"Part-23"

9K 414 13
                                    

Unicod

"Doctor အခြေအနေဘယ်လိုရှိလဲဟင်"

"ခွဲစိတ်မှု အောင်မြင်ပါတယ် စိုးရိမ်စရာတော့မရှိတော့ပါဘူးဗျ...ဒါပေမဲ့ လူနာကလက်ကို ထိသွားတာဆိုတော့ အလေးအပင်တွေတော့ မမခိုင်းပါနဲ့"

"ဟုတ်ကဲ့ စိတ်ချပါ doctor"

"ခဏနေရင် သတိရလာပါလိမ့်မယ် အခုကမေ့ဆေးအရှိန်ကြောင့် သတိမရသေးတာပါ"

"ဟုတ်ကဲ့ပါ doctorကျေးဇူးတင်ပါတယ်"

"ကျွန်တော့်ကို ရိုရိုသေသေ မဆက်ဆံပါနဲ့ဗျာ..ဒီက ဆေးရုံပိုင်ရှင်လို့ သိထားတယ် အဲ့တာကြောင့် တစ်ရင်းတစ်နှီးပဲဆက်ဆံပါ"

"မဟုတ်တာ doctorရယ် ကျွန်မအသက်ထက်တန်ဖိုးထားရတဲ့သူကို ကယ်ပေးထားတာပဲ.. doctorက ကျွန်မရဲ့ ကျေးဇူးရှင်လိုပါပဲ"

"ဟုတ်ပါပြီဗျာ.."

မှိုင်းဟာ ချစ်ရသူနဲ့ပတ်သတ်လာရင် သူမရဲ့မာနတွေကိုလည်း ခဝါချဖို့ဝန်မလေးပေ။အရင်ကဆို မှိုင်းက ဒီလိုလူမျိုးမဟုတ် ဆေးရုံပိုင်ရှင်လည်းဖြစ်တာကြောင့် ဘယ်သူနဲ့မှ အရောတဝင်လည်းမနေတဲ့အပြင် မှိုင်းက ဒီဆေးရုံပိုင်ရှင်ဆိုတာကိုသိတဲ့သူလည်း ရှားလေသည်။

မှိုင်းအရမ်းကို ပင်ပန်းနေတာကြောင့် တိမ်လွှာ့ကုတင်ဘေးမှာပဲ ခဏလောက်အိပ်ပျော်သွားလေသည်။မှိုင်းရဲ့အိမ်မက်ထဲမှာ တိမ်လွှာက သတို့သမီးဝတ်စုံလေးနဲ့သိပ်ကိုလှနေတယ်တဲ့လေ။တိမ်လွှာက တစ်ခြားတစ်ယောက်နဲ့လက်ထပ်သွားတာလားဆိုတာ မသိတာကြောင့်မှိုင်းရဲ့အိမ်မက်ဟာ ကြည်နူးစရာရော ဝမ်းနည်းစရာပါရောထွေးနေလေသည်။

"အ အမျိုးသမီး"

ရုတ်တရက် လက်ကိုလာလှုပ်နေတာကြောင့်မှိုင်းရုတ်တရက် နိုးသွားကာ...

"ဟင် မြူ...မြူသတိရလာပြီလား ဘယ်လိုနေသေးလဲဟင် သက်သာရဲ့လား"

"သက်သာပါတယ်အမျိုးသမီးရဲ့...ဒါနဲ့ဘာတွေဖြစ်သွားခဲ့တာလဲ တိမ်လွှာမေ့လဲသွားပြီးတဲ့နောက်ပိုင်းမှာ"

"တို့ အဲ့လူကို သတ်လိုက်ပြီ"

"အော်"

တိမ်လွှာ မအံ့ဩတော့ပေ။အမျိုးသမီးကိုပိုလို့တောင်ကျေးဇူးတင်ပါသေးသည်။တကယ်ဆိုတိမ်လွှာလည်းအဲ့လူကိုသတ်ပစ်ချင်လောက်အောင်ကိုမုန်းမိနေတာမလား...

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now