"Part-3"

10.5K 606 24
                                    

For Unicod

"Wow ဒါအမျိုးသမီးရဲ့အိမ်လား မိုက်လိုက်တာ..ကျွန်မလည်း အမျိုးသမီးလိုချမ်းသာအောင်ကြိုးစားချင်မိတယ်"

"တို့ကို အားမကျပါနဲ့...တို့ဘဝရဲ့အမဲစက်ကြီးနဲ့ တို့ရဲ့ အမုန်းတရားတွေကြောင့် ဖြစ်လာတဲ့စည်းစိမ်ဉစ္စာတွေပါ..လာ အထဲဝင်ရအောင်"

အမျိုးသမီးရဲ့စကားကြောင့် တိမ်လွှာအတွက်စဉ်းစားစရာ တစ်ခုဖြစ်လာလေသည်...စတွေ့ထဲက အမျိုးသမီးက သိပ်ကို ထူးဆန်းတဲ့အမျိုးသမီးတစ်ဦးမှန်းသိတာကြောင့် အမျိုးသမီးရဲ့ အတိတ်ကိုလည်းတိမ်လွှာသိချင်မိလေသည်။

တိမ်လွှာမြင်ဖူးတာက ချမ်းသာတဲ့လူတွေရဲ့အိမ်မှာဆို အလုပ်သမားတွေအများကြီးရှိပေမဲ့..အခုအမျိုးသမီးရဲ့အိမ်မှာကတော့ အဖြူရောင်စုတ်ဖွားခွေးလေးကလွဲ၍မည်သူ တစ်ဦးတစ်ယောက်မှမရှိပေ။ဒါ့ကြောင့် တိမ်လွှာထင်လိုက်တာက သူ့ရဲ့အလုပ်က ဒီအိမ်ကြီးရဲ့အိမ်ဖော်အလုပ်လို့ တွေးမိပေမဲ့...အမျိုးသမီးပြောလိုက်တဲ့စကားက...

"မင်းဘာအလုပ်လုပ်ရမလဲဆိုတာကို စဉ်းစားနေတာမလား...မင်းအလုပ်ကရိုးရှင်းပါတယ် တို့ကို ထမင်းဟင်းချက်ပေး..တို့အနားမှာရှိနေပေး တို့ပင်ပန်းလာတိုင်း တို့စိတ်ညစ်လာတိုင်း တို့ကို စိတ်ပေါ့ပါးအောင်လုပ်ပေး...တို့ ခွင့်ပြုချက်မရဘဲအလုပ်မထွက်နဲ့ ဒါမင်းလုပ်ရမဲ့အလုပ်တွေပဲ"

တိမ်လွှာ မပြောဘူးလား...အမျိုးသမီးက ထူးဆန်းတဲ့ လူတစ်ယောက်ပါလို့..အမျိုးသမီးလုပ်ခိုင်းတဲ့အလုပ်တွေက မသိရင် ယောင်္ကျားဖြစ်သူကို မိန်းမဖြစ်သူက လုပ်ပေးတဲ့ အလုပ်တွေနဲ့တောင်တူနေသေးသည်။တိတိကျကျပြောရမယ်ဆို အိမ်ရှင်မ အလုပ်ပေါ့ ....

"တို့လုပ်ခိုင်းတာတွေကအရမ်းများ ခက်သွားလို့လား ကလေးမ"

"မ..မဟုတ်ပါဘူး ကျွန်မထင်တာက အမျိုးသမီးက ကျွန်မကို အိမ်ဖော်ဖြစ်ဖြစ်ဒါမှမဟုတ် အမျိုးသမီးရဲ့ဝန်ထမ်းအဖြစ်လုပ်ခိုင်းမယ်ထင်တာပါ"

"တို့မှာကအလုပ်သမားလုံလုံလောက်လောက်ရှိပြီးသားပါ...တို့လိုနေတဲ့အလုပ်သမားက ခုနတို့ပြောတဲ့အရာတွေကိုလုပ်ပေးနိုင်တဲ့သူကိုပေါ့..အဲ့လုပ်ပေးမဲ့သူကလည်း မင်းပဲဖြစ်မှရမှာ"

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now