Part 1

3.4K 89 13
                                    


ပေကျင်းမြို့တွင် မိုးဆက်တိုက်ရွာနေသည်မှာ ရက်အနည်းငယ်ကြာနေခဲ့ပြီ။ တစ်မြို့လုံး အနှံ့ သည်းနေချက်က ရေပုံးမှောက်ပြီး သွန်ချနေသလိုပင်။ ကောင်းကင်ကြီး တစ်ခုလုံး ပြိုဆင်းလာဟန် သည်းကြီးမည်းကြီးနိုင်လှသည်။ လေထုကလည်း မွန်းကျပ်စရာကောင်း ပြီး ပိတ်ဆို့နေသော ကားတန်းကြီးမှာလည်း ပက်ကျိကောင်လေးများသဖွယ် တဖြည်း ဖြည်းချင်းသာ ရွေ့လျားနေရသည်။

နေ့စဉ်ရက်ဆက် အချိန်ပိုတွေဆင်းထားရသည့်အပြင် အပူပေးစက်မှ လေများ ဖြင့် လှောင်ပိတ်နေသော ကားအတွင်းခန်း နေရာကျဉ်းကျဉ်းကြောင့် သူမွန်းကျပ်နေလေ ပြီ။ ခေါင်းတွေမူးနောက်ပြီး မျက်လုံးတွေပင် ဖူးရောင်လာသလို ခံစားရသည်။ ဟယ်ကု ခမျာ ကားပိတ်ဆို့မှုကို စိတ်အနှောင့်အယှက်ဖြစ်ချိန် မရလောက်အောင် ကားကို လိပ်လို ဖြည်းဖြည်းချင်းရှေ့တိုးရင်း တစ်ဖက်မှလည်း ဝန်ထမ်းအငယ်များကို ညွှန်ကြားချက်တွေ ပေးနေရသည်။ သို့နှင့် ရှေ့ကားအမြီးကို ခဏခဏ ဝင်တိုက်လုနီးပါး ဖြစ်သွားသေးသည်။ သူအိမ်ပြန်ရောက်သည့်အချိန်တွင် ဆယ်နာရီပင် ထိုးတော့မည်။ ကားတံခါး ဖွင့်ချိန်နှင့် ထီးအဖွင့်ကြား စကန့်အနည်းငယ်သာ ကြာလိုက်သော်လည်း သည်းလွန်းသောမိုးကြောင့် တစ်ကိုယ်လုံးရွှဲစိုကုန်ရသည်။ ဆောင်းနှောင်းရာသီ၏ မိုးရေစက်များသည် အသားကို ရေခဲစလေးများနှင့် ထိုးနေသလိုပင်။ ရွှဲရွှဲစိုနေသည့် ရေစက်များကြောင့် အပေါ်ထပ်ကို တက်လာသည့် ခြေလှမ်းတိုင်းက အသံမြည်နေပြီး လူကလည်း အားအင်ကုန်ခန်းနေသလို ခံစားရသည်။

သော့ပေါက်ထဲ သော့တံထည့်ပြီး လှည့်ဖွင့်လိုက်ချိန်တွင်တော့ ဟယ်ကု၏ ထိုင်းမှိုင်းနေသော စိတ်ဝိညာဥ်နှင့် ဦးနှောက်တစ်ခုလုံး ရုတ်တရက် လှုပ်နှိုး ခံလိုက်ရတော့သည်။ တံခါးချပ်ကိုဖြတ်၍ ဂိမ်းစက်၏အသံကိုကြားနေရခြင်းကြောင့်ပင်။

သူရောက်နေပြီ။

ထိုစဉ်ခဏမှာပင် အလုပ်၏ ဖိစီးလေးလံမှုများနှင့် အချိန်ပိုလုပ်ရသောကြောင့် ပင်ပန်းနေသည်တို့မှာ ရွာကျလာသော မိုးစက်ပွင့်တို့ မြေသားထဲစိမ့်ဝင်သွားသလို တစ်မု ဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။အလွန်ချဲ့ကားတင်စားသည်ဟု ထင်စရာကောင်း သော်လည်း သူ့နှလုံးသားတွင် လမင်းကြီးနှင့်ပန်းပွင့်များကို ဖြတ်တိုက်လာသော လေညင်း လေးကိုပင် ခံစားမိမတတ် ညံ့သက်သွားရသည်။ တံခါးဖွင့်လိုက်သည်နှင့် ထိုသူကိုမြင်ရ တော့မည်ဆိုသည့် အသိကြောင့် သူ့ပျော်ရွှင်မှုများက ရေနွေးစီးကြောင်းလေးလို တစ်ကိုယ် လုံးကိုဖြတ်သန်း စီးဆင်းသွားပြီး နှလုံးသားထဲ အရာရာနွေးထွေးလှပသွားစေသည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now