Unicod
တံခါးပိတ်သံကြားမှ မှိုင်းရဲ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး..မှိုင်း ပြုံးလိုက်လေသည်။တကယ်ဆို မှိုင်းလူမှန်းသူမှန်းမသိအောင်တော့မူးနေခြင်းမဟုတ်...ဒီလောက်လေးသောက်ရုံနဲ့ မူးရင် မှိုင်း ရာဇဝင်ရိုင်းသွားမှာပေါ့...
"ဘယ်လိုလုပ်မလဲကလေးမ...ငါလည်းမင်းကိုချစ်မိနေပြီထင်တယ်...ငါတို့နှစ်ယောက်ရဲ့ရေစက်ကဆန်းကြယ်လိုက်တာကိုယ်အရမ်းမုန်းတဲ့သူရဲ့သမီးကိုမှ သွားချစ်မိရတယ်လို့.."
ကုတင်ပေါ်ကနေထထိုင်လိုက်ပြီး ဘေးနားက ဖုန်းကိုယူလိုက်ကာ...
"ဟဲလို သူ့အခြေအနေ ဘယ်လိုရှိလဲ"
"နဂိုထက် အရက်ကိုပိုပြီးစွဲလမ်းနေပါတယ်..ပြီးတော့ သူ့သမီးကိစ္စနဲ့ပတ်သတ်ပြီး သူတော်တော်ကို ခံစားနေရတယ်"
မှိုင်းရဲ့နှုတ်ခမ်းထောင့်တွေဟာ သိသိသာသာကို ကွေးညွန့်သွားပြီး...
"အဆက်မပြတ်စုံစမ်းနေ"
"ဟုတ်ကဲ့ပါဗျ"
ဖုန်းချလိုက်ပြီးတာနဲ့ မှိုင်း ဦးနှောက်ကိုချက်ချင်း အလုပ်ပေးလိုက်လေသည်။ဦးသျှားခန့်မောင်ကို လက်စားချေချင်တဲ့စိတ်ရယ် သူ့သမီးကိုချစ်မိသွားတဲ့စိတ်..အဲ့စိတ်နှစ်ခုရဲ့ကြားမှာ မှိုင်းဗြာများရလေပြီ။
_____"အမျိုးသမီး"
"အွန်း ပြော"
"အမျိုသမီးကို တိမ်လွှာ တစ်ခုတောင်းဆိုချင်လို့"
"ဘာများလဲ"
"တိမ်လွှာ အပြင်ထွက်လို့ရမလားဟင်...တိမ်လွှာ အိမ်ထဲမှာပဲနေရတာ မွန်းကြပ်လို့ပါ"
မျက်နှာငယ်လေးနဲ့ပြောလာတဲ့ တိမ်လွှာကြောင့် မှိုင်း တိမ်လွှာ့ဆန္ဒကိုလိုက်လျောချင်မိလေသည်။
"မင်းတစ်ယောက်ထဲလား"
"အမျိုးသမီး တိမ်လွှာ့ကို မယုံရင်..တိမ်လွှာ မမကို ခေါ်သွားမယ်လေ"
"မဖြစ်ဘူး"
"ရှင်"
"အော်..ဟိုဟာ မိုးသည်းက အလုပ်အရမ်းရှုပ်နေမှာ မင်းသူ့ကိုခေါ်သွားလို့ရမှာမဟုတ်ဘူး"
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")