"Part-28"

8.8K 396 1
                                    

Unicod

"ဟင် ဆုလေးကဘယ်လိုလုပ်..မမနဲ့သိသွားတာလဲ"

"ပြောရမှာတော့ နည်းနည်းရှည်တယ်..ဒါပေမဲ့ ကိုယ်အသည်းကွဲနေတုန်းက ကလပ်မှာ စခင်တယ်ပဲပြောရမှာပေါ့"

"ဆုလေးနော် နင်မမနဲ့ ခင်တာကိုငါ့ကိုလျှိုထားတာ"

"မဟုတ်ပါဘူးဟယ်...နင်နဲ့ငါနဲ့ကအခုနောက်ပိုင်းတွေ့ဖြစ်တာကြနေတာပဲ"

"ဟုတ်ပါပြီ...ဒါဆို ကိတ်မုန့်ခွဲကြရအောက်လေ"

"မြူ တို့နားလာခဲ့"

တိမ်လွှာ အမျိုးသမီးနားကို ‌သွားတဲ့အခါအမျိူးသမီးကတိမ်လွှာ့ခါးလေးကိုဆွဲဖက်လိုက်ပြီး တိမ်လွှာ့ကို ရင်ခွင်ထဲထည့်လိုက်ကာ...

"တို့မွေးနေ့မှာ တို့ချစ်ရတဲ့သူလေးနဲ့ ကိတ်မုန့်တူတူခွဲချင်လို့လေ"

အမျိုးသမီးက သိပ်ရင်ခုန်အောင်လုပ်တတ်လေသည်။အမျိုးသမီးရုတ်တရက်လုပ်လိုက်တဲ့ လုပ်ရပ်တွေဟာ ဘယ်လိုမှမထင်ထားတဲ့လုပ်ရပ်တွေဖြစ်ပြီး သိပ်ကိုမှ ရင်ခုန်ဖို့ကောင်းလေသည်။

တကယ်ပါ ဒီနေ့က မှိုင်းရဲ့အပျော်ဆုံးနေ့လို့ပြောလို့ရ‌သည်။မှိုင်းချစ်ရတဲ့သူတွေနဲ့ မွေးနေ့ပွဲကို နွေးနွေးထွေးထွေးကျင်းပချင်တာက မှိုင်းရဲ့အိမ်မက်တွေထဲက တစ်ခုပင်...အခုတော့မှိုင်းအိမ်မက်တွေအားလုံး တကယ်ဖြစ်လာခဲ့လေပြီ..

"တစ်ခုကျန်သေးတယ်"

"ဘာများလဲမြူ...ထပ်ပြီး တို့နှလုံးရပ်မဲ့ကိစ္စတွေတော့မဟုတ်ပါဘူးနော်"

"ဟီး မပြောတတ်ဘူးလေ...ရပ်ရင်လည်းရပ်သွားလောက်တယ် မျက်စိခဏမှိတ်ထား"

"မြူ တို့နားက ထွက်သွားမှာတော့မဟုတ်ပါဘူးနော်"

"ဟဟ မဟုတ်ပါဘူး အမျိုးသမီးရယ် မျက်စိလေးသာ ခဏမှိတ်ထား"

မှိုင်း မြူပြောသလိုသာ မျက်စိလေးကိုအသာလေးမှိတ်ထားလိုက်လေသည်။မိနစ်ပိုင်းလောက်ကြာတဲ့အထိ ဘာအသံမှမကြားဘဲ တိတ်ဆိတ်နေတာကြောင့် စိတ်ထဲ တစ်မျိုးလေးဖြစ်နေလေသည်။

" မျက်လုံးဖွင့်လို့ရပြီ"

မှိုင်း မျက်လုံးဖွင့်လိုက်တော့ မှိုင်းအရှေ့မှာ ဒူးထောက်နေတဲ့ မြူက မှိုင်းကိုပြုံးပြကာ...

"မှိုင်းရိပ်ညို" ("မိႈင္းရိပ္ညို")Where stories live. Discover now