Unicod
"မင်း ငါ့ဆီမှာ နေရတာ မပင်ပန်းဘူးလား တိမ်လွှာ"
အမျိုးသမီး တိမ်လွှာ့ကိုမေးလိုက်တဲ့မေးခွန်းကြောင့် တိမ်လွှာ ခဏတာ စဉ်းစားလိုက်လေသည်။ထို့နောက်...
"မပင်ပန်းဘူးလို့ပြောရင်တော့တိမ်လွှာ အမျိုးသမီးကိုလိမ်ရာကျသွားမှာပေါ့..ဒါပေမဲ့ ဒီလမ်းကို တိမ်လွှာကိုယ်တိုင်ရွေးချယ်ခဲ့တာလေ..ပြီးတော့"
ရပ်သွားတဲ့စကားသံကြောင့် မှိုင်း တိမ်လွှာ့ကိုလှည့်ကြည့်လိုက်တော့ ထိုကလေးမက တစ်ခုခုကိုပြောချင်နေပေမဲ့ မပြောရဲတဲ့ပုံပေါက်နေလေသည်။
"ပြီးတော့ ဘာဖြစ်လဲ"
"ပြီးတော့...ဟို ဘာမှမဟုတ်တော့ပါဘူး"
"အခုလိုမျိုးလုပ်ရပ်ကို တို့သိပ်မုန်းတာပဲ"
"ရှင်"
"ထားလိုက်ပါတော့ မင်းမှမပြောချင်တာ..ဒါပေမဲ့မင်းကို တစ်ခုမေးချင်တယ် မင်း တို့ကို အမှန်ပဲ ဖြေပေးပါ"
"ဟုတ်ကဲ့..မေးပါ"
"မင်း မိုးသည်းရိပ်ကို တကယ်သဘောကျနေတာလား"
"တိမ်လွှာ မမကို တကယ်သဘောကျတာပါ..မမကို တိမ်လွှာ့ရဲ့အမအရင်းတစ်ယောက်လို တိမ်လွှာ တကယ်ကို သဘောကျနေမိတာ"
"ဘယ်လို...အမအရင်းတစ်ယောက်လိုဟုတ်လား"
"ဟုတ်..ဘာလို့လဲအမျိုးသမီး"
"တို့ထင်တာ မင်းက မိုးသည်းရိပ်အပေါ်ကို ၁၅၀၀ လိုသဘောကျနေတယ်ထင်တာ"
"မဟုတ်ပါဘူး အမျိုးသမီးရဲ့"
"အော်အွန်းပါ"
မှိုင်း စိတ်ထဲ ပျော်သလိုလို ဖြစ်သွားလေသည်။မှိုင်းဘာလို့ပျော်နေမိမှန်းလည်း မှိုင်းသေချာမသိပေ...
--------
"အန်တီ..""အွန်း သည်းပြောလေ"
"သည်း..တိမ်လွှာ့ကိုတကယ်ချစ်မိသွားပြီထင်တယ်"
မိုးသည်းရိပ်ရဲ့ စကားကြောင့် မှိုင်း လုပ်လက်စ စာရင်းတွေကို ချလိုက်ပြီး..မိုးသည်းကိုသေချာကြည့်ကာ...
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")