"Part-12"

9.7K 496 3
                                    

Unicod

တိမ်လွှာ သတိပြန်မရသေးတာ နှစ်ရက်ပင်ကျော်လေပြီ။မှိုင်း လည်းတိမ်လွှာ့နားကနေ တစ်ဖဝါးမှမခွာတာကြောင့် အရင်ကထက်စာရင်တော်တော်လေးကိုပိန်သွားလေသည်။မိုးသည်းရိပ်ကမှ တစ်ခါတစ်လေအိမ်ပြန်ပြီးနားပေမဲ့ မှိုင်းကတော့တစ်ခါမှ အိမ်မပြန်ခဲ့ပေ။

"ကျစ် မင်းဘာလို့နိုးမလာသေးတာလဲ..မင်းနိုးမလာသေးရင် ငါမင်းကိုအပြစ်ပေးတော့မှာနော်"

မှိုင်းပြောပြီး မကြာပါဘူး တိမ်လွှာ့လက်လေးတွေဟာ လှုပ်လာလေသည်။ဒါကိုမှိုင်း မြင်တော့ ညိုးနေတဲ့မျက်နှာလေးဟာ ချက်ချင်းလန်းလာပြီး တိမ်လွှာ့ကိုဆက်စောင့်ကြည့်နေလိုက်‌ကာ...တိမ်လွှာ့မျက်လုံးတွေဟာ ဖြည်းညင်းစွာပွင့်လာတော့..

"မင်း သတိရလာပြီလား.."

"ရေ...ရေ ပေးပါ"

"ရေလား ခဏလေး....ရော့ ဖြေးဖြေးသောက်နော်"

မှိုင်းတစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ကိုမှအခုလို ဂရုစိုက်တဲ့စကားမျိုးမပြောဘူးပေ..တမင်လုပ်ပြီးဖြစ်လာတဲ့အရာမဟုတ်ဘဲ မှိုင်း မသိစိတ်ကနေဖြစ်ပေါ်လာတဲ့အရာဖြစ်တာကြောင့် မှိုင်းသိလိုက်ရတာက ဒါဟာအချစ်ကြောင့်ပဲလား...

"အကုန်လုံးစစ်ပြီးပါပြီဗျ..လူနာက စိုးရိမ်စရာအခြေအနေမဟုတ်တော့ပါဘူး"

"ကျေးဇူးပါ ဒေါက်တာ"

ဆရာဝန်ထွက်သွားတော့ အခန်းထဲမှာမှိုင်းနဲ့တိမ်လွှာ နှစ်ယောက်ထဲ ကျန်ခဲ့လေသည်။မိုးသည်းရိပ်ကိုတော့အခုလေးတင်မှ ဖုန်းဆက်ပြောထားတာကြောင့်ရောက်မလာသေးပေ။

"ကျေးဇူးတင်ပါတယ်"

"ရှင်"

"သတိရလာပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောတာ"

"အမျိုးသမီးကဘာလို့တိမ်လွှာ့ကို ကျေးဇူးတင်တာလဲဆိုတာကိုတိမ်လွှာနားမလည်ဘူး"

"ဒီလိုပါပဲ..မင်း သတိမရလာမှာကို တို့စိုးရိမ်နေတာ အခုလိုသတိရလာပေးလို့ဒီတိုင်းလေးကျေးဇူးတင်‌မိတာပါ"

"အော်"

တိမ်လွှာ သတိပြန်ရလာတာဖြင့် တစ်နာရီမပြည့်သေးဘူး အဖြေရှာမရတဲ့မေးခွန်းတွေကိုအမျိုးသမီးကထပ်ပေးပြန်ပြီ။

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now