Unicod
"နိုးလာပြီလား တိမ်လွှာ"
"ငါဘယ်ရောက်နေတာလဲ"
"ဆေးရုံလေ...နင်လမ်းမ ပေါ်မှာမူးလဲကျသွားလို့"
"အော်"
"နင် သူ့ကို မေ့လိုက်ပါတော့လားတိမ်လွှာရယ်"
ဆုလေးစကားကြောင့် တိမ်လွှာ ပြုံးလိုက်ကာ..
"ဆုလေးရာ နင်ငါ့ကိုရူးနေတယ်လို့ပဲပြောပြော ဘယ်လိုပဲပြောပြောဟာ အမျိုးသမီးကဒီလောက်နာကျင်မှုတွေပေးနေတာတောင် ငါကအမျိုးသမီးကိုချစ်နေရတာကိုပဲပျော်နေတာ ငါဆီ့မှာ အမျိုးသမီးကိုချစ်နေရတဲ့စိတ်ကလေး ရှိနေရတာကိုက ပျော်ဖို့ကောင်းနေတာ..ငါလေမေ့ဖို့လည်းမကြိုးစားဘူး မေ့လည်းမမေ့ချင်ဘူး နာကျင်ရနေမယ်ဆိုရင်တောင် ငါပျော်ပျော်ကြီးနဲ့နာကျင်မှုတွေကိုခံယူနေမှာ"
"ဟူး အချစ်ကြီးလိုက်တာ တိမ်လွှာရယ်"
"ဒါနဲ့ ငါဆေးရုံက ဆင်းလို့ရပြီလား"
"ဒီဆေးလေးတော့ကုန်အောင်သွင်းလိုက်ပါအုန်း နင် အားပျက်နေတာလေ"
"ရပါတယ်ကုန်တော့မှာပဲဟာ..ငါအဖေ့ဆီကိုသွားရအုံးမယ်.. အဖေ့ဆီမသွားဖြစ်တာကြာပြီ အဖေစိတ်ပူနေတော့မှာ"
"ဟဲ့ဟဲ့ ဆရာဝန်ကိုတော့ ပြောသွားအုန်းလေ..ငါ့ကိုလည်းစောင့်အုန်းလေအော် ဒီသူငယ်ချင်းတစ်ယောက်ပဲရှိပါတယ် ကလေးအမေကြီးကြလို့"
----------
"ကျွန်တော်တောင်းပန်ပါတယ်ဗျာ..အသက်လေးကိုတော့ချမ်းသာပေးပါ ဆရာကြီးတို့ရဲ့ပိုက်ဆံကိုသေချာပေါက်ပြန်ဆပ်မှာပါ..ကျွန်တော့်ကိုမသတ်ကြပါနဲ့နော်""ဟေ့ကောင် မင်းကို ချေးလိုက်တုန်းကဒီချိန်ဒီရက်ပြန်ဆပ်ပါလို့ ကြိုပြောခဲ့တယ်မလား..ပိုက်ဆံပြန်ဆပ်မလား အသက်သေခံမလားပြော"
"ကျွန်တော် တကယ်ပြန်ဆပ်ပါ့မယ်..နောက်တစ်လလောက်ပဲထပ်စောင့်ပေးပါနော်"
"မင်းကို နှစ်ခွန်းပဲမေးမယ် အခုပြန်ဆပ်မှာလား အသက်အသေခံမှာလား
"ကျစ် မရှိတာကို ဘယ်လိုကျုပ်က ပြန်ဆပ်ရမှာလဲ..သတ်ချင်လည်း သတ်သွားတော့ဗျာ"
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")