"Part-17"

8.8K 456 26
                                    

Unicod

"အယ် မြူ...သရဲကားကြီးကြည့်မလို့လား"

"ဟုတ်တယ်လေ အမျိုးသမီးရဲ့...ဘာလို့လဲ အမျိုးသမီးက ကြောက်လို့လား"

"အို တို့အသက်အရွယ်နဲ့သရဲကြောက်စရာလား..ဒါမဲ့မကြည့်ပါနဲ့လား မြူလန့်မှာ စိုးလို့ပါ"

"မြူက ငယ်ငယ်ကတည်းက cartoonကားတွေကြည့်လာတာမဟုတ်ဘူး သရဲကားတွေပဲကြည့်လာတာ အေးဆေးပါ"

"တော်တော်မလွယ်တဲ့ကလေးပါလား..အေးနော် နောက်မှ တို့ရင်ခွင်ထဲမှာ မျက်လုံးကြီးမှိတ်ပြီးမနေနဲ့နော်"

"ဟဟ စောင့်ကြည့်လိုက်ပါ အမျိုးသမီးရဲ့"

တကယ်လည်း တိမ်လွှာက သရဲမကြောက်တတ်တဲ့မိန်းကလေးပါ...လောလောဆယ်ကြောက်နေတာက အမျိုးသမီးပင်။တိမ်လွှာ့ရင်ခွင်ထဲမှာ မျက်လုံးကိုလက်‌နှစ်ဖက်နဲ့အုပ်ပြီးလက်ကြားထဲက ချောင်းကြည့်နေတဲ့သူက ခုနမကြောက်ဘူးဆိုပြီးကြွေးကြော်ထားတဲ့အမျိုးသမီးရယ်ပါ..

"မြူ တစ်ခြားကားပြောင်းလိုက်ပါလားကွယ်..တို့ကြောက်လာပြီ"

"အမျိုးသမီးပြောတော့ မကြောက်ဘူးဆို"

"အခု မြူ့ရဲ့ သရဲကားကြီးက အရမ်းကြောက်ဖို့ကောင်းနေတာကို..တော်ရုံတန်ရုံ ကားတွေဆို တို့က မကြောက်‌တတ်ဘူးလေ အခုကားက ကြည့်ပါအုံး ရုတ်တရက်ကြီး သရဲမက ထထပေါ်လာတာ တို့မကြောက်ဘဲနေမလား..ပြောင်းလိုက်ပါနော်"

"ခဏလေးပါအမျိုးသမီးရဲ့ကောင်းခန်းရောက်နေပြီကို..အမျိုးသမီးကြောက်ရင် တိမ်လွှာ့ရင်ခွင်ထဲမှာ နေနော် တိမ်လွှာဖက်ထားပေးမယ်"

"ပြီးရောကွယ်"

မှိုင်းက ထိုကလေးမနဲ့ပတ်သတ်ရင် မှိုင်းဘက်ကပဲဦးဆောင်ချင်တာ မှိုင်းဘက်ကပဲကာကွယ်ပေးချင်တာ မှိုင်းဘက်ကပဲ ယောင်္ကျားလေးနေရာမှာနေချင်ပေမဲ့လည်း..လောလောဆယ် မှိုင်းရောက်နေတာ မြူ့ရဲ့ရင်ခွင်ထဲကိုပင်။

"အချစ်"

"ရှင်"

"တို့က အိမ်ထောင်ဦးစီးနေရာမှာပဲ နေမှာနော်"

"ထူးထူးဆန်းဆန်းဘာလို့ဒီလိုစကားမျိုးပြောတာလည်း အမျိုးသမီးရဲ့..တိမ်လွှာက အစထဲက အမျိုးသမီးကို တိမ်လွှာ့ရဲ့အိမ်ထောင်ဦးစီးနေရာမှာထားတာပါ"

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now