Part 21

420 35 0
                                    

ယနေ့ ဟယ်ကုတစ်ယောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကြီးကြပ်နေရသည်။ ထိုစဉ် ရှောင်စုန့်ထံမှ ဖုန်းဝင်လာသည်။ ဆောက်လုပ်ရေးအတွက် ဘိလပ်မြေများ လောင်းထည့် နေချိန်ဖြစ်ရာ ဆူညံသံများကြောင့် တစ်ဖက်ကပြောသည်ကို ဟယ်ကု မကြားရပေ။ ဖုန်းကို ယူ၍ နားနှင့်သေချာကပ်ကာ အကြာကြီးနားထောင် ပါသော်လည်း ရှောင်စုန့်ပြောသည်ကို မကြားရဘဲဖြစ်နေလေသည်။

ရှောင်စုန့်က ဖုန်းချလိုက်ပြီး စာတိုသာပို့လာတော့သည်။

>>အစ်ကိုဟယ်ကု... အစ်ကိုဟန်ရဲ့အမေ အိမ်ပြန်ရောက်နေတယ်၊ အစ်ကို့ကို သူနဲ့ ထမင်းအတူလာစားဖို့ ပြောခိုင်းထားလို့ပါ<<

ဟယ်ကု စာကိုကြည့်၍ အချိန်အတော်ကြာအောင် ငေးငိုင်သွားမိသည်။ ပြီးမှ စာ တစ်စောင်ပြန်လိုက်သည်။ >>ကျွီးဟန်ရော သိလား<<

သိပ်မကြာမီပင် ပြန်စာဝင်လာသည်။ >>သူသိပါတယ်<<

ခဏလောက် တုံ့ဆိုင်းနေပြီးမှ ဟယ်ကု စာပြန်လိုက်သည်။ >>လိပ်စာ<<

ရှောင်စုန့်က အချိန်နှင့် နေရာကို ပို့ပေးလာသည်။ ဟယ်ကုက ညစာ စားရမည့်နေ့ က ယနေ့ဖြစ်မည်ဟု မထင်လိုက်မိပေ။ နေရာကလည်း အတော်ဝေးလှသည်။ အိမ်ပြန်ပြီး အ ဝတ်လဲနေလျှင် သေချာပေါက် နောက်ကျသွားတော့မည်ဖြစ်သည်။ အမျိုးသမီးလုပ်ဖော်ကိုင် ဖက်တစ်ဦးကိုရှာ၍ Wet tissue လေးတောင်းကာ ဘောင်းဘီနှင့် ဖိနပ်များပေါ်ရှိ ဖုန်များကို သုတ်သင်လိုက်ရသည်။ ထို့နောက် သုတ်ခြေတင်၍ လိပ်စာအတိုင်း မောင်းလာလိုက်တော့

သည်။

စုန့်ကျွီးဟန်၏ မိဘများက ကွဲနေသည်မှာ နှစ်များစွာကြာလှပြီဖြစ်သည်။ ဒီအ ကြောင်းက အနုပညာအသိုင်းအဝိုင်းထဲတွင်လည်း လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ မောင်နှံနှစ်ဦး၏ ဆက်ဆံရေးသည် သိပ်မဆိုးလှဟု အပေါ်ယံတွင် ဟန် ဆောင်ထားကြသည်။ လူမှုရေးရာ ပွဲလမ်းသဘင်များတွင်လည်း အမြဲနှစ်ဦးတွဲ၍ ပွဲတက်လေ့ ရှိသည်။ စုန့်ကျွီးဟန်၏အမေက အချုပ်အနှောင်မရှိသော အိမ်ထောင်ရေးမျိုးကို လက်ခံနိုင် လောက်အောင် စိတ်သဘောထား ပွင့်လင်း၍ ဖြစ်နိုင်သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now