြမလို့ပါပဲ..ဒါပေမဲ့တို့ အားနာနေမိတာ"

"အားနာတယ်ဟုတ်လား..ဟုတ်တာပေါ့ အန်တီအားနာသင့်တာပေါ့..ဘယ်လိုများလုပ်ရက်ရတာလဲ သည်း ချစ်နေတာသိသိရက်နဲ့အန်တီမို့လို့.."

"တို့ တောင်းပန်ရုံကလွဲလို့ဘာမှမတတ်နိုင်ဘူး အဲ့တော့တို့တောင်းပန်ပါတယ်..ချစ်မိသွားတဲ့တို့နှလုံးသားကိုတော့ မညာချင်တော့လို့ပါ"

"မမ တိမ်လွှာလည်း တောင်းပန်ပါတယ်နော်"

"မင်းလည်းသိပ်ရက်စက်တယ်တိမ်လွှာ..မချစ်ရင်လည်းအစောထဲက ပြတ်ပြတ်သားသားငြင်းသင့်တာပေါ့ အခုတော့ မျှော်လင့်ချက်တွေပေးပြီး ရိုက်ချိုးလိုက်တာသိလား"

"တိမ်လွှာ တကယ်တောင်းပန်ပါတယ်"

"အန်တီ့ကိုကော မင်းကိုကော သိပ်မုန်းတယ်.."

ပြောပြီးထွက်သွားတဲ့ မိုးသည်းရိပ်ရဲ့နောက်ကျောလေးကိုကြည့်ပြီး မှိုင်းမှာ ကြမ်းပြင်ပေါ်ကိုခွေလျက်သားလေးလဲကျသွားလေသည်။ငယ်ငယ်ထဲက မှိုင်းဘေးနားမှာ အမြဲတမ်းရှိနေတဲ့ကလေးမလေး အခုတော့မှိုင်းဘေးနားကထွက်သွားလေပြီ။မှိုင်းအတွက် အရမ်းကိုချစ်ရတဲ့ တူမအရင်းလိုတစ်‌ယောက်လိုဖြစ်နေတာကြောင့် မှိုင်းကို မုန်းသွားတဲ့ဒဏ်ကိုမှိုင်း မခံနိုင်ပေ။

"အမျိုးသမီး..သတိထားပါအုံး"

"မြူရယ် တို့လုပ်ရပ်က မှားသွားလားဟင်..အခု တို့ကို သည်းကမုန်းသွားပြီ တို့ဘာလုပ်သင့်လဲ..တို့က မကောင်းတဲ့သူပဲ မြူရယ်"

"အဲ့လိုမတွေးပါနဲ့အမျိုးသမီးရယ်..အမျိုးသမီးကရည်းစားရှိတဲ့သူကို ဖြတ်လုထားတာမှမဟုတ်တာ..မမလည်း စစချင်းဆိုတော့သွေးပူနေလို့ပါ အမျိုးသမီးကအများကြီးမတွေးနဲ့နော်"

"ကျေးဇူးပါ ကလေးရယ်...တို့အနားမှာရှိပေးလို့ မြူသာ တို့အနားမှာမရှိတော့ဘူးဆိုရင် တို့သေမှာသိလား"

"အမျိုးသမီးအနားမှာ တိမ်လွှာက အမြဲတမ်းရှိနေပေးမှာပါ..အမျိုးသမီးကမောင်းထုတ်ခဲ့ရင်တောင်တိမ်လွှာက အဝေးကနေ အမျိုးသမီးကိုဂရုစိုက်ပေးအုံးမှာ အဲ့တာကြောင့်စိတ်ချနော်"

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now