Unicod
"အခန်းထဲမှာ သွားနားလို့ရပြီ"
"ဟို အမျိူးသမီး တိမ်လွှာ့ကိုခိုင်းစရာမရှိတော့ဘူးလားရှင့်"
"မင်း ဒီလိုပုံနဲ့ ငါမင်းကို အလုပ်လုပ်ခိုင်းရင်..မင်းအတွက်မနက်ဖြန်ဆိုတာ မသေချာလို့လေ.."
"အော် ဟုတ်ကဲ့ပါ..တစ်ခုခုဆို တိမ်လွှာ့ကို လှမ်းခေါ်လိုက်ပါ"
"အွန်း"
--------
တိမ်လွှာ့ရဲ့ ခန္ဓာကိုယ်ကြီးထဲမှာ မီးခဲကြီး ဝင်နေသလိုကို ပူနေတာကြောင့်ဖြစ်ချင်ရာဖြစ်ဆိုပြီး တိမ်လွှာရေချိုးလိုက်လေသည်။တိမ်လွှာ ရေချိုးခန်းထဲက ထွက်လာတော့...ကုတင်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးကြောင့် တိမ်လွှာ ခန္ဓာကိုယ်ကြီးဟာ ပူရှိန်းရှိန်းပြန်ဖြစ်လာလေသည်။ဘာလို့ဆို တိမ်လွှာ့ကိုယ်ပေါ်မှာ တဘက်လေးတစ်ထည်သာရှိလို့ပင်..."ငါအပြစ်ပေးတာတွေကိုမခံနိုင်တော့လို့ သေကြောင်းကြံစည်နေတာလား"
"မ...မဟုတ်ပါဘူး တိမ်လွှာ အရမ်းပူလာလို့ပါ"
"မင်းအသက်ဘယ်လောက်"
"၁၈ပါ"
"၁၈နှစ်တောင်ရှိနေပြီ အဖျားရှိန်ကြောင့်ကိုယ်ပူတယ်ဆိုတာကိုတောင်မသိဘူးလား...ရေချိုးရင် မင်းခန္ဓာကိုယ်ကြီး ပြန်အေးသွားမယ်လို့ ဘယ်ဆရာဝန်က ပြောထားလို့လဲ"
"တိမ်လွှာလည်း အေးလို အေးငြားဆိုပြီးချိုးလိုက်တာပါ"
"အခုပြန်ပူလာပြီမလား"
တိမ်လွှာ ခေါင်းလေးသာ ငြိမ့်ပြလိုက်လေသည်။တိမ်လွှာ အမျိုးသမီးကို အော်ပြီးသာ ပြောပြချင်မိသည်..."တိမ်လွှာ ပြန်ပူလာတာက အမျိုးသမီးကြောင့်ဆိုပြီး"တော့ပေါ့...
"ကြက်သားစွတ်ပြုတ်လာပေးပါ"
"ဟို တိမ်လွှာ မကြိုက်..."
"ငါကိုယ်တိုင်လုပ်ထားတာ"
အမျိုးသမီးကိုယ်တိုင်လုပ်ထားတာဆိုတော့လည်း တိမ်လွှာ မငြင်းရဲတော့ပေ...မငြင်းရဲဘူးဆိုတာထက် မငြင်းရက်တာဆိုပိုမှန်လိမ့်မည်။
"ဟုတ် တိမ်လွှာ သောက်လိုက်ပါ့မယ်..ကျေးဇူးတင်ပါတယ်အမျိုးသမီး"
YOU ARE READING
"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")