Part 28

375 35 1
                                    

ကုချင်းဖေ အချိန်မီပြန်ရောက်လာ၍သာ သူတို့ကြားက တင်းမာနေသည့်အခြေအနေက ပြေ လျော့သွားရသည်။

နှစ်ဦးသား အတူကပ်ထိုင်နေသည်ကို တွေ့ကာ ကုချင်းဖေက ပြုံးပြီးဆိုသည်။

"ကျယ်ယွီ၊ ငါတွေ့တာတော့ မင်းကဟယ်ကုကို အရမ်းစိတ်ဝင်စားနေသလိုပဲနော်"

ကျွမ်းကျယ်ယွီက တွန့်ဆုတ်မနေဘဲ ပြန်ဖြေသည်။ "ဟုတ်တယ်လေ၊ သူက အရမ်း စိတ်ဝင်စားစရာကောင်းတယ်လို့ အစ်ကိုကြီးရော မထင်ဘူးလား"

ကုချင်းဖေက နားမလည်နိုင်စွာ ပြုံးသည်။

"သူကနည်းနည်းတော့ စိတ်ဝင်စားစရာကောင်းပါတယ်"

ဟယ်ကု ခေါင်းကို ငုံ့ချရင်း ချောင်းတွေဆိုးကုန်တော့သည်။

ကုချင်းဖေက ရယ်မောပြီး ပြန်ပြောရသည်။

"ဟုတ်ပါပြီ၊ ငါတို့မင်းကို မစတော့ပါဘူး"

ကျွမ်းကျယ်ယွီက ဝိုင်ပုလင်းယူလာပေးသဖြင့် သုံးယောက်သား ခွက်ချင်းတိုက်ပြီး ဆုတောင်းလိုက်ကြသည်။

ကျွမ်းကျယ်ယွီက အတော်လေး ခွတီးခွကျနိုင်သည်။ ဟယ်ကု ကို နာမည်ပြောင် 'ဦးလေးဟယ်' ဟုခေါ်မည်လုပ်သဖြင့် ကုချင်းဖေကပါ ထရယ်တော့သည်။ ဟယ်ကုခမျာ ကယ်မည့်သူဝေးလေပြီ။

နောက်ဆုံးတော့ နှစ်ယောက်သား WeChat တွင် သူငယ်ချင်းအဖြစ်လက်ခံလိုက်

ကြသည်။ ကျွမ်းကျယ်ယွီက ဟယ်ကု သူ့နာမည်ကို ပြန်မဖျက်ပစ်ရန် ပခုံးကို အတင်းသိုင်း ဖက်ကာဖြင့် ဇွတ်တရွတ် ကတိတောင်းတော့သည်။ ကတိမပေးပါက လက်ကို ပြန်လွှတ် တော့မည်မဟုတ်၍ ဟယ်ကုနောက်ဆုံးတော့ ကတိပေးလိုက်ရလေသည်။

သူ ကျွမ်းကျယ်ယွီအနားနေရလျှင် ခေါင်းကိုက်သည်ဟု ခံစားရသော်လည်း ကျွမ်း ကျယ်ယွီက တစ်ဖက်သား စိတ်သက်သောင့်သက်သာဖြစ်အောင် ပေါ့ပေါ့ပါးပါးပျော် တတ်သူ မျိုးဖြစ်သဖြင့် သူ့စိတ်အခြေအနေက တော်တော်လေး ပြန်ကောင်းသွားရသည်။

ထိုညက သူအိမ်ပြန်ရောက်ချိန်တွင် တံခါးကြားထဲ ထိုးထားသော စာအိတ်တစ် အိတ်ကိုတွေ့သည်။ ဖွင့်ကြည့်လိုက်ရာ စုန့်ကျွီးဟန်၏ဖျော်ဖြေပွဲလက်မှတ် ဖြစ်နေလေသည်။ ပွဲတက်မတက် အကြောင်းပြန်ပေးရမည့် SVIP လက်မှတ်နှင့် သီးသန့်ကားရပ်နားခွင့် လက် မှတ်လည်းပါသည်။ ရှောင်စုန့်ရေးပေးသွားသော မှတ်ချက်ပင်ပါသေးသည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now