Part 22

443 30 0
                                    

ဟယ်ကု မျက်မှောင်ကြုတ်လိုက်မိသည်။ "ကျွီးဟန် ဘယ်လိုလုပ်ပြီး ဒါက အဖြေတစ်ခု ရွေးရ တဲ့ မေးခွန်းဖြစ်သွားတာလဲ၊ မင်းတို့နှစ်ယောက်က အဲ့ဒီလို လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ၊ မင်း ဒီလိုပုံစံနဲ့ ငါ့ကို အခက်တွေ့အောင်မလုပ်ပါနဲ့ကွာ၊ ဟုတ်ပြီလား"

"ငါက မင်းကို အခက်တွေ့အောင်လုပ်တယ်တဲ့လား၊ မင်းအတွက် ဖုန်ကျုန်းက ငါ့ ထက်တောင် ပိုအရေးပါတာလား၊ မင်းဘိုးအေပဲ... မင်းက တွေတောင် တွေဝေနေလိုက်သေး တယ်၊ငါက အခက်တွေ့အောင်လုပ်တယ်လို့ ပြောထွက်တယ်ပေါ့၊ ဒီခြောက်နှစ်လုံး သူမရှိဘဲ နဲ့ မင်းကောင်းကောင်းဖြတ်သန်းလာခဲ့ပြီး ဘယ်လိုဖြစ်လို့ အခုကျမှ မရတော့ဘူး ဖြစ်နေတာ လဲ၊ ငါက မင်းကို အဖော်လုပ်ပေးဖို့ အချိန်မရှိလို့ မင်းက ဖင်ယားနေတာလား"

"ကျွီးဟန်..." ဟယ်ကု အော်ပစ်လိုက်သည်။

"မင်းဘာဖြစ်ချင်နေတာလဲ၊ မင်း အသက် ၂၆ နှစ်ရှိပြီ၊ သူများအတွက် နည်းနည်း လောက် ဖြည့်တွေးပေးလို့မရဘူးလား"

စုန့်ကျွီးဟန်၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် သွေးရောင်လွှမ်းလာတော့သည်။ သူက မျက်ဝန်းများကိုမှေးကျဥ်း၍ သူ့မေးစေ့ကို ဖျစ်ညှစ်ကာဆိုသည်။

"မင်းက ငါ့ကို စာလာသင်နေတာလား၊ မင်းကို ဘယ်သူက အဲ့ဒီလို သတ္တိမျိုးပေး လိုက်တာလဲ၊အခုတော့ မင်းက ငါ့ကို ပြန်သင်ပေးရလောက်အောင်တော်တယ်လို့ ထင်နေပြီ ပေါ့လေ"

သူ့ရင်က အလွန်မြန်ဆန်စွာခုန်လာသည်။ ကြည့်ရသည်မှာ စိတ်ခံစားချက်များ

မြင့်တက်နေပုံပင်။

စုန့်ကျွီးဟန်က သူ့ကိုတွန်းထုတ်ကာ အေးစက်နေသော ပြတင်းပေါက်ကိုသာ လှမ်း ကြည့်နေတော့သည်။ "ဟယ်ကု မင်းကိုငါ ထပ်မတွေ့ရစေနဲ့"သူက ကားတံခါးဖွင့် ဆင်းကာ တံခါးကိုပြန်ဆောင့်ပိတ်သွားခဲ့သည်။

ဟယ်ကု တစ်ကိုယ်လုံးတုန်လှုပ်ကာ ဦးနှောက်မှာလည်း ဗလာဖြစ်သွားတော့သည်။

မင်းကိုငါ ထပ်မတွေ့ရစေနဲ့။

မင်းကိုငါ ထပ်မတွေ့ရစေနဲ့။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now