Unicod
"တိမ်လွှာ အမျိုးသမီးကို နောက်တစ်ခေါက်ထပ်ပြီးယုံကြည်လို့ရမလား"
"မြူသာ တို့ကို လက်ခံမယ်ဆို တစ်သက်လုံးယုံကြည်လို့ရပါတယ် တို့မြူ့ကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး"
"ချစ်တယ် အမျိုးသမီး.."
"တို့လည်း မြူ့ကိုသိပ်ချစ်တယ်"
"ချစ်တယ်ဆို ရပြီလေ ဘာ ဘာလို့ အနားကပ်လာတာလဲ..အမျိုးသမီးနော် တိမ်လွှာ အခုမှ သတိရလာတာကို"
"လွမ်းနေခဲ့တာ အဲ့နှုတ်ခမ်းလေးကို..."
ပြောရင်း ဖွဖွလေးလာနမ်းတဲ့ အမျိုးသမီးကို တိမ်လွှာ့ဘက်ကပါ ပြန်တုံ့ပြန်အနမ်းပေးလိုက်လေသည်။မညာတမ်းပြောရရင် တိမ်လွှာလည်းသိပ်ကိုလွမ်းနေခဲ့တဲ့ နှုတ်ခမ်းလေးလေ...
"အဟမ်း အဟမ်း sry နော် အချိန်ကောင်းမှ ဝင်နှောင့်ယှက်မိသလို ဖြစ်သွားလို့"
အနောက်က မိုးသည်းရိပ်ရဲ့အသံကြောင့် အမြန်ပဲ အနမ်းကိုရပ်တန့်လိုက်ကာ...
"သည်း ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ အန်တီ သည်းကိုဖုန်းမဆက်ရသေးပါဘူး"
"ဘာလို့လဲအန်တီ အချိန်ကောင်းမှ လာဝင်ရှုပ်သလိုဖြစ်သွားလို့ စိတ်ဆိုးသွားတာလား"
"မဟုတ်ပါဘူး သည်း အထင်လွဲနေတာပါ..အန်တီက ဒီတိုင်းမေးလိုက်တာပါ"
"အန်တီ တိမ်လွှာ့ကို စွန့်လွှတ်လိုက်ထဲက တိမ်လွှာ့အကြောင်းတွေကို အမြဲစုံစမ်းနေခဲ့တာ အဲ့တာကြောင့်အခုလိုမြန်မြန်သိတာလည်း မထူးဆန်းပါဘူး"
"အွန်းပါ"
"တိမ်လွှာ့ကို ကိုယ်က စိတ်ပူပြီးလာတာ...ခုနကပုံကိုကြည့်ရသလောက်တော့ တိမ်လွှာက တော်တော်သက်သာ နေပြီပဲ"
"ဟုတ် သေနတ်က လက်ပဲထိတာမို့လို့ အရမ်းတော့စိုးရိမ်စရာမရှိပါဘူး"
"အွန်းပါ ဘေးမှာ အန်တီလည်းရှိနေတော့..ကိုယ်ပြန်တော့မယ် အလုပ်လည်းရှိနေတော့"
"အော် ဟုတ်ကဲ့"
ထွက်သွားတဲ့ မိုးသည်းရိပ်ကို ကြည့်ကာ မှိုင်းနဲ့ တိမ်လွှာ ပြိုင်တူသက်ပြင်းချမိလေသည်။
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")