Unicod
"ငါနဲ့တူတူ မိုးရေထဲမှာ မနမ်းချင်ဘူးလား"
"ရှင်"
အမျိုးသမီးကလေ မေးပြီးရင် ဘယ်တော့မှတိမ်လွှာဆီက အဖြေကိုမစောင့်...တိမ်လွှာငြင်းမှာကိုပဲကြိုသိနေလို့လားတော့မသိဘူး..မေးပြီးတာနဲ့ တိမ်လွှာ့ မေးစေ့ကိုမော့စေပြီး သူမနှုတ်ခမ်းကို တိမ်လွှာ နှုတ်ခမ်းပေါ်ဆီတင်လိုက်လေသည်။
ဒီတစ်ခါတော့ တိမ်လွှာ အမျိုးသမီးကို မတွန်းထုတ်တော့ပေ။ဒါဟာ ဘာ့ကြောင့်လဲ အမျိုးသမီးရဲ့အနမ်းတွေမှာပဲ တိမ်လွှာနစ်မွန်းသွားတာလား..အခုအနမ်းတွေက သိပ်ကိုနူးညံ့လွန်းသည်။အပြစ်ပေးတာမဟုတ်လို့များလား..တစ်ဖန် စတုတ္တအကြိမ်ထပ်ခုန်လာတဲ့ တိမ်လွှာ့ရဲ့နှလုံးသား ငါးကြိမ်မြောက်ထပ်ခုန်လာခဲ့မယ်ဆိူရင်တော့ တိမ်လွှာ အမျိုးသမီးကိုချစ်မိနေပြီလို့တိမ်လွှာသတ်မှတ်လိုက်တော့မှာ..
မှိုင်းမညာတိုင်းပြောရမယ်ဆို ထိုကလေးမရဲ့နှုတ်ခမ်းတွေကို မှိုင်းကြိုက်မိလေသည်။ထိုကလေးမရဲ့နှုတ်ခမ်းတွေဟာသိပ်ကိုနူးညံ့လွန်းတယ်..သူမရဲ့ first kiss ကိုမှိုင်းယူခဲ့သလို မှိုင်းရဲ့ first kissဟာလည်း ထိုကလေးမဆီမှာပင်။
"ဘယ်လိုလဲ...မိုးရေထဲမှာ နမ်းရတာ ကောင်းတယ်မလား"
"ရှင်"
"တို့တော့ကြိုက်တယ်"
"ဟို...ဟို အိမ်ထဲဝင်ရအောင်လေ အမျိုးသမီး..မိုးရေထဲမှာကြာကြာနေရင် အမျိုးသမီးနေမကောင်းဖြစ်လိမ့်မယ်"
"အွန်း..ပြီးရင်ထမင်းစားဖို့အောက်ဆင်းခဲ့"
"ဟုတ်ကဲ့"
ရေချိုးနေရင်း တိမ်လွှာ့နှုတ်ခမ်းတွေကို တိမ်လွှာကိုင်ကြည့်မိလေသည်..ပြီးတော့ ပြုံးကာ ကျလာတဲ့ မျက်ရည်စက်လေးတစ်စက်...
"ကျွန်မ အမျိူးသမီးကိုချစ်လို့မရဘူး...ကျွန်မအမျိုးသမီးကိုချစ်မိသွားလို့မဖြစ်ဘူး.."
------
တိမ်လွှာ အောက်ဆင်းလာတော့ ခုနက ကောင်မလေးကပါ ထမင်းစားဝိုင်းထဲမှာ အမျိုးသမီးနဲ့အတူတူထိုင်နေတာကိုတိမ်လွှာတွေ့ရလေသည်။
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")