ဟယ်ကု ကျောများ ပူလာသည်အထိ တစ်ရက်နှင့်တစ်ည ထိုးအိပ်ပစ်လိုက်သည်။ ထို့နောက် ရုတ်တရက် ဗိုက်တွေဆာလာလေသည်။ ရှောင်စုန့်ကို ဖုန်းဆက်ကြည့်လိုက်သည်။ သို့သော် လည်း ဖုန်းကမကိုင်။ သူ့ကိုယ်သူထိန်းရင်း အိပ်ရာထဲမှ ထလိုက်သည်။ သို့သော် မထင်မှတ် စွာဖြင့် သူ့ခြေထောက်များက ပျော့ခွေကာ လဲကျမတတ်ဖြစ်သွားရသည်။
တံခါးရှိရာသို့ ရောက်သောအခါမှ ရှောင်စုန့်က ပြေးဝင်လာပြီး စိုးရိမ်တကြီး မေး တော့သည်။ "အစ်ကို ကျွန်တော်အခုလေးတင် အိပ်ပျော်သွားလို့ပါ၊ ဘာလိုချင်လို့လဲဟင်၊ ဗိုက်ဆာလို့လား"
ဟယ်ကု သက်ပြင်းချ၍ တိုးတိုးပြောလိုက်သည်။
"ဗိုက်ဆာတယ်၊ ပြီးတော့ ငါ သန့်စင်ခန်းလဲ သွားချင်တယ်"
"ကျွန်တော်ကူညီမယ်လေ" ရှောင်စုန့်က သန့်စင်ခန်းရောက်သည်အထိ တွဲပေး သည်။ "ကျွန်တော်မီးဖိုထဲသွားပြီး စားစရာ ပူပူလေးတစ်ခုခု လုပ်လာပေးမယ်"
ဟယ်ကု နောက်ဖေးနောက်ဖီကိစ္စပြီးလျှင် မှန်ထဲတွင် မြင်နေရသော ဖြူဖျော့နေ သည့် ယောက်ျားတစ်ယောက်၏ ပုံရိပ်ကိုကြည့်ရင်း သူ့ရင်ထဲ ရုတ်တရက် ဒေါသတွေ ထွက် လာတော့သည်။သူက အမြဲ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်သူမျိုးဖြစ်သည်။ အချိန်၊ အကျိုး အမြတ်၊ ခံစားချက်၊ ဆုံးရှုံးခြင်း စသည်တို့နှင့်ပတ်သက်လာလျှင် အကြိမ်တော်တော်များများ မှာ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့သည်။ စုန့်ကျွီးဟန်နှင့် တွေ့ချိန်တွင်တော့ သူ့မှာရှိသည့် ထိန်း ချုပ်နိုင်စွမ်း၏ ဆယ်ဆလောက်ကို ထုတ်သုံးရသည်။ အခုတော့ သူ့အပြစ်ကို ဒီထက်လျော့ ပေ့ါအောင် သူမလုပ်နိုင်တော့ပါ။
စုန့်ကျွီးဟန်က သူပြန်ဆပ်ရမည့် အကြွေးတစ်ခုလိုဖြစ်နေပြီး သူဘယ်လောက်ပင် ပြောင်သလင်းခါသွားအောင် ပေးဆပ်ပါစေ ဆပ်၍ကိုမကုန်နိုင်တော့ပေ။
ဟယ်ကုမျက်နှာသစ်လိုက်ပြီး အိပ်ရာဆီသို့ ဖြည်းဆေးစွာပြန်လျှောက်လာခဲ့သည်။ အိပ်ရာပေါ်ပြန်တက်ပြီး ရှောင်စုန့်ယူလာပေးမည့် ညစာကို မျှော်နေစဉ်မှာပင် အပြင်မှ တံခါး ဆွဲဖွင့်သံနှင့် ရှောင်စုန့်၏ "အစ်ကိုဟန်" ဟုခေါ်သံကို ကြားလိုက်ရသည်။
YOU ARE READING
ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )
RomanceTranslator - Mee Han Product Details - Book 1 + Book 2 ( 78 Episodes + 3 Extra ) Myanmar edition copyright © 2022 NEW CHAPTER COMPANY LIMITED All rights reserved.