Unicod
"မင်းတို့ ခေါင်းဆောင်ရော"
"ခင်ဗျားကဘယ်သူလဲ ဘာကိစ္စရှိလို့လဲ"
"မင်းတို့ခေါင်းဆောင်ရဲ့ မိတ်ဆွေလို့ ပြောလိုက်"
မှိုင်းစလာထဲက ထိုခြံရှေ့မှာ စောင့်နေတဲ့နှစ်ယောက်က မှိုင်းကိုရှိန်နေတယ်နဲ့တူပါတယ်..အခုလိုမှိုင်း အမိန့်သံကြီးနဲ့ပြောလိုက်တော့ နှစ်ယောက်သား စကားကပ်ပြောပြီး တစ်ယောက်က ထွက်သွားလေသည်။
--------
"ရှင်..ကျွန်မအသားကို မထိနဲ့နော်လူယုတ်မာ""မရှန်းပါနဲ့ကွာ..ရုန်းရင်ပိုဆိုးမယ်နော်"
"ကျွန်မအသားကို မထိနဲ့လို့ပြောနေတယ်နော်"
"မင်းကတကယ်ကို ပြောရဆိုရခက်တဲ့ မိန်းကလေးပဲ ကိုယ်ကလည်း အဲ့လို မိန်းကလေးကိုမှ ကြိုက်တာ"
ထိုလူမှာ တိမ်လွှာ့ရဲ့ အဝတ်အစားတွေ ဆွဲဖြဲမယ်အလုပ်....
"ဆရာ ဆရာ!!"
"ကျစ်ဘာလဲကွာ ဘာလို့အလန့်တကြားလာအော်နေရတာလဲ အချိန်ကောင်းကြမှ"
"အောက်မှာ ဆရာ့မိတ်ဆွေလို့ပြောတယ်ဆရာ..ဆရာနဲ့တွေ့ချင်လို့တဲ့"
"ဘယ်က မိတ်ဆွေလဲကွာ..ငါမှာမိတ်ဆွေမှ မရှိတာ"
"မိန်းမတစ်ယောက်ပါပဲဆရာ"
"ဟားဟား ဟေ့ကောင် ငါ့ကိုလာနောက်မနေနဲ့ ဘယ် မိန်းမနဲ့ ငါမိတ်ဆွေဖွဲ့ထားလို့လဲ..ဒါပေမဲ့ အေးလာခဲ့မယ်ကွာ.."
ထိုလူက ထွက်မသွားခင် တိမ်လွှာ့နားနားကိုကပ်ပြီး...
"ပြန်လာခဲ့မယ်အချစ်လေး...ပြန်လာရင်မင်းကကိုယ့်အပိုင်ပဲဖြစ်တော့မှာ"
တိမ်လွှာ အံကိုတင်းတင်းကြိတ်ထားကာ မျက်ရည်တွေပင်ဝဲတက်လာလေသည်။ဒါပေမဲ့ထိုလူရှေ့မှာတော့ တိမ်လွှာ မျက်ရည်မကျပေ...
တိမ်လွှာ နည်းနည်းတော့မျှော်လင့်မိပါသည်။ခုန သူတို့ပြောတဲ့ မိန်းမတစ်ယောက်ရောက်လာတယ်ဆိုတာ အမျိုးသမီးများဖြစ်နေမလားလို့တိမ်လွှာတွေးမိလေသည်။
"ဟာ မဖြစ်နိုင်တာ အမျိုးသမီးက ဒီလိုလူတွေနဲ့ ပတ်သတ်စရာ အကြောင်းမှမရှိတာ ဒီလောက်အန္တရာယ်များတာကို.."
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")