Part 7

511 49 0
                                    


ထိုဆယ်ကျော်သက်လေးကလည်း သူ့ကိုပြန်ကြည့်နေခဲ့သည်။ အကြည့်များက သူ့လက် ထဲရှိ အထုပ်ငယ်ထံတွင်ရပ်သွားပြီး လက်တစ်ဖက်ဖြင့် ပလတ်စတစ်ထုပ်ကို လှမ်းယူ သည်။

"ကျေးဇူးပါ၊ ဒါဘယ်လောက်ကျလဲ"

ဟယ်ကုအတွေးလွန်နေရာမှ လက်တွေ့သို့ပြန်ရောက်လာရသည်။ဒီကောင်လေး က လတ်တလော ရေပန်းစားနေသော မင်းသားတစ်ယောက်ဖြစ်ကြောင်းလည်း ခပ်ရေး ရေး အမှတ်ရမိသည်။ လူလေးက အသက်နှစ်ဆယ်ပင် ပြည့်သေးပုံမပေါ်။ ညှစ်လိုက်လျှင် အရည်ပျော်ကျလုမတတ် နူးညံ့အိစက်လွန်းသော အသားအရေရှိသည်။ ခန္ဓာကိုယ်က လည်း ကောင်ငယ်လေး တစ်ယောက် အရွယ်အစားသာ။ ဂျင်းဘောင်းဘီအကြပ်တစ်ထည် ဝတ်ထားသဖြင့် ခြေတံရှည်သွယ်သွယ်များ ပေါ်လွင်နေသည်။ ဒီအတိုင်းလေး မတ်မတ်ရပ် နေရုံနှင့်ပင် မီးမောင်းထိုးထားသလိုမျိုး သူ့ကိုယ်က အရှိန်အဝါတစ်ခု ဖြာထွက်နေသည်။

ဟယ်ကုကလည်း တည်ငြိမ်လှသည်။

"လေးဆယ့်ခြောက်ယွမ်ပါ"

ကောင်လေးက ပိုက်ဆံယူရန် ပြန်လှည့်သွားသည်။

"ခဏစောင့်နော်"

ခဏကြာပြီးမှ ပိုက်ဆံအိတ်ထဲမှ ငါးဆယ်တန်ကို ထုတ်၍ လှမ်းပေးလာသည်။

"ပြန်မအမ်းနဲ့တော့"

ဟယ်ကု ဘာမှ ပြောမနေတော့ဘဲ ပိုက်ဆံယူကာ လှည့်ထွက်ခဲ့လိုက်သည်။ ထို စဉ် စုန့်ကျွီးဟန်၏ အသံက အခန်းထဲမှ ထွက်လာသည်။

"ဘယ်သူလဲ"

"မုန့်လာပို့တာ" ဆယ်ကျော်သက်လေးက အဖြေပြန်ပေးသည်။

"မုန့်ပို့တာ၊ မင်းမှာထားလို့လား"

"အစ်ကိုမှာထားတာ မဟုတ်ဘူးလား၊ ဂဏန်း... ဘာဆိုလား"

ဟယ်ကု ဓာတ်လှေကားရှိရာသို့ အမြန်ဆုံးလျှောက်လာခဲ့သည်။ သို့သော်လည်း တစ်လှမ်းနောက်ကျသွားပြီး စုန့်ကျွီးဟန်၏ အသံက အနောက်မှ ထွက်လာတော့သည်။

"ဟယ်ကု"

ဟယ်ကု ရပ်ပြီး လှည့်ကြည့်လိုက်သည်။

စုန့်ကျွီးဟန်က မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ငေါ့တော့တော့ဆိုသည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now