"Part-2"

11.8K 580 10
                                    

Unicod

"အော်...ဒီမျက်နှာလေးကိုမြင်ဖူးပါတယ်ဆိုပြီးလှမ်းကြည့်နေတာ...အခုသေသေချာချာကြည့်လိုက်တော့မှပဲ ကိုယ့်ရဲ့ မိန်းမဟောင်းလေးဖြစ်နေတာကို"

ဘုရားရှိခိုးနေတဲ့အချိန်ဘေးနားကနေကြားလိုက်ရတဲ့အာမထိလျှာမထိစကား‌သံကြောင့် မှိုင်းရိပ်ညို တစ်ယောက်မျက်မှောင်ကြုံ့မိလေသည်။ဘုရားပေါ်မှာတောင် အရက်နံ့မွှန်ထူနေအောင်သောက်တဲ့ထိုလူကြောင့် ဆက်ပြီးဘုရားလည်းမရှိခိုးနိုင်တော့ပေ။

ဘုရားကိုဦးချပြီး ထိုလူကိုလှည့်ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတဲ့ ထိုလူရဲ့မျက်နှာကြောင့် မှိုင်းရိပ်ညိုရဲ့ နှလုံးခုန်နှုန်းတွေဟာမြန်လာပြီး..နှဖူးကသွေးကြောစိမ်းစိမ်းတွေကလည်းထင်းကနဲကို ထွက်ပေါ်လာလေသည်...ဘယ်လောက်ထိ ဒေါသထွက်နေလဲဆိုရင် သူမရဲ့လက်သည်းရှည်ရှည်တွေနဲ့ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးကြောင့်ထွက်နေတဲ့သွေးတွေကိုကြည့်ရင် သိပေမည်။

"ရှင်...ရှင် သျှားခန့်မောင်"

"အိုးဟိုး ကိုယ့်ကိုမှတ်မိသားပဲ...အေ့ ဟုတ်တာပေါ့ မင်းလေးအရမ်းချစ်ခဲ့တဲ့ သူတစ်ယောက်ကို မှတ်မိတာကတော့မထူးဆန်းတော့ပါဘူး"

မှိုင်းရိပ်ညိုရဲ့အဖြစ်ကသိပ်ကိုဆိုးလှသည်...ကိုယ့်ဘဝကိုဖျက်စီးခဲ့တဲ့သူ ကိုယ်သတ်ပစ်‌ချင်လောက်အောင်မုန်းတဲ့သူကို တွေ့ချင်းတွေ့တော့လည်း ဘုရားပေါ်မှာတဲ့လား...အပြင်မှာသာဆိုရင် သူမ လက်ချက်ကြောင့် ထိုအရှေ့က‌လူ အသက်ပင်ရှိတော့မည်မဟုတ်..ကွာချင်းကွာ အချိန်ခဏလေးအတွင်းမှာသေသွားတာနဲ့ အချိန် တော်တော်ကြာမှ သေသွားတာပဲကွာလိမ့်မည်။ကိုယ့်သွေးနဲ့ စာတောင်ရေးနိုင်သေးတဲ့မိန်းမတစ်ယောက်က အမုန်းတရားကြောင့် လူသတ်ဖို့လည်းဝန်မ‌လေးပင်။

"ရှင် ကျွန်မရှေ့ကနေ အခုချက်ချင်းထွက်သွားရင် ပိုကောင်းမယ်ထင်တယ်သျှားခန့်မောင်...ရှင့်ကို ကျွန်မဒီနေရာမှာတင်သတ်လိုက်လို့ရပေမဲ့ ငရဲမှာထပ်တွေ့ကြမှာစိုးလို့ ကျွန်မရှေ့ကနေထွက်သွားပါ"

"စိတ်လျှော့ပါ မိန်းမလေးရဲ့...ကိုယ်ကအခု မင်းကိုပြန်ပြီးကိုယ့်မိန်းမအဖြစ်ပြန်လုပ်နိုင်မလားလို့လာတောင်းဆိုတာပါ"

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now