Part 24

453 37 1
                                    

မကောင်းတာကနေ ကောင်းဖို့ဖြစ်လာတာ' ဟု ရှောင်စုန့် ပြောခဲ့သလိုပင် သူနာလန်ပြန်ထူ နေရသည့်အချိန်အတောအတွင်း စုန့်ကျွီးဟန်နှင့် သူ၏ဆက်ဆံရေးက အတော်ကို အပေးအ ယူမျှပြီး ချိုချိုမြိန်မြိန်လေးရှိခဲ့သည်။ သူက သူ့ဘဝ၊ သူ့စိတ်ဝိဉာဉ်ကို စုန့်ကျွီးဟန်နှင့် အမြဲ လိုက်လျောညီထွေရှိနေရန် သတိထားနေထိုင်လာရသူဖြစ်သည်။ ဒီလိုအပေးအယူမျှမျှနေနိုင် ရန်လည်း အတိတ်ကဖြစ်ရပ်များကို မေ့‌ပျောက်ဟန်ဆောင်ထားခဲ့ရသည်။

တစ်ပတ်ခန့်အနားယူပြီးချိန်တွင် တစ်ချက်တစ်ချက်နေလို့ထိုင်လို့မကောင်းသလို ခံစားရသေးသော်လည်း ကုမ္ပဏီတွင်အလုပ်တွေပုံနေပြီး စုန့်ကျွီးဟန်ကလည်း သီချင်း MV ရိုက်ရန်ပြန်သွားရသဖြင့် အိမ်မှာမနေနိုင်ဘဲ ဟယ်ကုအလုပ်ပြန်ဆင်းရတော့သည်။

ထိုနေ့လယ်တွင် ဖုန်ကျုန်းဆီက ဖုန်းဝင်လာခဲ့သည်။ ဒီတလောမှာတင် ဖုန်ကျုန်း က သူ့ကို အပြင်ထွက်ရန်ခေါ်နေသည်မှာ နှစ်ကြိမ်ရှိလေပြီ။ ထိခိုက်ထားသည်ကို အကြောင်း ပြပြီး သူ မသွားခဲ့ပေ။ အဓိက အကြောင်းကတော့ သူ့မသိစိတ်ထဲကကို ဖုန်ကျုန်းကို ရှောင် ချင်နေ၍ဖြစ်သည်။ ဖုန်ကျုန်း၏ အပြစ်မဟုတ်သော်လည်း ဖုန်ကျုန်း တရုတ်ပြည်သို့ပြန် ရောက်လာကတည်းက သူနှင့် စုန့်ကျွီးဟန်၏ ဆက်ဆံရေးက ပိုပိုတင်း မာလာခဲ့၍ပင်။

ဒီတစ်ခေါက်ကတော့ ဖုန်ဖန့်က သူ့အစ်ကို၏ဝိုင်ခြံကို လွှဲယူသည့်အထိမ်းအမှတ် ဖြင့် လူစုကြခြင်းဖြစ်ပြီး ဖုန်ဖန့်ကလည်း သူ့ကို အထူးတလည် ဖိတ်ထားကြောင်းများ ဖုန်ကျုန်းက ပြောပြသည်။

ဟယ်ကု ကြားထားသည်မှာ ထိုနေရာသို့လာသူများသည် အဆင့်အတန်းမြင့် အ

သိုင်းအဝိုင်းမှသူများဖြစ်သဖြင့် ငြင်းရမှာ တကယ်အားနာနေမိသည်။ သို့နှင့် လာပါ့မည်ဟု ကတိပေးလိုက်မိသည်။

ညနေစောင်းထိ အချိန်ပိုဆင်းပြီးမှ ဘားလမ်းသို့ တန်းမောင်း လာခဲ့လိုက်သည်။

ဘားတည်နေရာက တကယ်အကွက်အကွင်းကျသည်။ သူနှင့် ကုချင်းဖေ လွန်ခဲ့ သောအခေါက်က အတူလာဖူးသည့် ဂေးဘား နှင့် မျက်နှာချင်းဆိုင်ပင်ဖြစ်သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now