extra1

2.4K 23 2
                                    

နွေအိပ်မက်[Summer dream]

extra{1} °°°°°°°°

စက် မျက်ဝန်းတွေကိုဖြည်းဖြည်းချင်းပိတ်လိုက်မိသည်။ဒီည အတာ မရှိတော့စက်ရင်ထဲတစ်ခုခုလိုနေသလိုလို။
အတာ က ကိုဝန်ရှိထဲက စပြီးထဲက အိမ်မြဲတယ်လို့မရှိ။ခုလဲ ချောချော အိမ်မှာ သွားအိပ်ပြန်ပြီ။
ကို့ ယောက်ျားကိုတော့ အမြဲ စိတ်ချတယ်။

စိတ်ထဲက မကျေနပ် ချက်တွေကို အံကြိတ်ပြီး ဖြေသိမ့်လိုက်တာတောင် သိပ်အခဲမကျေချင်သေး။
ပြောတော့ မောင်နဲ့ အတူတူ နေပါမယ် ဆိုပြီး
ခုတော့ အဲ့ပေါက်စ ရဲ့ကိုယ်ဝန် ကိုစလွယ်ရပြီဆိုထဲက လူအနားကို မကပ်တော့။
တစ်နေ့တစ်နေ့ အိမ်ကပ်တယ်လို့လဲမရှိ။ ဆေးရုံက ဆေးခွင့်နဲ့ နားနေပင်မယ့် နှစ်ယောက် အတူတူကြည်နူးရတယ်လို့ကိုမရှိ။
သေချာတယ် အဲ့ပေါက်စ မွေးလာရင် အဲ့ ထပ်ပိုဆိုးမှာ။

°°°°°°°°°

"မောင် ရေ အတာ အပြင်သွားဉီးမယ်နော်
ကျောင်းတုန်းကသူငယ်ချင်းတွေ နဲ့ မုန့်စားဖို့
ချိန်းထားတာ မောင်မလိုက်နဲ့တော့နော်။ "

" အိုး မသွားရဘူး အတာ ။ "

" မောင် ကလဲ ဘာဖြစ်လို့လဲ အတာ ကဒီနားလေး။ "

" အတာ မောင်က မသွားနဲ့လို့ပြောနေတာကို ဘာလို့ နားမထောင်တာလဲ။၊"

" မောင်!! "

" မောင်မလျှော့တော့ ဘူး ဒီတစ်ခါတော့ တစ်က
ယ်မသွားရဘူး။ "

မျက်နှာကို တင်းနိုင်သမျှတင်းပြီးပြောလိုက်မှ
နှုတ်ခမ်းစူပြီး အခန်းထဲ ဝင်သွားတဲ့ ကောင်မလေး။စက်လဲ အခန်းထဲ လိုက်ဝင်လိုက်ပြီး

" အတာလွန်တယ် မထင်ဘူးလား။ "

" ဘယ်မှာ လွန်လို့လဲ မောင်ကိုက ပိုတာ ။ "

" မောင် ဘယ်မှာ ပိုလို့လဲ မောင် အတာ့ကို
ဘယ်လောက်ချစ်လဲ အတာ သိပါတယ်။ "

သူမ ထိုင်နေတဲ့ ဘေးမှာ စက်ပါဝင်ထိုင်လိုက်ပြီးလက်ကလေးကို ခပ်ဖွဖွ အုပ်ကိုင်လိုက်သည်။

" မောင်ကလေ အတာ့ကို စိတ်မချတာ အတာ့
သွားရင်းလာရင်းနဲ့ မတော် တဆ တစ်ခုခုဖြစ်ရင် မောင်ပဲရင်ကြိုးရမှာ ပြီးတော့ အတာက အခုမောင့်ရင်သွေးလေးကို လွယ်ထားရတာလေ။ "

နွေအိပ်မက်[summer dream][complete](zawgyi&uni)Where stories live. Discover now