"Part-8"

9.5K 524 5
                                    

Unicod

"မှိုင်းရိပ်ညိုတဲ့ မိန်းမ သတ္တိရှိရင် ထွက်လာစမ်းပါ..မကျေနပ်တာရှိရင် ငါနဲ့တိုက်ရိုက်လာရှင်း ငါ့သမီးကို ဓားစာခံမလုပ်ထားနဲ့"

ခြံရှေ့ကနေ အာမထိလျှာမထိလေသံနဲ့ အော်နေတဲ့သူကတစ်ခြားသူတော့မဟုတ် ဦးသျှားခန့်မောင်ပင်။ဒီလို လာအော်နေပုံထောက်ရင် မှိုင်း ပို့လိုက်တဲ့ ဓာတ်ပုံတွေကို တွေ့သွားပြီးရောပေါ့။

"ဟင်ဖေဖေ"

ခြံရှေ့က အော်သံကြောင့် တိမ်လွှာ အပြေးလေးထွက်ကြည့်မိလိုက်တော့တွေ့လိုက်ရတဲ့သူက တစ်ခြားသူမဟုတ်အဖေ့ကိုတွေ့လိုက်ရတာကြောင့် တိမ်လွှာ ထွက်သွားမယ်အလုပ်...

"ခဏနေအုံး တိမ်လွှာမြူ"

အနောက်က အမျိုးသမီးရဲ့ အသံကြောင့် တိမ်လွှာ့ရဲ့ခြေလှမ်းတွေဟာ ရပ်တန့်သွားပြီး အမျိုးသမီးကိုကြည့်မိလေသည်။

အမျိုးသမီးရဲ့ပုံဟာ နှုတ်ခမ်းနီကို နဂိုကထက် ရဲနေအောင်ဆိုးထားကာ ဆံထုံးထုံးထားပြီး နှင်းဆီနီနီတစ်ပွင့်ကိုလည်းခေါင်းမှာပန်ထားလေသည်..အခုလိုမျိုး အမျိုးသမီးရဲ့ပုံကိုသာ‌အဖေတွေ့လိုက်ရရင် အဖေ့ရဲ့ခုနလိုမျိုးလေသံဟာရှိတော့မည်မဟုတ်..ဒါဟာ အငြိုးကြီးတဲ့ မိန်းမတစ်ယောက်ရဲ့ ကျွမ်းကျင်မှုလား..

"ငါနောက်ကလိုက်ခဲ့"

"ဟုတ်"

ထင်တဲ့အတိုင်းပါပဲ အဖေဟာ နန်းဆန်လွန်းလှတဲ့ အမျိုးသမီးကို‌မြင်တော့ မျက်တောင်ခတ်ဖို့မေ့နေတဲ့အထိတောင် အမျိုးသမီးကိုငေးကြည့်နေလေသည်။

"ခုနလို လေသံမျိုးနဲ့ကျွန်မကို ထပ်ပြီးစိန်ခေါ်ပါအုံးလား"

"မင်း..မင်း ဘာလို့အဲ့လောက် လှသွေးကြွယ်လာရတာလဲ..မင်း ငယ်ငယ်ကနဲ့လုံးဝ မတူတော့ဘူးပဲ"

"ရှင်ဟာလေအရင်ကအတိုင်းပဲနော် သိပ်ကို အပြောင်းအလဲမြန်ပါရောလား..အို အတိတ်ကအကြောင်းတွေပြန်မပြောချင်တော့ဘူး လာရင်းကိစ္စက ကျွန်မနဲ့ စာရင်းရှင်းဖို့မလား..ပြောပါအုန်း ဘာများ မကျေနပ်တာ ရှိပါသလဲ"

"မင်း ငါ့ကို မုန်းနေရင် ငါနဲ့ပဲတိုက်ရိုက် ရှင်းလေ..ကြားထဲက ငါ့သမီးကို ခေါ်ထားပြီးတော့ နှိပ်စက်မနေနဲ့..အဲ့လိုလူမဆန်တဲ့လုပ်ရပ်မျိုးလုပ်‌နေတာ လူကြီးလူကောင်းမဆန်ဘူးကွ"

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now