Unicod
"Wow ဒါအမျိုးသမီးရဲ့ company လား..ခမ်းနားလိုက်တာ"
"အရင်ကတော့တို့ တစ်ယောက်ထဲ ပိုင်တဲ့ companyပေါ့...ဒါပေမဲ့အခု မြူက တို့ရဲ့မိန်းကလေးဆိုတော့ မြူပါ ပိုင်တယ် လာ တို့နောက်လိုက်ခဲ့"
တိမ်လွှာ့လက်ကို ဆွဲကာခေါ်သွားတဲ့ အမျိုးသမီးကို companyမှာရှိတဲ့ ဝန်ထမ်းတွေအကုန်လုံးက ကြည့်ပြီးတီးတိုးပြောနေကြပေမဲ့ အမျိုးသမီးကတော့ဂရုစိုက်ပုံမပေါ်...
"ဇောင်း companyမှာရှိတဲ့ ဝန်ထမ်းတွေအကုန်လုံးကိုပြောလိုက်ပါ နောက် ၅မိနစ်နေရင်အစည်းအဝေးစမယ်လို့"
"ဟုတ်ကဲ့ပါသူဌေး"
"အမျိုးသမီး.."
"ပြောလေမြူ"
"အမျိုးသမီးက အစည်းအဝေးလုပ်တာကြာမှာလားဟင်"
"ဘာလို့မေးတာလဲမြူရဲ့"
"အမျိုးသမီးအစည်းအဝေးလုပ်နေတဲ့အချိန်ကြာရင် တိမ်လွှာပျင်းလို့လေ"
"မြူကလေ တကယ်ကလေးပေါက်စလေးသိလား..တို့က မြူ့ကိုပါ အစည်းဝေးခန်းထဲခေါ်သွားမှာပေါ့မြူရဲ့"
"တိမ်လွှာပါလိုက်ရမှာလား"
"အွန်းပေါ့"
"သူဌေး အကုန်လုံးအဆင်သင့်ဖြစ်ပါပြီ"
၅မိနစ်မကျော်ခင် အဆင်သင့်ဖြစ်ပြီဆိုတဲ့စကားကြောင့်မှိုင်းကျေနပ်စွာခေါင်းညိမ့်ပြကာ တိမ်လွှာ့လက်ကိုတစ်ဖန်ဆွဲကာခေါ်သွားလေသည်။
အစည်းအဝေးခန်းထဲရောက်တော့ တိတ်ဆိတ်နေတဲ့ခန်းမကြီးထဲမှာ အမျိုးသမီးရဲ့ ဩဇာညောင်းလှတဲ့အသံကြည်ကြည်လေးဟာဟိန်းခနဲကိုထွက်လာတာကြောင့် တိမ်လွှာကြက်သီးတွေပင်ထသွားလေသည်။
"အခုလိုမျိုး ဝန်ထမ်းအားလုံးကိုခေါ်ရတဲ့အကြောင်းကတော့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ"
အမျိုးသမီးဟာ ရုတ်တရက် တိမ်လွှာ့ခါးကိုလာဖက်တာကြောင့် တိမ်လွှာ လန့်သွားလေသည်။ထို့နောက်အမျိုးသမီးပြောလိုက်တဲ့စကားက..
"အခုကျွန်မဘေးမှာ ရပ်နေတဲ့ ကောင်မလေးက ကျွန်မရဲ့ ချစ်လှစွာသော မိန်းကလေးပါ..အနာဂတ်မှာ ကျွန်မရဲ့အိမ်ရှင်မ ဖြစ်လာမဲ့သူမို့လို့ သူမကလည်း ဒီ companyနဲ့မကင်းပါဘူး..နောက်ဆို ဒီ companyမှာ သူမက ဝင်ထွက်သွားလာနေမဲ့သူဖြစ်တာကြောင့် ရိုရိုသေသေဆက်ဆံချင်ပါတယ်..ကျွန်မကိုယ်တိုင်ကတန်ဖိုးထားရတဲ့တစ်ဦးတည်းသော မိန်းကလေးဖြစ်တာကြောင့် ကျွန်မ ကောင်မလေးကို တန်ဖိုးလာဖြတ်တဲ့သူတိုင်းကိုကျွန်မလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး...ဒီနေ့ပြောချင်တဲ့အကြောင်းကတော့ဒါပါပဲ ဘာများ ပြောချင်စရာရှိပါသလဲ"
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")